စစ်ကောင်စီခေါင်ဆောင် ကမ်းလှမ်းချက် တိုင်းရင်းသားလက်နက်ကိုင်တွေ သွားတက်ကြမှာလား

ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံသွားမယ် လို့ ပြီးခဲ့တဲ့ ဧပြီ (၂၂)ရက် က ပြောဆိုလိုက်ပါတယ်။

အဲ့ဒီဖိတ်ခေါ် ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် တစ်ချို့၏ အမြင်သဘောထားကို သျှမ်းသံတောင်ဆင့် သတင်းဌာနမှ မေးမြန်းထားပါတယ်။

ဗိုလ်မှူး စိုင်းခမ်းစံ


ဗိုလ်မှူး စိုင်းခမ်းစံ

RCSS/SSA ပြောရေးဆိုခွင့်ရှိသူ


ဒါထုတ်ပြန်တာကို ကျနော်တို့ နားလည်တာက RCSS ကို ညွှန်းဆိုပြီးတော့မှ ထုတ်ပြန်တာလည်း မဟုတ်ဘူး။ ပေးပို့ထားတာလည်း မဟုတ်ဘူး။ ညွှန်းဆိုပြီးတော့ ပေးပို့လာတာလည်း မဟုတ်ဘူး။ သူတို့က တစ်နိုင်ငံလုံးကို ရှိတဲ့ EAO တွေအတွက် ခြုံပြီးတော့မှ ထုတ်ပြန်တယ်လို့ ကျနော်တို့ ယူဆတယ်။ တစ်ခြားမှတ်ချက်တွေ ပေးဖို့ မရှိဘူး။ တက်မလား မတက်ဘူလား။ တစ်ခြားဟာတွေ ကျနော်တို့ ပြောခွင့်မရှိသေးဘူး။ အားလုံးကို ခြုံပြီးတော့ သူတို့က ထုတ်ပြန်တယ်ဆိုတော့။


ဆွေးနွေးတာက တကယ်ဆွေးနွေးတာ ဆိုလို့ရှိရင်တော့ ကောင်းတာပေါ့။ အများဖြင့်ကျတော့ နိုင်ငံရေးဆွေးနွေးမယ်ဆို (၂) ပိုင်းရှိတယ်လေ။ အဓိကကျတော့ အပစ်ရပ်ဖို့အတွက်ဆွေးနွေး တာတစ်မျိုးလေ။ နိုင်ငံရေးအရေဆွေးနွေးမယ်ဆိုတော့ တစ်ခြားကိစ္စတွေထည့်သွင်းစဉ်းစားဖို့ အများကြီးလိုသေးတာ။


တစ်ခြားကိစ္စမျိုးတော့ မရှိသေးဘူး။ ထုတ်ပြန်တယ်ဆိုတာက RCSS ကို ပေးပြီးတော့ ညွှန်းဆိုပြီးတော့ ပြောတာလည်း မဟုတ်ဘူး။ အားလုံးကိုပြောတယ်ဆိုတော့ အားလုံးကိုပြောတယ်လို့ပဲ ကျနော်ယူဆတယ်။ နောက်ပြီး သွားတက်မတက်ဆိုတာတော့ ကျနော်တို့ မှတ်ချက်ပေးစရာမရှိသေးပါဘူး။


ဗိုလ်မှူး စိုင်းဖုန်းဟန်

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ


ဒီနိုင်ငံရေးစုဖွဲ့မှုထဲမှာ (FPNCC) ကျနော်တို့ စုဖွဲ့ထားတာဖြစ်တာ။ နိုင်ငံရေး ပတ်သက်တယ်ဆိုလို့ရှိရင် FPNCC ရဲ့ ဆုံးဖြတ်ချက်မချဘဲနဲ့ ကျနော်တို့ သွားလို့က အဆင်မပြေဘူးဗျ။ အဲ့တော့ FPNCC ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ စောင့်ရမှာဖြစ်တယ်။ လော‌လောဆယ်တော့ ကျနော်တို့ အဖွဲ့စည်းနေနဲ့ကတော့ တစ်စုံတစ်ရာဆွေးနွေး ထားတာမရှိသေးဘူး။ အဲကြောင့် ကျနော်တို့က FPNCC ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတာပါဗျ။


ကျနော်တို့က နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းတာက အပြုသဘောဆောင်တာပဲလေ။ ဘာပဲပြောပြော ကျနော်တို့ SSPP/SSA ကလည်း နိုင်ငံရေး ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖွဲ့စည်းဖြစ်တယ်။ နိုင်ငံရေးပိတ်ဆို့မှု ဆွေးနွေးမှုရှိတယ်ဆိုလို့ရှိရင် လမ်းမပိတ်ခဲ့ဘူးဆိုလို့ရှိရင် SSPP/SSA တွေ ပေါ်လာစရာအကြောင်းမရှိဘူး။ ဘာပဲပြောပြော ဆွေးနွေးတယ်ဆိုတာ ကောင်းတာပဲလေ။ ကောင်းတဲ့ လက္ခဏာပဲ ။ ဒါမဲ့ဘယ်သူတွေ ဆွေးနွေးကြမလဲ ဘာအကြောင်းအရာဆွေးနွေးမလဲ။ ဘယ်လောက် Result ကို ကျနော်တို့ရအောင် Result ထွက်အောင် ကြိုးပမ်းအားထုတ်မှု၊ စိတ်စေတနာ ဘယ်လောက်ပါလဲဆိုတာ ထည့်သွင်းစဉ်းစားဖို့လည်း လိုတယ်။ အဲ့ဒါက တကယ်ကို အရေးကြီးပါတယ်။

ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုက ၁၉၆၃ ကတည်းက ကျနော်တို့ SSIA လည်း ဆွေးနွေးခဲ့ဖူးတယ်။ တစ်ခြားအဖွဲ့အစည်းနဲ့လည်း ဆွေးနွေးခဲ့ဖူးတယ်။ ပြီးတော့ နောက်ပိုင်း နဝတ နအဖ လက်ထက်လည်း ဆွေးနွေးခဲ့ဖူးတာပဲ။ ဦးသိန်းစိန်လက်ထက်လည်း ဆွေးနွေးခဲ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်လည်း ဆွေးနွေးခဲ့ဖူးတယ်။ ကျနော်တို့ရောက်ချင်တဲ့ တာ ကို မရောက်ခဲ့ရဖူးဘူး။ ကျနော်တို့ ပဋိပက္ခတွေက ဆက်ဖြစ်နေတာ ဖြစ်တယ်ဗျ။ အဲကြောင့် ကျနော်တို့ အဓိက စဉ်းစားရမှာက စိတ်စေတနာပါပါနဲ့ ဘယ်သူတွေပါမလဲ၊ ပြီးတော့ ဘာအကြောင်း ဆွေးနွေးကြမလဲ။ Result ထွက်အောင် ကျနော်တို့ ဘယ်လောက် အားထုတ်ကြိုးစားနိုင်ကြမလဲဆိုတာ အများကြီး မူတည်တယ်ဗျ။ ကျနော်တို့ အတွေ့အကြုံအရ ပြောနေရခြင်းဖြစ်တယ်။ ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ ပြည်ထောင်စုမှာ ဖြစ်ခဲ့တဲ့ သင်ခန်းစာတွေ ယူရမှာဖြစ်ပါတယ်။

ဒါကို ကျနော့်ကို မေးမယ့်အစား စစ်တပ်ကို မေးမယ်ဆိုရင် ပိုပြီးသင့်တော်မယ်ဗျ။ ဘယ်လောက်ထိသူတို့ မျော်မှန်းထားလဲ ဘယ်လောက်ထိ သူတို့ ကြိုးစားအားထုတ်မှုရှိနိုင်မလဲ။ Result ကိုရအောင် ဘယ်လောက်ထိ ကြိုးစားအားထုတ်မှုပါမလဲ။ ကျနော်လည်း သကြားမင်းမဟုတ်တော့ ကြိုပြီးပြောလည်း မကောင်းဘူး။ ဒါကို သက်ဆိုင်ရာသူကိုပဲမေးတာ ကောင်းပါတယ်။

ဗိုလ်မှူးကြီး နော်ဘူး

ဗိုလ်မှူးကြီး နော်ဘူ

(KIO၊KIA) ပြောရေးဆိုခွင့်ရှိသူ


KIO ကနေတော့ သဘောထား မကျသေးပါဘူး။ တစ်ခုခု ညွှန်ကြားတာ မရှိသေးပါဘူး။ ကော်မတီ အစည်းဝေးမှာလည်း အဲ့တာက မအားနေလို့လား မသိဘူး။ အခုထက်ထိတော့ ဘာမှ ပြောတာမရှိသေးပါဘူး။ မေလ ၉ ထိ ဆိုတော့အများကြီးကျန်ပါသေးတယ်။ တစ်ခြားသူတို့ လူကြီးတွေ အချင်းချင်းလည်း ပြန်ညှိနေကြမယ်ထင်တယ်။ အခုထက်ထိတော့ ကျနော်တို့ကို ဘာမှ အကြောင်းကြားတာ မရှိသေးပါဘူး။ သဘောထားတွေလည်း မကျသေးဘူး။
အဲ့ဒါတွေလည်း သဘောထားတွေ ဘာမှ မကျသေးပါဘူး။ ကျနော်တို့လည်း တစ်ဦးတစ်ယောက်အမြင်တော့ ပြောလို့တော့မရဘူး။ ကျနော်တို့ ဗဟိုကော်မတီရဲ့ သဘောထားတွေ၊ အမြင်တွေ ညွှန်ကြားတာမရှိတဲ့အခါကျတော့ ကျနော်တို့ တစ်ဦးတစ်ယောက်ကနေလည်း ဖြေကြားဖို့ အဆင်မပြေသေးဘူး။

UWSA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်း


ဒါကတော့ ဗဟိုဌာနချုပ်က ပြောသံတော့ ဘာမှ မကြားသေးဘူး။ တက်ဖြစ်မတက်ဖြစ်ဆိုတာ ဗဟိုဌာနချုပ်ပေါ် မူတည်တယ်။ ဒီဖိတ်ကြားမှု ပေါ်မူတည်တာ။
အဲ့လိုတော့ ကျနော်တို့လည်း မသုံးသပ်။ မှတ်ချက်မပေးလိုသေးဘူးပေါ့နော်။ ကျနော်အနေနဲ့။ ဒါတော့ ဗဟိုဌာနချုပ်ပေါ်ပဲ မူတည်တယ်။

ဗိုလ်မှူး ခွန်ဥက္ကာ (PPST) အဖွဲ့ဝင်

ကျနော်တို့က (၇) ဖွဲ့ ဖွဲ့ထားတယ်။ အဲ့ထဲမှာ တိုင်ပင်ဖို့လိုတယ်။ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းကတော့ သဘောထား မပေးသေးပါဘူး။ (၆) ရက်နေ့မှာ ဒီ (၇) ဖွဲ့ရဲ့ အထူးအစည်းအဝေး တစ်ရပ်ခေါ်ပြီးတော့ ဒီ (၇) ဖွဲ့ တစ်သံတည်းထွက်ဖို့ အလုပ်တူတူလုပ်ဖို့နဲ့ ဆွေးနွေးတဲ့ နေရာလည်း ထိထိရောက်ရောက် ဖြစ်ဖို့ (၆) ရက်နေ့မှာ စည်းဝေးလုပ်ဖို့ရှိပါတယ်။ အဲ့ (၆) ရက်နေ့ ပြီးမှပဲ PPST ဘယ်လိုဆောင်ရွက်မလဲဆိုတာ အဖြေထွက်မှာဖြစ်ပါတယ်။ အခုတော့ တစ်ဖွဲ့ချင်းတော့ ဘာမှမေးလို့ မရသေးပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးတာကတော့ စစ်တိုက်မယ် စစ်ပွဲတွေလုပ်မယ်ထက်ကို ပိုကောင်းတာ။ ဆွေးနွေးမယ်ဆိုတာ ပိုကောင်းတာ။ ဆွေးနွေးတာကိုတော့ အဓိပ္ပါယ်ရှိဖို့နဲ့ ရလဒ်ကောင်းကောင်းထွက်ဖို့တော့ လိုတယ်။ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးပွဲဖြစ်ဖို့လိုတယ်။ ရလဒ်ကောင်းဖြစ်ဖို့ ဆွေးနွေးပွဲဖြစ်ဖို့လိုတယ်။ ဆွေးနွေးပွဲမှာလည်း တန်းတူရည်တူ ဆွေးနွေးနိုင်မယ့်အခင်းအကျင်းမျိုးဖြစ်ဖို့ လိုပါတယ်။ အဲ့ဒါတွေက အခြေခံတွေပါ။
PPST (၇) ဖွဲ့ နဲ့အပေါင်းအဖွဲ့ RCSS၊ KNU။ အဲ့ဒီ ၇ + ၂ ကလည်း တိုင်ပင်ရမှာပဲ။ အဲ့ဒါကြောင့် (၉) ဖွဲ့မှာတော့ တိုင်ပင်ရမယ့်သဘောရှိတယ်။

ဘယ်လိုအသုံးချမလဲ လက်ရှိတိုင်းပြည်ရဲ့ ပဋိပက္ခတွေ အကြမ်းဖက်နေတာတွေကို လျော့သွားအောင် ရပ်သွားအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ဆွေးနွေးပွဲကနေ ရလဒ်ထွက်အောင် နည်းနာရှာရမယ်။ တိုင်းပြည်က အခြေနေဆိုးနေပြီ ဒါကြောင့် ဆွေးနွေးပြီးတော့ အခြေနေဆိုးကို ရပ်တန့်သွားအောင် ကြိုးစားဖို့လိုတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...