Wednesday, January 28, 2026

သျှမ်းလက်နက်ကိုင်များ ဒေသခံများထံ အိမ်ထောင်စုစာရင်းကောက်ခံနေ

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဒေသခံပြည်သူများထံ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ခံမှုများ ပြုလုပ်နေ ကြောင်း သတင်းသိရသည် ။

သျှမ်းပြည်တောင်ပိုင်းရှိ ပင်လုံမြို့၊ လဲချားမြို့ နှင့် တခြားသော မြို့နယ်များရှိ ကျေးရွာများတွင် သျှမ်းလက်နက် ကိုင် တပ်ဖွဲ့များမှ ဒေသခံပြည်သူတို့၏ အိမ်ထောင်စု စာရင်းကောက်ယူမှုများ ရှိနေပြီး လက်ရှိတွင် ပြည်သူများ က ကြောက်လန့်ကာ ထွက်ပြေးနေကြကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။

“ကျမတို့ရွာမှာဆိုရင် ဒီသုံးလေးရက်အတွင်းထိုင်းကို ထွက်ပြေးသွားတဲ့သူ ၃၀ နီးနီးလောက်ရှိတယ်၊ သူတို့က စာရင်းလာကောက်တယ်ဆိုတော့ စစ်သားလုပ်ရမှာကြောက်လို့ ပြေးကြတာပါ၊ တချို့လည်း မြို့ပေါ်မှာ ရှောင်ကြ တယ်”ဟု ပင်လုံမြို့ရှိ တောင်ပေါ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လုံမြို့ရှိကျေးရွာများတွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA)မှ ကျေးရွာဒေသခံ များထံ အိမ်ထောင်စုနှင့် လူဦးရေစာရင်းကောက်ခံတောင်းယူမှုကြောင့် ဒေသခံရွာသားများ ရွာလုံးကျွတ်ထွက် ပြေးသည့် ကျေးရွာများ ရှိသည့်အပြင် တချို့လည်း အိုးအိမ်လယ်ယာများစွန့်ခွာက ရှောင်တိမ်းနေကြကြောင်း သိရှိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ချက်များနှင့် ပက်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ထံသို့ ဆက်သွယ်မေးမြန်းရာ Data collation အတွက် တောင်းခံခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“Data collation အတွက်ကောက်ခံထားရုံပါပဲ၊ ကျနော်တို့တပ်ဖွဲ့မှ မဟုတ်ဘူး၊ ဘယ်တပ်ဖွဲ့မဆို အိမ်ထောင်စု စာရင်းကောက်တယ်၊ လူဦးရေစာရင်းတောင်းတယ်ဆိုတာက ရှိမှာပဲ၊ ပြည်သူတွေက စိုးရိမ်လွန်းတာလဲ ဖြစ်နိုင် သလို ကြားကနေ ကျနော်တို့ မဟုတ်မမှန် တွေကို လိုက်ဖွနေတဲ့ သူတွေရှိနေလို့လဲ ပြည်သူတွေက ကြောက် တာလည်း ဖြစ်နိုင်ပါတယ်၊ ကျနော်တို့က ပြည်သူတွေ ထိခိုက်နှစ်နာအောင် ဘာမှ မလုပ်ပါဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပက်သက်ပြီး ပင်လုံမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးတစ်ယောက်ကို ဆက်သွယ်မေးမြန်း ရာ ယခင်ကာများတွင်လည်း စာရင်းကောက်ယူတောင်းခံမှုများရှိသော်လည်း ထွက်ပြေးခြင်းမရှိကြောင်း နှင့်ယခုတွင် ထွက်ပြေးသူများပြားနေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က ကျနော်တို့ဘက်မှာ RCSS/SSA က လှုပ်ရှားခဲ့တုန်းကလည်း အခုလိုပဲ အိမ်ထောင်စု စာရင်းတွေ လူဦးရေစာရင်းတွေကောက်ပါတယ်၊ အခုလည်း SSPP/SSA တွေလာကောက်တယ်ဆိုတာက အုပ်ချုပ်ရေးစနစ် အသစ်ချဖို့အတွက်ဆိုပြီးတော့ ကျနော်တို့ ရွာလူကြီးထံပြောပါတယ်၊ စစ်သားကောက်မယ်ဆိုတာ မပါပါဘူး” ဟု အထက်ပါ လူကြီးက ပြောသည်။

သို့သော်လည်း ဒေသခံရွာသားတို့၏ စိုးရိမ်ထိတ်လန့်မှုများကြောင့် ကြိုတင် ထွက်ပြေးတိမ်းရှောင်မှုများသည် လယ်ယာနှင့် လုပ်ငန်းခွင်များကိုလည်း စွန့်ပစ်ခဲ့ကြသဖြင့် စီးပွားရေးဆိုင်ရာများလည်း ထိခိုက်ရကြောင်း အထက်ပါ လူကြီးက ဆက်လက်ပြောပြသည်။

“တချို့က ရွာမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်းတွေကို စွန့်ပစ်ပြီးတော့ ထွက်ပြေးတာ၊ ပြီးတော့စိုက်ပျိုးရာသီလည်း ဖြစ်နေတော့ သူတို့ လယ်တွေယာတွေလည်း မလုပ်နိုင်ကြတော့ဘူး၊ သူတို့ဘက်ကစစ်သားကောက်မယ်လို့လည်း မပြောဘူး၊ ကောက်လည်းမကောက်သေးဘူး၊ အဲ့ဒါကို အစိုးရိမ်လွန်ပြီး ပြေးတာကျတော့ လုပ်ငန်းဆောင်တာ တွေ ပျက်တယ်ပေါ့၊ ဖြစ်နိုင်ရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်လယ်ကိုယ့်ယာတွေ လုပ်ကိုင်ရင်း သတိနဲ့ နေထိုင်လည်းရတယ်လေ၊ ကောက်တဲ့အခါမှ ပြေးကြတာပေါ့” ဟု ၎င်းက ပြောသည်။

SSPP/SSA တို့သည် လွိုင်လင်ခရိုင်အတွင်းရှိ ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်များကို တိုက်ထုတ်ပြီးလက်ရှိတွင် အဆိုပါ ဒေသများအတွင်း၌ သွားလာလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...