ဟိုပုံးမြို့နယ် သျှမ်းပြည်ဝန်ကြီးချုပ် မရောက်မီအချိန်တွင် ပြည်သူများ မြက်နုတ်၊ အမှိုက်သွားကောက်ပြရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ယမန့်နေ့ ဧပြီ ၂၇ ရက် သျှမ်းပြည်ဝန်ကြီးချုပ် နှင့် လူမှုဝန်ကြီး လာချိန်တွင် ပြည်သူများက မြက်နုတ်၊ အမှိုက်လာကောက်ပြရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့က စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်တို့သည် ဟိုပုံးမြို့ကို မနက် (၉) နာရီအချိန်တွင်လာကြပြီး သီရိမင်္ဂလာလမ်းတွင် နေထိုင်သည့် ပြည်သူများက ထိုနေရာအနီးတစ်ဝိုက်တွင် မဖြစ်မနေ သွားရောက်အမှိုက်ကောက်၊ မြက်နုတ်၊ သန့်ရှင်းရေး သွားလုပ်ပြရကြောင်း သိရသည်။

ထိုထဲတွင် ဌာနဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူး ဝန်ထမ်းများလည်း လိုက်ရကြောင်းသိရသည်။

ဟိုပုံးဒေသခံ ပြည်သူများ သန့်ရှင်းရေး လုပ်နေသည့် မြင်ကွင်း

“ ဌာနဆိုင်ရာတွေ ထွေအုပ်ရုံးက လူတွေလာကြရတယ်။ ပြည်သူတွေလည်း လာရတယ်။ အဲသီရိမင်္ဂလာလမ်းမှာ နေတဲ့သူတွေ အကုန်လာရတာ။ မဖြစ်မနေသွားရတယ်။ အမှိုက်ကောက်၊ မြက်နုတ် ၊ သန့်ရှင်းရေးတွေ သွားလုပ်ရတာ။ ဘုရားကြီးရှေ့ကနေ ဈေးထိ အဲနားတစ်ဝိုက် အကုန်သွားကြရတာ” ဟု ဟိုပုံးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုအပြင် စစ်ကောင်စီခန့် ဝန်ကြီးချုပ် လာချိန်တွင် လုံခြုံရေး အင်အားအပြည့်ဖြင့် တင်းကြပ်ထားကြောင်းသိရသည်။

“ စစ်ကား (၅) စီးရှိတယ်။ လုံခြုံရေးကတော့ အတင်းကြပ်ထားထားတာ။ လက်နက်အပြည့်စုံနဲ့ပဲ စောင့်ကြည့်နေတာ။ မိုင်းရှင်းတဲ့ ကားတွေပါ ယူလာကြတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဟိုပုံးမြို့ ဌာနဆိုင်ရာ နှင့် ပြည်သူများ မြက်နုတ်သည့် မြင်ကွင်း

အမှိုက်ကောက်ခြင်း၊ မြက်ရိတ်ခိုင်းခြင်းသည် စစ်အုပ်ချုပ်မှု လက်အောက်တွင် လုပ်နေကြ နည်းလမ်းတရပ်ဖြစ်ကြောင်း၊ ယခုလည်း ဟန်ပြအဖြစ်သာ ပြည်သူများကိုခေါ်ပြီး ဒုက္ခပေး နေကြောင်းလည်း ဟိုပုံးမြို့နေ အမည်မဖော်လိုသည့် လူငယ်တစ်ဦးက ပြောသည်။

“ အခုက အရင်ခေတ်ကို ပြန်ရောက်သွားတဲ့သဘောပဲ။ လူကြီးတွေ လာရင် ပြည်သူတွေက နေပူပူ မိုးရွာရွာ သန့်ရှင်းလုပ်ရမယ်။ မလုပ်ရင် ဒဏ်ရိုက်မယ်။ အဲ့လိုခေတ်ကို ပြန်မရောက်ချင်လို့ ကျနော်တို့တွေ စစ်အာဏာရှင်ကို အမြစ်ဖြတ်ရမယ်။ တော်လှန်ရမယ်” ဟု ၎င်းလူငယ်က ဆိုသည်။

ဟိုပုံးမြို့နယ်သည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များက နည်းမျိုးစုံဖြင့် ဆန့်ကျင် ဆန္ဒ ထုတ်ဖော်နေလျက်ရှိနေသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...