ကောက်ရသည့် လက်ပစ်ဗုံးပေါက်ကွဲ ကလေးငယ်တစ်ဦးသေဆုံး အမျိုးသမီးငယ်တစ်ဦး လက်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဥ်းအတွင်း ကလေးငယ်များသည် ကောက်ရသည့် လက်ပစ်ဗုံးတလုံးကို ဆော့နေချိန် ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အမျိုးသမီးငယ် တစ်ဦးလည်း ညာဘက်လက် ဖြတ်လိုက်ရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် နေ့လည်ပိုင်းတွင် ဟိုပုံးမြို့နယ် မိုင်းပျဥ်းဒေသ ရေသပြေကျေးရွာမှ ကွန်ကုန်းကျေးရွာ သို့ ပြောင်းခြံလာလုပ်ကြသည့် မိဘများ နှင့် အတူလိုက်ပါလာသည့် ကလေးငယ်များသည် လက်ပစ်ဗုံးကောက်ပြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ကလေးငယ် တစ်ဦးသေ၊ ၄ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

“ကလေးတွေက လမ်းဘေးမြောင်းထဲမှာ ဆော့နေရင်း နဲ့ ဗုံးကိုတွေ့မိတာ၊ အရုပ်တွေလို့ထင်ပြီး ခြံစောင့် တဲဆီယူလာဆော့လိုက်တာ ဗုံးပေါက်ကွဲတော့ ကလေးတစ်ယောက်ပွဲချင်းပြီးသေတယ်၊ အတူဆော့တဲ့ တခြား ကလေး ၃ ဦးလည်း ဒဏ်ရာရတယ်၊ အဲ့တဲ ထဲရှိနေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်လည်း ဒဏ်ရာရသွားတယ်” ဟု ယင်းဒေသမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပေါက်ကွဲသည့် လက်ပစ်ဗုံး

ထိုပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ်ရှိ ဦးအိုက်ထွေ့၊ ဒေါ်အေးခင်းတို့၏ သားဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားကာ အတူဆော့ ကစားနေသည့် အသက်မတိမ်းမယိမ်း ကလေးငယ် ၃ ဦးနှင့် တဲပေါ်မှ အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရသူများကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထားပြီး အသက် ၁၇ နှစ်ဝန်းကျင်ရှိ ၁၀ တန်းဖြေဆိုပြီးသူ အမျိုးသမီးငယ်က ရရှိထားသည့် ဗုံးဒဏ်ရာများဖြင့် ညာဘက်လက် ဖြတ်ပစ်လိုက်ရကြောင်းလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးက သျှမ်းသံတောဆင့်ကို ပြော သည်။

“သေသွားတဲ့ ကလေးငယ်ကိုတော့ ဒီနေ့မှာပဲ မြေချလိုက်ပါပြီ၊ ဒဏ်ရာရထားတဲ့ကလေးငယ်တွေက အကြီး ဆုံးဖြစ်တဲ့ ကလေးမကတော့ လက်ဖြတ်လိုက်ရတယ်၊ သူ့လက်ကို ထိထားတာများလို့ဆိုပဲ၊ ဒီမိသားစု တွေကလည်း ပြောရရင် သူတို့ခက်ခဲနေပါတယ်၊ ဆေးကုသစရိတ်တွေ ကူညီလို့ရနိုင်ရင် ကူညီပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ထားသည့် ဒဏ်ရာများဖြင့် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကလေးငယ်များ၏ မိဘများကလည်း သာမာန်အလုပ်သမားများဖြစ်နေကြရာ ဆေးကုသမှု စားရိတ် အတွက် ခက်ခဲနေကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မိုင်းပျဥ်းဒေသအတွင်းတွင် ပအိုဝ့်တိုင်းရင်းသားလက်နက်ကိုင်များ၊ စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်များနှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားလေ့ရှိ ကြောင်းနှင့် ယခု ဗုံးပေါက်ကွဲမှုသည် ယင်းဒေသမှ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...