Tuesday, January 27, 2026

ကျောက်မဲမြို့နယ်တွင်း ဓားပြတိုက်မှုဖြစ်/ အိမ်ရှင်တစ်ဦး ခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှနေအိမ်တစ်လုံးတွင် ဓားပြတိုက်ခံရပြီး အိမ်ရှင်တစ်ဦးလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။

Photo by ကျောက်မဲဒေသခံ

ဖြစ်စဥ်မှာ ယနေ့ (ဧပြီ၃၀ )ရက် နံနက် ၂ နာရီတွင် ကားနှစ်စီးနှင့် ဓားပြတိုက်သူတစ်စုတို့သည် ကျောက်မဲမြို့နယ် တိလင်ရပ်ကွက် ၁၉ ရှိ နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး မိသားစုဝင်တစ်ဦးကို ဖမ်းခေါ်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြေကွက်ရောင်းရငွေတွေအကုန်ပါသွားတယ်လို့ သိရပါတယ်၊ ပြီးတော့ တခြားငွေကြေးတွေရော စုစုပေါင်း ကျပ်သိန်း ၃၀၀ ကျော် ပါသွားတယ်တဲ့၊ မိသားစုဝင် တစ်ဦးကိုလည်း ခေါင်းစွပ်ပြီးတော့ ခေါ်သွားတယ်လို့သိ ရပါတယ်” ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်သည့် လူတစ်စုတို့သည် ကားနှစ်စီးဖြင့် ရောက်လာကြခြင်း ဖြစ်ကြပြီး အိမ်ရှင်၏ အမျိုးသမီးဖြစ်သူကိုလည်းရိုက်နှက်ကန်ကျောက်ကာ ပိုက်ဆံများကို ထုတ်ပေးရန် ပြောဆို ရန်ပြုသွားကြောင်းလည်း သိရသည်။

“အိမ်ရှင်အမျိုးသမီးကို ပိုက်ဆံတောင်းတာ ချက်ချင်းထုတ်မပေးလို့ ခြေထောက်နဲ့ ကန်လိုက်သေးတယ်တဲ့၊ သူတို့အုပ်စုက ၁၀ ယောက်လောက်ရှိတယ်၊ တချို့က ပိုက်ဆံတွေ တောင်းနေချိန် တချို့ကလည်း အိမ်ပြင်ကနေ လမ်းကြောင်းကြည့်ပေးတယ်” ဟု အိမ်နီးချင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အဆိုပါ ဓားပြတိုက်သွားသည့် အဖွဲ့များ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ဒေသအတွင်းမှ သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အကျိုးအကြောင်းပြောဆိုထားသော်လည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူ၏ အသက်အန္တရာယ် စိုးရိမ်သည့်အတွက် တိုင်ချက် မဖွင့်သေးကြောင်း သတင်းသိရသည်။
စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းလုံးတွင် နိုင်ငံရေးမငြိမ်မသက်မှုများဖြစ်လာပြီး ကျောက်မဲမြို့နယ် အတွင်းမှာလည်း ခိုးဆိုးလုယက်မှုများအပါအဝင် ယခုလို အုပ်စုဖွဲ့ ဓားပြတိုက်မှုများလည်း ရှိလာခြင်းဖြစ်သည်။

ဒေသအတွင်းရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသတွင်းဖြစ်ပေါ်နေသည့် လုယက်တိုက်ခိုက်မှုများ အပါအဝင် ဒုစရိုက်လုပ်ငန်းများကို ထိရောက်စွာ အရေးဆောင်ရွက်ခြင်းမျာ မလုပ်ဆောင်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုများဖြင့်နေ့စဥ်ဘဝကို ဖြတ်သန်းနေရကြောင်းလည်းဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...