Wednesday, January 28, 2026

မူဆယ်မြို့ PDF မိသားစုဝင်တစ်ဦးကို စစ်ကောင်စီ မှ ဓားစာခံ အဖြစ်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် PDF တပ်သား၏မိသားစုဝင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဓားစာခံအဖြစ် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

မူဆယ် PDF မိသားစု၀င် တစ်ဦး

မူဆယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး၏ အမဖြစ်သူကို စရဖက ယမန်နေ့ မေလ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ စရဖ က ၎င်း၏ နေအိမ်သို့ ရွှေဝယ်ရန်ဟန်ဆောင်ပြီး လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ သူ့အမကလည်း Keyboard fighter လည်းဖြစ်တယ်။ သူတို့နဲ့အမျိုးတော်တာလည်း သူတို့သိထားတယ်။ အရပ်ဝတ်တွေနဲ့ပဲလာခေါ်သွားတာ။ လူ (၃)ဦးက ရွှေဝယ်မယ်ဆိုပြီးတော့ ဟန်ဆောင်ပြောဆိုပြီး လာခေါ်သွားတာပေါ့” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအမျိုးသမီးကို လက်ရှိမှာ ၅၀၅(က) ဖြင့်ဖမ်းဆီးသွားပြီး စရဖ စစ်ကြောရေး စခန်းတွင်တည်ရှိနေကြောင်း PDF တပ်ဖွဲ့ဝင်က ထပ်လောင်းပြောပြသည်။

စစ်ကောင်စီက PDF တပ်ဖွဲ့ဝင် မိသားစုများကို ဓားစားခံအဖြစ်ထပ်မံဖမ်းဆီးလာပါက စစ်ကောင်စီ၏ ပိုင်ဆိုင်မှုများ၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ၊ ရဲများ၏ မိသားစုဝင်များကို ပြန်လည်တိုက်ခိုက်သွားနိုင်ကြောင်း သျှမ်းမြောက် PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တော်လှန်ရေး မိသားစုဝင်တွေကို ဖမ်းဆီးဒုက္ခပေးနေရင်တော့ စစ်ကောင်စီလက်အောက်မှာနေတဲ့ ဝန်ထမ်းအားလုံးနဲ့ မိသားစုအားလုံးကို ပြန်တိုက်ခိုက်လိမ့်မယ်။ အရင်ကလည်း ကျနော်တို့ ညီနောင်ဖမ်းခံရတာတွေလည်း ရှိကြပါတယ်။ ကျနော်တို့က တဖြေးဖြေး စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ဆက်လက်အရေးယူ ဆောင်ရွက်မှု/တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမှာပါ။ ဒီထက်မက ကျနော်တို့ ပိုပြီး သူတို့ကို ဖိသွားမယ်ဆိုတာ သိသွားမှာပါ” ဟု အထက်ပါ သျှမ်းမြောက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ မေလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ စရဖက တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို လူမှုကွန်ယက်ပေါ် စာတင်မှုကြောင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...