မူဆယ်မြို့ PDF မိသားစုဝင်တစ်ဦးကို စစ်ကောင်စီ မှ ဓားစာခံ အဖြစ်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် PDF တပ်သား၏မိသားစုဝင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဓားစာခံအဖြစ် လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

မူဆယ် PDF မိသားစု၀င် တစ်ဦး

မူဆယ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦး၏ အမဖြစ်သူကို စရဖက ယမန်နေ့ မေလ ၂ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်အောက်ခံ စရဖ က ၎င်း၏ နေအိမ်သို့ ရွှေဝယ်ရန်ဟန်ဆောင်ပြီး လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ သူ့အမကလည်း Keyboard fighter လည်းဖြစ်တယ်။ သူတို့နဲ့အမျိုးတော်တာလည်း သူတို့သိထားတယ်။ အရပ်ဝတ်တွေနဲ့ပဲလာခေါ်သွားတာ။ လူ (၃)ဦးက ရွှေဝယ်မယ်ဆိုပြီးတော့ ဟန်ဆောင်ပြောဆိုပြီး လာခေါ်သွားတာပေါ့” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုအမျိုးသမီးကို လက်ရှိမှာ ၅၀၅(က) ဖြင့်ဖမ်းဆီးသွားပြီး စရဖ စစ်ကြောရေး စခန်းတွင်တည်ရှိနေကြောင်း PDF တပ်ဖွဲ့ဝင်က ထပ်လောင်းပြောပြသည်။

စစ်ကောင်စီက PDF တပ်ဖွဲ့ဝင် မိသားစုများကို ဓားစားခံအဖြစ်ထပ်မံဖမ်းဆီးလာပါက စစ်ကောင်စီ၏ ပိုင်ဆိုင်မှုများ၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ၊ ရဲများ၏ မိသားစုဝင်များကို ပြန်လည်တိုက်ခိုက်သွားနိုင်ကြောင်း သျှမ်းမြောက် PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တော်လှန်ရေး မိသားစုဝင်တွေကို ဖမ်းဆီးဒုက္ခပေးနေရင်တော့ စစ်ကောင်စီလက်အောက်မှာနေတဲ့ ဝန်ထမ်းအားလုံးနဲ့ မိသားစုအားလုံးကို ပြန်တိုက်ခိုက်လိမ့်မယ်။ အရင်ကလည်း ကျနော်တို့ ညီနောင်ဖမ်းခံရတာတွေလည်း ရှိကြပါတယ်။ ကျနော်တို့က တဖြေးဖြေး စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ဆက်လက်အရေးယူ ဆောင်ရွက်မှု/တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမှာပါ။ ဒီထက်မက ကျနော်တို့ ပိုပြီး သူတို့ကို ဖိသွားမယ်ဆိုတာ သိသွားမှာပါ” ဟု အထက်ပါ သျှမ်းမြောက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ မေလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီ လက်အောက်ခံ စရဖက တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို လူမှုကွန်ယက်ပေါ် စာတင်မှုကြောင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...