Wednesday, January 28, 2026

တန့်ယန်းမြို့ လုယက်မှုဖြစ် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် လုယက်ဓားပြတိုက်ယူမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်မှု မြှင့်တက်နေကြောင်း သတင်းသိရသည်။

နတန့်ယန်းမြို့အ၀င်ဆိုင်းဘုတ်

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာဆောင်မှ ပြန်လာသည့် အမျိုးသား လူငယ်တစ်ဦးသည် တန့်ယန်းမြို့ အမှတ် ၅ ရပ်ကွက်ရှိ ရွှေမောင်းကျောင်း အပေါ်ဘက်လမ်းအနီးတွင် ဓားပြတိုက် လုယက်တိုက်ခိုက် ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“သူက သူငယ်ချင်း မင်္ဂလာဆောင်ကနေ ပြန်လာတာ၊ ရွှေမောင်းကျောင်းရဲ့ အပေါ်ဘက်လမ်းကြားအရောက်တော့ Mark II ခဲရောင်တစ်စီးက ရှေ့ကနေ တားရပ်ပြီး လူ ၇ ယောက်က ဆင်းလာတယ်၊ ၃ ယောက်က ကားနား ရပ်ထားတယ်၊ ၄ ယောက်က သူ့ကိုကားပေါ်က ဆွဲဆင်းပြီး သူ့ပိုက်ဆံတွေ အကုန်ယူသွားတယ်” ဟု အဆိုပါ အမျိုးသားနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောက်မှ လိုက်လာသည့် ဆိုင်ကယ် မီးရောင်ကြောင့် ယင်းလုယက်သူတစ်စုတို့သည် ပိုက်ဆံနှင့် ကားထဲမှ တန်ဖိုး ကြီး ပစ္စည်းများကို ယူဆောင်ကာ အမြန်ပြန်ထွက်သွားကြောင်း ၊ လူကို အန္တရာယ်ပြုခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် လာရောက်လုယက်သူတို့သည် အမျိုးသားများ ဖြစ်ကြပြီး စုစုပေါင်း ၇ ယောက် နှင့် သျှမ်းစကားပြောဆိုမှုလည်း မရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

“နောက်က လိုက်လာတဲ့ ဆိုင်ကယ်မီးရောင်ကြောင့်ပဲ သူသက်သာသွားတယ်ပြောရမှာပေါ့၊ အိမ်ပြန်ရောက်တော့ လိပ်ပြာတောင်ပြန်ခေါ်ယူရတယ်၊ မိသားစုတွေက ရပ်ကွက်ရုံးကို သွားပြီး အကြောင်းကြားပြီးပြီ၊ မြို့နယ် ရဲစခန်းကိုလည်း တိုင်ထားတယ်၊ အခုထိ ကျူးလွန်သူကို ဖမ်းမိတယ်လို့ မကြားရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

တန့်ယန်းမြို့နယ်အတွင်း ယခုလို အုပ်စုဖွဲ့ ကားဖြင့်လုယက်မှုသည် ပထမဆုံးအကြိမ် ဖြစ်နေပြီး နယ်မြေခံရဲတို့မှ ထိရောက်သည့် အရေးယူမှုများ မလုပ်ဆောင်နိုင်ရာ ယင်းဖြစ်စဥ် ဖြစ်ပွားခဲ့ပြီးနောက် ရပ်ကွက်အလိုက် ပြည်သူများက မိမိတို့ ရပ်ကွက်လုံခြုံရေးအတွက် အလှည့်ကျ ကင်းစောင့်မှုများ ပြုလုပ်ရန်လည်း စီစဥ်နေကြကြောင်း လည်း သိရသည်။

“ရဲတွေဘက်ကစုံစမ်းပေးမယ်ပြောထားပေမဲ့ ပြည်သူတွေက စိုးရိမ်ကြတယ်လေ၊ မိန်းကလေးတွေဆိုလည်း အပြင်တခါထွက်ဖို့ အများကြီး စဥ်းစားရပြီ၊ အဲ့ဒါကြောင့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် အလှည့်ကျ ကင်းစောင့် တာတွေ လုပ်ဖို့ လိုအပ်လာတာပေါ့” ဟု အမှတ် ၅ ရပ်ကွက်မှ အမည်မဖော်လိုသူ ရပ်မိရပ်ဖ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ တရားဥပဒေ စိုးမိုးမှု နည်းပါးလာသည့်အပြင် ဒေသအတွင်း အုပ်စုဖွဲ့ ခိုးယူလုယက်မှုများနှင့် ခြိမ်းခြောက်သတ်ဖြတ်မှုများက တစ်နေ့တစ်ခြား များပြားလာကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...

တန့်ယန်းမြို့အတွင်း KTV နှင့် အနှိပ်ခန်း ပေါများလာ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် နှစ်နှစ်ကျော်ကာလအတွင်း ကေတီဗွီ (KTV)နှင့် အနှိပ်ခန်းများ ပေါများလာကြောင်း ဒေသခံပြောဆိုချက်အရ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့တွင် ကေတီဗွီ KTV နှင့် အနှိပ်ခန်းများ ပေါများလာပြီး...

တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...