တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။

ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို စတင်ထည့်ခိုင်းလျက်ရှိရာ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တန့်ယန်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်ကလူတွေ မဲမထည့်ချင်ဘူး ပြောနေလို့ ရပ်ကွက်လူကြီးက မထည့်လို့ မရဘူးလို့ လာပြောနေတာ။ မဲမထည့်တဲ့လူကို ဂိတ်တွေရောက်ရင် ပေးမဖြတ်ဘူး၊ ခရီးထွက်လို့ မရဘူးလို့ အဲ့လိုခြိမ်းခြောက်နေတာ။ မဲသွားမထည့်ရင် အရေးယူမယ်လို့ ပြောသံကြားပေမယ့် အချိန်မတန်သေးတော့ တကယ်လုပ်မလား မလုပ်ဘူးလားဆိုတာတော့ မပြောတတ်ဘူး” ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မဲရုံစောင့်တာဝန်ကျသူများ ကြိုတင်မဲ ထည့်ထားရပြီး လာမည့် ဇန်နဝါရီ (၁၁) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်း၌ တန့်ယန်းမြို့နယ်ရှိ ပြည်သူများ မဖြစ်မနေ မဲသွားထည့်ရန် စစ်ကော်မရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားထားကြောင်း သိရသည်။

အကယ်၍ ရွေးကောက်ပွဲကျင်းပပြီးနောက် ဆန္ဒမဲ ရေတွက်ရာတွင် နိုင်ငံရေးပါတီများမှ မဲအရေအတွက် မတိမ်းမယိမ်း ရရှိပါက ရပ်ကွက်အတွင်း မဲပေးခဲ့သူနှင့် မဲမပေးသူများကို ပြန်လည်စစ်ဆေးသွားမည်ဟု ဆိုသည်။

“တကယ်လို့ အနိုင်ရတဲ့ မဲအရေအတွက်က နှစ်မဲ သုံးမဲ အဲ့လောက်ပဲ ကွာတယ်ဆိုရင် ရပ်ကွက်ထဲ ပြန်စစ်မယ်။ ဘယ်အိမ်က ဘယ်သူက မဲသွားမပေးဘူးဆိုရင် အရေးယူခံရမယ်လို့ ပြောတယ်။ အခုကတော့ ကြိုတင်မဲတွေ ကောက်နေတယ် တစ်ပတ်လောက်ရှိပြီ။ ပါတီကတော့ ကြံ့ခိုင်ရေးနဲ့ ကျားဖြူရှိမယ်၊ ‘ဝ’ပါတီကတော့ ပြည်သူ့လွှတ်တော် နေရာပဲ ဝင်ပြိုင်တာ” ဟု တန့်ယန်းဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

တန့်ယန်းမြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) နှင့် ‘ဝ’အမျိုးသားပါတီ (WNP) တို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး မြို့မရပ်ကွက် (၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆)အုပ်စုတွင် မဲရုံ စုစုပေါင်း (၆၀) ရှိကြောင်း သိရသည်။

အလားတူ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) နှစ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ပြီး မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုတွင် မဲရုံ(၂၉)ရုံ ရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အပြင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA တပ်စွဲထားသည့် လွယ်ငင်းနှင့် ဟိုယကျေးရွာအုပ်စုမှ ဒေသခံများမှာ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမည့် စာရင်းထဲ ပါဝင်ထားပြီး စာသင်ကျောင်းများတွင် မဲရုံပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

သို့သော် ဒီဇင်ဘာလ (၅) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်သည့် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းတွင် တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု (၁၆) စု၊ မိုင်းရယ်မြို့နယ်မှ ကျေးရွာအုပ်စု (၈) အုပ်စု ပါဝင်သည်။

“ကိုယ်စားလှယ်လောင်းတွေကတော့ အပြောင်းအလဲဖြစ်အောင် လုပ်ပေးမယ် သူတို့ကို မဲထည့်ပါလို့ ပြောတာပဲ။ သူတို့ နိုင်နိုင်ရှုံးရှုံး အခြေအနေက ဒီတိုင်းပဲ ဖြစ်နေမှာဆိုတော့ ဘာမှမထူးခြားဘူးလို့ မြင်တယ်။ အကုန်လုံးက စစ်တပ်လက်ထဲမှာပဲ ရှိတာလေ၊ ငါးမျှားသလိုပေါ့ ခြင်းတစ်ခုထဲ ငါးအကုန်ဝင်အောင် လုပ်ထားပြီးသားလေ။ မဲထည့်တဲ့လူ များလည်း သူတို့နိုင်မှာပဲ၊ နည်းလည်း သူတို့နိုင်မှာပဲ” ဟု မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီးနောက် ဒီဇင်ဘာလ (၂၉) ရက်တွင် စစ်ကော်မရှင်နှင့် MNDAA ကိုယ်စားလှယ်များ လားရှိုးမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ရာ ကိုးကန့်တပ်ဘက်မှ လားရှိုး-သီပေါ-မိုင်းရယ်ကြားတွင် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ ဆုတ်ခွာပိတ်သိမ်းရန် သဘောတူခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပမည့် တန့်ယန်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း စစ်ကော်မရှင် သဘောတူညီမှုဖြင့် ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်တပ်စွဲထားပြီး မိုင်းရယ်မြို့နယ်တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA လည်း အလားတူ ဝင်ရောက်တပ်စွဲခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...