တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော ဆိုင်များတွင် မူးယစ်ဆေးများဖြစ်သည့် K ဟု လူသိများသော (Ketamine) မူးယစ်ဆေး၊ E ဟု လူသိများသည့် (Ecstasy)နှင့် Happy Water စသည်တို့ကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြောင်း KTV သို့ ရောက်ရှိခဲ့ဖူးသည့် တန့်ယန်းမြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တချို့ဆိုင်တွေမှာလည်း ခဲတို့ ဟက်ပီးဝါးတားတို့က ရတယ်။ အပြင်ကနေ ဝယ်ပြီးမှ သွားသုံးကြတာမျိုး ရှိတယ်။ အဲ့တာတွေကိုတော့ ဘယ်ကနေ ဝယ်ကြလဲဆိုတာ အဓိက သိနိုင်မှာမဟုတ်ဘူး။ တချို့ KTV ဆိုင်တွေမှာကိုက အဲ့လိုမူးယစ်ဆေးတွေကိုပါ တွဲပြီးရောင်းတာ”ဟု KTV သို့ရောက်ဖူးသည့် အဆိုပါ လူငယ်က ပြောဆိုသည်။

တန့်ယန်းမြို့နယ်အတွင်း စစ်ကော်မရှင် ‌လက်အောက်ခံ မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ တန့်ယန်းမြို့အတွင်း ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့က ဝင်ရောက်တပ်စွဲထားခဲ့သည်။

ထိုတန့်ယန်းမြို့တွင်း ဖွင့်လှစ်ထားသည့် KTV နှင့် အနှိပ်ခန်းတို့သည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်မှုများရှိသကဲ့သို့ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများကိုလည်း ငွေကြေးပေးကာ ဖွင့်လှစ်ထားကြောင်း တန့်ယန်း ဒေသခံများက ပြောသည်။

“ဒီကေတီဗွီနဲ့ အနှိပ်ခန်းဆိုတာ ဆိုင်ရာဌာနနဲ့ မပေါင်းရင် ဖွင့်မရသလို လက်နက်ကိုင်တပ်ဖွဲ့တွေ နောက်ကွယ်က မပါရင်လည်း ဖွင့်ဖို့မလွယ်ဘူး။ လက်နက်ကိုင်တွေကလည်း အခွန်ရရင်ပြီးရော ဆိုပြီး တရားဝင်လို ဖွင့်ခိုင်းနေကြတာ”ဟု ၎င်းတန့်ယန်း ဒေသခံ က ဆိုပြန်သည်။

ထို့အပြင် ၎င်းအနှိပ်ခန်းနှင့် KTV ကို အများဆုံး သွားရောက်သူများသည်လည်း လက်နက်ကိုင်တပ်ဖွဲ့နှင့် ချိတ်ဆက်ပြီး အလုပ်လုပ်ကိုင်သူများ၊ စီးပွားရေးသမားများသာ ဖြစ်ကြပြီး၊ ထိုထဲတွင် အလုပ်လုပ်သူများသည် အသက်မပြည့်သေးသော မိန်းကလေးငယ်များ ပါဝင်နေကြောင်းလည်း KTV နှင့် အနှိပ်ခန်း နီးစပ်ရာ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“များသောအားဖြင့် အဲ့မှာ အလုပ်လုပ်နေတဲ့မိန်းကလေးတွေက ဆယ်ကျော်သက်တွေရော ရှိတယ်၊ အသက်မပြည့်သေးတာတွေ ရောရှိတယ်။ အဓိကဝမ်းရေးပေါ့။ ဒီမိန်းကလေးငယ်တွေက အမျိုးသားတွေအတွက် သားကောင်တွေ ဖြစ်နေတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စီးပွားရေး ကျဆင်းလာပြီး လူငယ်အများစုသည် ကျောင်းမှ ထွက်ပြီး ရရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

ထိုသို့ အလုပ်အကိုင် ရှားပါးမှုကြောင့်လည်း လူငယ်များသည် KTV၊ အနှိပ်ခန်း၊ အွန်လိုင်းငွေလိမ်လည်သည့် ကျားဖြန့်လုပ်ငန်းခွင်သို့ မထင်မှတ်ဘဲ ရောက်ရှိသွားကြသည်။

ထိုအနှိပ်ခန်းနှင့် KTV ပေါများမှုကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကျန်းမာရေး ကိစ္စကိုလည်း တန့်ယန်းပြည်သူများက စိုးရိမ်နေကြသည်။

တန့်ယန်းမြို့တွင် ၂၀၂၅ ခုနှစ်အတွင် လိင်မှတဆင့် ကူးစက်သည့် HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာကြောင်း တန့်ယန်းမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ထမ်းဆောင်သည့် သူနာပြုဆရာမများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ သန်းခေါင်စာရင်းအရ တန့်ယန်းမြို့နယ်တွင် လူဦးရေ နှစ်သိန်း နှစ်သောင်းကျော် အထိရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...