နောင်ချိုမြို့နယ် လူငယ် (၂) ဦး အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့ ဖမ်းဆီးသွား

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာက စက်သုံးဆီဆိုင်မှ လူငယ် (၂) ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

နောင်ချို

ယနေ့ (မေ ၃)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဆမ္မဆယ်ကျေးရွာအတွင်းရှိ ဆီဆိုင်ပိုင်ရှင်၏ သားနှင့် မြေးဖြစ်သူ အမျိုးသမီးကို လက်နက်အပြည့်စုံဖြင့် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ လူ (၅) ယောက်လောက် ကားတစ်စီးနဲ့ လာဖမ်းသွားတာ။ ဘယ်အဖွဲ့စည်းက လာဖမ်းသွားလဲတော့မသိဘူး။ သေနတ်တွေလည်းပါတယ်။ ကျေးရွာတွင်းရှိ ဆီဆိုင်တစ်ခုရဲ့ သားနဲ့ မြေးဖြစ်သူကို လာဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလဲခုထိတော့ အသေးစိတ်မသိရသေးဘူး” ဟု နောင်ချိုမြို့နယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးသည် အသက် (၂၀) ဝန်းကျင်သာရှိပြီး အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကြောင်တွေဆီကနေ လေ့လာသင်ယူရမယ့် ဘဝနေထိုင်နည်း (၅) ချက်

0
စိတ်ဖိစီးမှုများပြားတဲ့ ခေတ်သစ်မြို့ပြလူနေမှုစနစ်ထဲမှာ ကျနော်တို့အားလုံးဟာ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြရပါတယ်။ တခါတလေမှာ အဲဒီနည်းလမ်းတွေဟာ ဝေးဝေးလံလံမှာ ရှိနေတာမဟုတ်ဘဲ ကျနော်တို့အနားမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဆီမှာ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကြောင်တွေဟာ သူတို့ရဲ့ သဘာဝအတိုင်း နေထိုင်ရင်းနဲ့ လူသားတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေကို ပေးလေ့ရှိပါတယ်။ ကြောင်တွေဆီကနေ ကျနော်တို့ ဘယ်လို...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...

သျှမ်းပြည်တွင် ကျောင်းတက်သူ ၅ သောင်းကျော် လျော့နည်းလာ

0
သျှမ်းပြည်အတွင်း စစ်ရေးပဋိက္ခနှင့် စီးပွားရေးကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူဦးရေ ၅ သောင်းကျော်အထိ သိသိသာသာ လျော့နည်းသွားကြောင်း သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...