PNO
စံကားမြို့ရှိ စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး အကူအညီလိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ - ပင်လောင်း - ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့်...
ဟိုပုံးတွင် အသုံးမပြုတော့သည့် စက်များကအစ PNO အခွန်ပေးကောက်နေ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ရှိကျေးရွာများထဲသို့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်သားများသည့် အသုံးမပြုတော့သည့် စက်များကအစ အခွန်လိုက်လံကောက်ယူနေပြီး၊ မပေးဆောင်နိုင်ပါက ကျေးရွာမှ ဖယ်ထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ဒေသခံများ၏ သတင်းပေးပို့ချက်အရသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၇)ရက်မှ စပြီး PNO/PNA တပ်သားများသည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများထဲသို့ အသုံးမပြုသော...
တော်လှန်ရေးတပ်ဖွဲ့များအား လက်စားချေသည့်အနေဖြင့် အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများ PNO မှလုပ်ဆောင်လာ
Eugene -
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်မှ ပြည်သူများအား ပအိုဝ်းပြည်သူ့စစ် PNA/PNO မှ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာပြီး လူမျိုးရေးအမုန်းတရားများကိုပါ ဝါဒဖြန့်ပြုလုပ်လာကြောင်း စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် တွင် စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် (BWCI)...
အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင်
လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။ ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ...
ညောင်ရွှေမြို့နယ်ဒေသခံ (၅)ဉီးကို PNO မှ ရိုက်နှက်ဖမ်းဆီးပြီး ပြန်လွှတ်
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့မှ ဒေသခံ(၅)ဉီးကို ရိုက်နှက်ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်ပေးလာကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသအရှေ့ဘက်ခြမ်းရှိ ဘုရားတောင်ကျေးရွာတွင် ဒေသခံ(၅)ဉီးကို PNO တပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး စစ်ဆေးမေးမြန်းပြီး ပြန်လွတ်လာပေးကြောင်း ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲရွာဘက်မှာက စစ်ရေးတွေ...
ဆီဆိုင် PNO စစ်သင်တန်းသားများ ကျည်တစ်ထောင့် ကျပ်(၁၅၀၀)ဖြင့် လေ့ကျင့်နေရ
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က စစ်သင်တန်းသားများကို ကျည်တစ်တောင့် ကျပ်(၁၅၀၀)ပေးစေပြီး စစ်ရေးလေ့ကျင့်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ရာတွင် နေ့အချိန်နှင့် ညပိုင်းအချိန်တွင် လေ့ကျင့်ရပြီး လေ့ကျင့်ချိန်တွင် သင်တန်းသားများကို ကျည် ဆယ်တောင့်ထက် ပိုမပစ်ခိုင်းကြောင်းနှင့် ပိုပစ်၍ လေ့ကျင့်လျှင့် ကျည်တစ်ထောင့်...
ဆီဆိုင်တွင် PNOမှ အရပ်သားများကို မက်လုံးပေး ကင်းစောင့်ခိုင်း
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ အရပ်သားများကို မက်လုံးပေးကာ ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီမှာ ရပ်ရွာအလိုက် အခြေခံ စစ်သင်တန်းပေးနေပြီး ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် တစ်ယောက်နှုန်းဖြင့် စစ်သင်တန်း (၅)ရက်မျှ တက်ရောက်ခဲ့ကြရသည်ဟု ဒေသခံ များက ပြောသည်။ ထိုကဲ့သို့...
ဆီဆိုင်ရှိ ကျေးရွာအုပ်စုအချို့ကို စစ်ကောင်စီနှင့် PNO ကဈေးသုံးခွင့် ပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စုကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က ဆီဆိုင်မြို့အတွင်း ဈေးလာသုံးခွင့် ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၊ PNOနှင့် PNLA တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ ဖြစ်ပွားရာ အနီးတဝိုက် တွင်ရှိသည့် တောင်ရှေ့ကျေးရွာအုပ်စုသည် ဆီဆိုင်မြို့နှင့် နာရီဝက်မျှသာ သွားလာရပြီး စားသုံးကုန်စည်များကို...
စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဉီး သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် လွယ်ချယ်-တပူး ရွာ လမ်းခွဲတွင် စပါးသယ်ပြီး ပြန်လာသည့် အရပ်သားနှစ်ဦးသည် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၆)ရက် နေ့လည် (၂)နာရီတွင် ဆီဆိုင်မြို့နယ် ကောင်ထိုကျေးရွာနေ ခွန်ဖါလိန်နှင့်ဇနီး နန်းဆွေတို့ တောင်ယာမှ စပါးသယ်ပြီး ပြန်လာစဉ်...
တောင်ကြီးမြို့လယ်ခေါင် အရပ်ဝတ် အမျိုးသားတစ်ဉီး သည် အရပ်သားတစ်ဉီးကို သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်
SHAN -
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် အရပ်ဝတ်စုံဖြင့် အမျိုးသားတစ်ဉီးသည် လက်နက်ကိုင်ဆောင်ပြီး ပြည်သူတစ်ဉီးကို ခြိမ်းခြောက်ရိုက်နှက်သွားခဲ့ကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ကားမောင်းလာသော လူငယ် ၂ ဦးအား အရပ်ဝတ်လက်နက်ကိုင်တစ်ဦးမှ ၎င်း၏ဆိုင်ကယ်အားကျော်တက်သည်ဟုဆိုကာ ကားရပ်ခိုင်းပြီး သေနတ်ဖြင့်ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း...





