ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ (၁၇)ရက်မှ စတင်ပြီး ယနေ့ (မေ ၁၉ ရက်)အထိ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲမဖြစ်ပွားခင် တစ်ရက်အလိုမှာတော့ အိမ်ထဲကနေ အိမ်ပြင်မထွက်ဖို့ PNO က မှာထားတယ်။ ဒါပေမဲ့ မရဘူးလေ ပြေးမှရမှာ၊ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်တော့ ရွာထဲက အိမ်တစ်လုံး မီးလောင်သွားတယ်။ ခုဆိုရင် မီးလောင်တဲ့အိမ် ဘယ်နှလုံးရှိလည်းတော့ မသိသေးဘူး။ တော်လှန်ရေးတပ်သားတွေက ရွာထဲက စားနပ်ရိက္ခာတွေ ယူသွားတယ်လို့ ကြားတယ်” ဟု ဆောင်းပြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက ကျေးရွာတွင်းရှိ ပြည်သူပိုင် ပစ္စည်းများဖြစ်သည့် လယ်ထွန်စက်၊ ဆိုင်ကယ် စသည့် စက်ပစ္စည်းနှင့်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်သွားပြီး မြို့ပေါ်တွင် ပြန်လည်ရောင်းချနေသည်ဟု ဒေသခံများက ထပ်လောင်းပြောသည်။

ဆောင်းပြောင်းရွာ

ထိုကဲ့သို့ ဆောင်းပြောင်းဒေသခံများ ထပ်မံစစ်ရှောင်လာရသောကြောင့် စားနပ်ရိက္ခာ အခက်အခဲနှင့် နေစရာအခက်အခဲများ ကြုံတွေ့နေကြရသည်ဟု စစ်ရှောင်လာသူတစ်ဦးက ပြောသည်။

“ကမန်းကတန်းနဲ့ ထွက်ပြီး စစ်ရှောင်လာရတော့ စားရေးသောက်ရေးနဲ့ နေစရာတွေ ခက်ခဲတယ်။ ဆောင်းပြောင်းမှာက အရင် ၂၀၂၄ တုန်းက တိုက်ပွဲ ဖြစ်တုန်းက နေရပ်မပြန်ကြသေးတဲ့ သူလည်းရှိတယ်။ အခုက အိမ်ခြေ (၆၀၀) လောက်ထပ်ပြီး စစ်ရှောင်နေရတယ်။ မရှောင်တဲ့လူလည်းရှိတယ်၊ ခုထိ ပစ်နေကြတုန်းပဲ”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ စစ်ရှောင်များသည် ပင်လောင်းမြို့နယ် ဝါးလီး၊ ပင်ခွန်၊ နန်းထာကျေးရွာတို့ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါ စစ်ဘေးရှောင် အမျိုးသမီးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မေ ၁၇ ရက်တွင်လည်း ဆောင်းပြောင်းတိုက်ပွဲတွင် PNO ဘက်မှ စစ်သားစုဆောင်းခံရသည့် တင်းထက်ရွာသားနှစ်ဦးဖြစ်သည့် အသက် (၂၀)ဝန်းကျင်အရွယ် ခွန်ရာဇာနှင့် ခွန်လွင်မိုးတို့ သေဆုံးသွားကြောင်း သိရသည်။

ဆောင်းပြောင်းကျေးရွာသည် သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့အနောက်ဘက် (၁၁)မိုင်အကွာတွင် တည်ရှိပြီး စံကားအင်း၏ တောင်ဘက်တွင်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်လည်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် KNDF တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး နောင်ဝိုး၊ လွယ်ကျိုင်း၊ ဟိုဝိုး၊ ဆောင်းပြောင်း၊ ဆော်လန်၊ နမ့်ဖာမူ၊ ဝမ်မိုင်ကျေးရွာများ စစ်ဘေးရှောင်တိမ်းခဲ့ရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...