ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၊ PNO တပ်မှ အင်အားအလုံးအရင်း ဖြည့်တင်းလာ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ဆီဆိုင်မြို့နယ်ရှိ နောင်ထော်ကျေးရွာဘက်နှင့် ကရင်နီ နယ်စပ်ဘက်တွင် စစ်ကားများ၊ ပြည်သူများထံမှ ချောဆွဲထားသည့် ကားများဖြင့် အဆိုပါ ဒေသဘက်သို့ နေ့စဉ်ပို့ဆောင်မှုများ လုပ်ဆောင်နေသည်ဟု ဆီဆိုင်မြို့ခံများက ပြောသည်။

“နေ့တိုင်းလိုလို စစ်ကားတွေနဲ့ နောင်ထောဝ်ဘက်ကို သွားတာတွေ့ရတယ်။ သူတို့ ရိက္ခာကားတွေရော တွေ့တယ်။ တစ်ခါသွားရင် ကား ၅ စီးလောက် သွားတယ်။ ဒီလိုမျိုး စစ်အင်အားတွေ ထပ်ဖြည့်တာ တွေ့ရတော့ စိုးရိမ်မိတယ်။ နောက်တစ်ခေါက် တိုက်ပွဲဖြစ်မလား ဆိုပြီး ကြောက်နေရတယ်။ ကားတွေလည်း ပြည်သူတွေဆီက ချောဆွဲတဲ့ ကားနဲ့ပဲ သွားပို့တာ” ဟု ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် PNO ပြည်သူ့စစ်များလည်း မကြာခဏ အင်အားဖြည့်တင်းကာ ကရင်နီနယ်စပ်ဘက်သို့ သွားရောက်နေကြောင်း၊ ညစဉ်နီးပါး လေယာဉ်သံ ကြားနေရသည်ဟု ၎င်းက ထပ်လောင်း ပြောသည်။

ဆက်လက်ပြီး ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်မှ စစ်သားစုဆောင်းမည် ဆိုပါက PNO ထံတွင်သာ ဝင်ရောက်စစ်မှုထမ်းရန်‌ ရွေးချယ်ကြမည်ဟု ဆီဆိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆီဆိုင်မြို့ပေါ်ကိုတော့ စစ်ကောင်စီနဲ့ ဆိုင်တာ။ စစ်သားစုဆောင်းတာတွေတော့ စစ်ကောင်စီ လုပ်တယ်။ စစ်ကောင်စီထဲ စစ်မှုထမ်းရင် သွားခဲ့တာပဲ ရှိတာ၊ ပြန်လာတယ်ဆိုတာ မရှိဘူး။ ပြန်လာခဲ့ရင်တောင် ရှင်လျက်မဟုတ်ဘူး၊ ရွေးချယ်ရမယ်ဆိုရင် PNO ထဲပဲ ဝင်ခိုင်းမယ်” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ (၁၉)ရက်နေ့တွင် ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု နောင်ထောဝ်ကျေးရွာ ဘက်တွင် စစ်ကောင်စီ၊ PNO နှင့် PNLA တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်။

အလားတူ ယခုလက်ရှိ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ဒေသခံ နေအိမ်အများအပြား မီးလောင်ပျက်စီးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း ဆီဆိုင်မြို့တွင် စစ်ကောင်စီ၊ PNOနှင့်PNLA တော်လှန်ရေး အင်အားစုတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ဒေသခံနေအိမ်နှင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံ အများအပြား
စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...