နိုင်ငံတဝှမ်း ငလျင်ဘေးသင့်နေချိန် တောင်ကြီး PNOမှ အမျိုးသမီး စစ်မှုထမ်းစာရင်း လိုက်လံကောက်ခံနေ

မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးဒဏ်သင့်နေချိန် သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာအုပ်စုတွင် PNO ပြည်သူ့စစ်မှ အမျိုးသမီးစစ်မှုထမ်းလာရောက် ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်သည် အသက်(၁၈)နှစ်မှ (၂၇) နှစ်အရွယ် အမျိုးသမီးများကို စစ်မှုထမ်းရန်အတွက် စာရင်းလာရောက် ကောက်ခံနေပြီး ထိုစာရင်းထဲတွင် စစ်ရှောင်များ၊ တခြားဒေသမှ လာရောက် အလုပ်လုပ်ကိုင်နေသည့် သူများလည်း ပါဝင်နေကြောင်း တောင်ကြီးမြို့နယ် ဒေသခံအမျိုးသမီး တစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုကဲ့သို့ အမျိုးသမီးများကို စစ်မှုထမ်းစာရင်း လိုက်လံ ကောက်ခံချိန် PNOမှ အမျိုးသမီးများကို ရှေ့တန်းထွက်ခိုင်မည်မဟုတ်ကြောင်းနှင့် မိမိဒေသကာကွယ်ရန်အတွက်သာ စစ်ပညာသင်ကြားရမည် ဖြစ်ကြောင်း ပြော၍ စာရင်း လာကောက်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေတောင် မချန်ဘူး။ အကုန်ကောက်တာ။ တခြားရွာက အလုပ်သမားတွေကိုလည်း တဖက်ရွာမှာ စာရင်းပေးထားပြီးပြီလို့ ပြောလည်း မရဘူး။ အကုန်ပြန်ကောက်တာ။ရွာထဲက လူတွေကိုဆို ပြောမနေနဲ့တော့။ သူများတွေက ငလျင်ကြောင့် ဒုက္ခရောက်နေတာကို PNOက စစ်တိုက်ဖို့ လူခေါ်နေတာ။ ပြည်သူတွေပဲ ခံနေရတယ်။” ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် စစ်မှုထမ်းရန်အတွက် အမျိုးသမီးများကို စာရင်းလာရောက်ကောက်ခံခြင်း၊ မည်သည့်အချိန်တွင် စစ်သင်တန်းတက်ရမည်ကို ပြောဆိုခဲ့ခြင်း မရှိဘဲ ရုတ်တရက် စစ်သင်တန်း တက်ရမည်ကို စိုးရိမ်နေသည်ဟု ၎င်းအမျိုးသမီး တစ်ဦးက ပြောသည်။

PNO

ဆက်လက်ပြီး ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင်လည်း PNOမှ အမျိုးသမီးများကို စစ်မှုထမ်းသင်တန်း ပေးနေပြီး (၇)ရက်မှ ရက်(၃၀)မထိ ကြာအောင် စစ်သင်တန်းတက်ကြရသည်ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တီကျစ်ဖက်မှာဆို အမျိုးသမီးတွေ စစ်သင်တန်း တက်နေကြရပြီ။ ပင်လောင်းဖက်က PNOကို ကြိုက်ကြတဲ့သူများတယ်လေ။ သူတို့က စစ်သင်တန်းတက်ဖို့လဲ သိပ်ပြီးမခေါ်ရဘူး။တန်းတက်ကြတာ။ စစ်ထဲဝင်ရင် သူတို့က ခရီးတွေလွတ်လပ်သွားလို့ရတော့ ဝင်ကြတာ။ ပင်လောင်းဖက်မှာ ပိုက်ဆံလဲ သိပ်မကောက်ဘူး။” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

PNOပြည်သူ့စစ်မှ ငလျင်ကြေးဟုဆိုတာ ၎င်းတို့ စိုးမိုးနယ်မြေဖြစ်သည့် ပင်လောင်း၊ ဟိုပုံး နှင့် ဆီဆိုင်တို့တွင် ငလျင်ကြေးဟုဆိုကာ တစ်အိမ်လျှင် ကျပ်(တစ်သောင်း) ထည့်ရမည်ဟု သတ်မှတ်ပြီး လိုက်လံကောက်ခံနေသည်ဟု သိရသည်။

သျှမ်းတောင်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ငလျင်ဘေးဒဏ် ကျရောက်နေသည်ကို လူသားချင်းစာနာကူညီမှုများ မလုပ်ဆောင်ဘဲ ပိုက်ဆံကောက်ခြင်း၊ စစ်သားစုဆောင်းခြင်း အပါဝင် ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲခြင်းများကို PNOအဖွဲ့မှ လုပ်ဆောင်နေသည်ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့ပေါ်တွင် သင်္ကြန်မဏ္ဍပ် များဆောက်လုပ်နေကြပြီး သင်္ကြန်အကလေ့ကျင့်မှုများလည်း လုပ်ဆောင်နေလျက်ရှိသည်။

ငလျင်ဒဏ်ကြောင့် ပင်လောင်းတွင် နေအိမ်များပျက်စီးဆုံးရှုံးမှုများရှိနေပြီး အင်းလေးနှင့် အောင်ပန်းတွင် လူထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကာ ကူညီကယ်ဆယ်ရေးများ၊ စားနပ်ရိက္ခာများလည်း အရေးပေါ်အကူညီလိုအပ်နေလျက် ရှိသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...