ငလျင်ဒဏ်ခံနေသည့် အင်းလေးကို စစ်ကောင်စီနှင့် PNOမှ ဗုံးကြဲတိုက်ခိုက်၊အရပ်သား (၁)ဦး ထိခိုက်ပြီး နေအိမ် (၂)လုံးပျက်စီး

ငလျင်ဘေးဒဏ်ခံနေရသည့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခဲ့သဖြင့် အရပ်သား (၁)ဦးထိခိုက်ပြီး နေအိမ် (၂)လုံးပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ မတ်လ (၃၁)ရက်နေ့ မနက် (၆) နာရီမှ ညနေ (၆)နာရီအချိန်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့က အင်းလေးတောင်ဘက်ခြမ်းရှိ ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာဘက်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရေပူကျေးရွာရှိ နေအိမ် (၂)လုံးထိခိုက်ပျက်စီးသွားပြီး အရပ်သား တစ်ဦး ထိခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“မနေ့ကထိ လေယောဉ် လေးစင်းလောက်ရှိမယ် ရေပူဘက်သွားတာ။ ဗုံးကြဲခံရတာကြားတယ်။ နေအိမ်တွေပျက်တယ်တဲ့။ လူတစ်ယောက်တော့ ထိတယ်။ဘယ်ရွာကလည်းတော့ မသိဘူး။ဒီဖက်မှာလည်း ကယ်ဆယ်ရေးတွေ လုပ်နေရတော့ သွားမကြည်ရသေးဘူး။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ ရေပူကျေးရွာတွင် ပြည်သူများ သည် လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီနှင့် PNOတပ်ဖွဲ့တို့မှလည်း ရွာအနီးနားတွင် လာရောက် ကင်းလှည့်လေ့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

အင်းလေးဒေသ စစ်ကောင်စီနှင့် PNO ဗုံးကြဲနေ

ယခုကဲ့သို့ အင်းလေးဒေသတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးနေချိန် စစ်ကောင်စီက ဗုံးထပ်မံလာကြဲသောကြောင့် ဝမ်းနည်းမိကြောင်းနှင့် လူသားချင်းစာနာထောက်ထားစေလိုကြောင်း အင်းလေးပရဟိတ လုပ်နေသည့် လူငယ်တစ်ဦးက ပြောသည်။

“ဒါကတော့ အရမ်းလွန်တယ်။ဒီဘက်ခြမ်းက လူသေပြီး ထိခိုက်ပျက်စီးနေတာ ဟိုဘက်ခြမ်းကို ဗုံးသွားကြဲတာတဲ့။ ကြားလို့မှမကောင်းဘူး။ အရမ်းလည်း ဝမ်းနည်းတယ်။ ကျနော်တို့ပြည်သူတွေကို ငဲ့ကြည့်ပေးစေချင်တယ်။ သူတို့ အာဏာအတွက်ပဲ မလုပ်ဘဲနဲ့ လူသားချင်းစာနာမှုလေး ထားပေးစေချင်တယ်။” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် မတ်လ(၃၀) ရက်နေ့ ညနေ (၆)နာရီအချိန်တွင်စစ်ကောင်စီမှ ဘုရားတောင်ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့သည်ဟု သိရသည်။

မတ်လ (၂၀)ရက်နေ့မှစပြီး တစ်ပတ်ကျော်ကာလအတွင်း အင်းလေး ဒေသကို စစ်ကောင်စီမှ ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ အကြိမ်ရေ (၃၀)ကျော်ရှိပြီး ဗုံးသီး အလုံးရေ(၄၀) ကျော်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ပအိုဝ်းလူငယ်အစည်းရုံးမှ ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...