ငလျင်ဒဏ်ခံရသော အင်းလေးဒေသ ပြည်သူများကို PNO ပြည်သူ့စစ်များက ထမင်းထုပ်ပို့ခိုင်း

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ခက်ခဲနေချိန် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို ထမင်းထုပ် ပို့ခိုင်းနေကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသတွင် ပြည်သူများ အခက်အခဲ ကြုံတွေ့နေစဉ် အခြားတစ်ဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည့်သူ့စစ် PNO တို့က စံကားတကြောရှိ လင်လံတောင်အုပ်စု၊ ထီရီ၊ နန်းဗွန်၊ ရန်ကင်း၊ ဟန်သာ၊ လွယ်ရန်း စသည့် ကျေးရွာများမှ ဒေသခံများကို ၎င်းတို့ထံ နေ့စဉ် ထမင်းထုပ်ပို့ပေးခိုင်းကြောင်း သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်လေးဒေသ တောင်ဘက်ခြမ်းပေါ့၊ ထိတွေ့မှုတွေ ရှိသလို ဒေသခံတွေကိုလည်း နေ့တိုင်း ထမင်းထုပ် ပို့ပေးခိုင်းနေတာပါ။ တချို့ရွာတွေက မနှစ်ကတည်းက ပို့နေကြရတာ။ အခုက ရွာပိုများလာတယ် ပြောရမယ်။ စစ်ကောင်စီနဲ့ PNA ရှိနေရင် ရှိနေသလို ပို့ပေးရတယ်။ ထိုးစစ်ဆင် အင်အားဖြည့်လာရင် လူထုတွေက ထမင်းထုပ် ပိုပို့ပေးရတယ်” ဟု ၎င်းဒေသခံ အမျိုးသားက‌ ပြောသည်။

ထိုကျေးရွာများသည် အင်းလေးဒေသ မြောက်ဘက်ကဲ့သို့ ငလျင်ဒဏ်ကို ပြင်းထန်စွာ မကြုံတွေ့ရ သော်လည်း ငလျင်ဒဏ်ကြောင့် အနည်းအကျဉ်း ထိခိုက်ခဲ့သည့်အတွက် လက်ရှိ ပြည်သူများ စားဝတ်နေ‌ရေး ဖူလုံရန်အတွက် ရုန်းကန်နေကြရသည်။

ထို့ပြင်‌ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့သည် လုံခြုံရေး ဆိုသည့် အကြောင်းပြချက်ဖြင့် အခွန်ကောက်ခံခြင်းမှာ ဒေသခံများကို အနိုင်ကျင့်ရာရောက်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်းလေး ငလျင်ဘေးသင့်

“ဒီလိုအခြေအနေမှာ ထမင်းထုတ်ပို့ခိုင်း၊ ဆပ်ကြေးကောက်လိုက် လုပ်ပြီး လူထုကို ကာကွယ်နေတယ်၊ လုံခြုံရေး ပေးနေပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လူထုတွေကို အနိုင့်ကျင်နေတာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းမှာမှ လူထုက စစ်သားအတွက် ဒီလိုလုပ်ပေးရမယ် မရှိဘူး။ ဒါက သာမန် လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်ဆောင်နေတာ ဖြစ်တယ်”ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ၎င်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ညောင်ရွှေမြို့နယ် အင်လေး‌တောင်ဘက်ရှိ ရေပူကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြေပြင် ထိတွေ့တိုက်ပွဲများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အင်းလေးဒေသရှိ ကျေးရွာများတွင် ငလျင်ဒဏ်ကြောင့် လူနေအိမ် (၂,၅၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ထိုအထဲမှ အိမ်ခြေ (၁,၃၀၀) ကျော်မှာ လူနေထိုင်၍ မရအောင် လုံးဝ ပျက်စီးသွားခဲ့သည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် မြန်မာနိုင်ငံတဝှမ်း ပြည်သူ (၄,၂၁၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆,၅၈၈) ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...