ရပခ မှ PNO/PNA အား မြို့ဝင်ခွင့် နှင့် လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပအိုဝ်းပြည်သူ့စစ် PNO/PNA ကို မြို့ဝင်ခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ်လိုက်ကြောင်း ပြီးခဲ့သည့် မေလ (၁၃)ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

PNO ပြည်သူ့စစ်သည် ပြီးခဲ့သည့် မေလ (၂)ရက် ညတွင် တောင်ကြီးမြို့မဈေး အနီးတွင် စစ်ကောင်စီလက်အောက်ခံ ရဲ၏ စစ်ဆေးမှုကို မခံဘဲ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၂၈)ရက်နေ့တွင်လည်း ဟဲဟိုးမြို့တွင်ရှိသည့် ဓာတ်ဆီဆိုင်ရှေ့တွင် PNO ပြည်သူ့စစ်မှ ပြည်သူများ၏သွားလာမှုကို တားဆီး၍ ပြည်သူများထံ ပါးရိုက်ကာ ငွေတောင်းမှုများပြုလုပ်ခဲ့သည်။

အဆိုပါ ကိစ္စရပ်များကြောင့် ရပခ မှ PNOကို မြို့တွင်းသို့ တာဝန်ချိန်မှအပ လက်နက်ယူဆောင်သွားခြင်း၊ယူနီဖောင်း ဝတ်သွားခွင့် မပြုကြောင်းနှင့်အကယ်၍ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်လျှင် သိမ်းဆည်းမည် ဖြစ်ပြီး စစ်ကောင်စီတပ်သားများမှ PNOကို စစ်ဆေးလျှင်လည်း အသာတကြည် စစ်ဆေးခံရန် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလို ရပခ က ထုတ်ပြန်လိုက်တယ် ဆိုတာက ထွေထွေထူးထူး ကိစ္စတော့ မဟုတ်နေဘူး။ကျနော်တိုက စစ်ကောင်စီ ထုတ်ပြန်တယ်ဆိုတော့ လိုက်နာရမယ်။ဥပဒေနဲ့ အညီသွားတာ။အောက်ခြေက စည်းကမ်းမဲ့နေတာကို ထိန်းသိမ်းပေးတဲ့ သဘောပါပဲ။ ဘာမှ သက်ရောက်မှုမရှိဘူး။ ဘယ်အစိုးရတက်တက် ကျနော်တို့က ဥပဒေအောက်ကနေ သွားမယ်။” ဟု PNO အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်လက်ပြီး PNOမှ ကျေးရွာများအတွင် မလိုအပ်ဘဲ ဂိတ်မထားရန်နှင့် ပြည်သူများထံမှ ဆက်ကြေးမကောက်ရန် တို့ပါဝင်ပြီး PNO/PNAမှ ရပခ ၏အမိန့်ကို လိုက်နာပေးရမည်ဟု ပါဝင်သည်။
PNOပြည်သူ့စစ်သည် ကျေးရွာများအတွင်း လက်နက်အားကိုး၍ ဆက်ကြေးကောက်ခြင်း လူသတ်ခြင်းများ မကြာခဏကျူးလွန်သောကြောင့် ယခုကဲ့သို့ စစ်ကောင်စီဘက်မှ ထိန်းချုပ်သင့်ကြောင်း ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက ပြောသည်။

“PNOက ဗမာစစ်တပ်ကို အားကိုးပြီး ကျေးရွာမှာ လူသတ်ချင်တိုင်း သတ်နေတာ။ ရွာတွေမှာလည်း လက်နက်ကိုင်ပြီး သေနတ်တွေ ဖောက်ပြနေတာ။ အခွန်တွေလည်း ကောက်နေတာ အများကြီးပဲ။အဲတာတွေက စစ်တပ်ရဲ့ပုံရိပ်နဲ့ လုပ်စားနေတာ။ ဗမာစစ်တပ်အနေနဲ့လည်း သူတို့ရဲ့လူ PNOကို အခုလို ပြန်ထိန်းချူပ်သင့်တယ်။” ဟု အဆိုပါ လူငယ် အမျိုးသားက ပြောသည်။

PNOပြည်သူ့စစ်သည် တောင်ကြီး၊ဟိုပုံး၊ဆီဆိုင် ၊ပင်လောင်းနှင့် အင်းလေးဘက်တွင် အဓိက လှုပ်ရှားနေပြီး စစ်ကောင်စီနှင့် ပူးပေါင်း၍ အင်းလေး၊စံကား ဒေသဘက်တွင် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...