ပင်လောင်းမြို့နယ်အတွင်း သီတင်းတစ်ပတ်ကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေ

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်သော ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းတစ်ပတ်ကျော်ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆောင်းပြောင်းရွာ အနောက်ဘက် ဘုရားတေောင်ခြ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDFနှင့် ပူးပေါင်းအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့က မေလ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။

“ဆောင်းပြောင်းဘက်မှာတော့ ဒီနေ့အထိတော့ တိုက်ပွဲဖြစ်နေတယ်။ ပြီးတော့ ကမ်းအရှေ့ဘက်က ရေနက်ရွာ၊ ထီခုတ်ရွာဘက်လည်း ဖြစ်တယ်။ ဆောင်းပြောင်းကတော့ အိမ်ခြေကတစ်ထောင်ကျော်လောက်ရှိတော့ တော်တော်များများရှောင်ကြတယ်။ စစ်ဘေးရှောင်ကတော့ လေး၊ ငါးထောင်လောက်ရှိတယ်။ အခုတော့ နီးစပ်တဲ့ရွာနဲ့ ဆွေမျိုးတွေဆီမှာ ရှောင်ကြတယ်” ဟု ပင်လောင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ စစ်ဘေးရှောင်များ

ဆောင်းပြောင်းကျေးရွာသည် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နှင့် မိုင် ၁၀၀ ခန့်သာ ကွာဝေးသည်။

အဆိုပါ တိုက်ပွဲကြောင့် ဆောင်းပြောင်းကျေးရွာအတွင်းရှိ အိမ်ခြေတစ်ထောင်ကျော် ခန့်မှန်းခြေ လူဦးရေ လေးထောင်ကျော် နီးစပ်ရွာသို့ စစ်ဘေးရှောင်နေကြရကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ ကြာဦးမယ်ထင်တယ်။ အခုလည်း မိုးသွင်းရောက်ပြီဆိုတော့ အဓိကသူတို့စားသောက်ဖို့ ဆန်၊ ဆီ၊ ဆားနဲ့ သူတို့ယာယီနေထိုင်ဖို့ အမိုးအကာ၊ ဝါးတွေလိုအပ်တယ်။ တိုက်ပွဲကြာလာရင်တော့ စားဖို့သောက်ဖို့ မရှိမှာ စိုးရိမ်တယ်” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

လက်ရှိ ပင်လောင်းမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းများလည်း မရှိသကဲ့သို့ စစ်ဘေးရှောင်များကို လာရောက်ကူညီနေသည့် အဖွဲ့အစည်းများလည်းမရှိကြောင်း ဆိုသည်။

“ဟို့တစ်ခေါက်က တိုက်ပွဲစဖြစ်တုန်းကလိုမျိုး စစ်ဘေးရှောင်တွေကို လာကူညီနေတဲ့အဖွဲ့တွေတော့ မရှိတော့ဘူး။ မရှိတော့ဘူးဆိုတာထက် လာဖို့လမ်းကြောင်းက ခက်တာပေါ့။ လမ်းမှာက စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကန့်သတ်ချက်တွေများတော့ လာလို့အဆင်ပြေဘူးလေ။ အလှူရှင်တွေက မရှိတော့ဘူး” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။

ဆောင်းပြောင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ၏ ဗဟိုပြန်ကြားရေး တာဝန်ခံ တာအယ်စိုးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားရှင်းမရှိသေးပေ။

ပအိုဝ်းပြည်သူ့စစ် PNO ကတော့ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေပြီး ဒရုန်းကိုအသုံးပြုကာ KNDF၊ PNDF နှင့် PDF တို့ကို ရှင်းထုတ်နေကြောင်း ၎င်းတို့လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းသည် ကရင်နီပြည်အတွင်း ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသည်။

ထိုလမ်းပိုင်းကို ပြန်ထိန်းချုပ်လိုသည့် စစ်ကောင်စီက ဆီဆိုင်၊ ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးနေသလို ကရင်နီပြည်နယ်အတွက် တံခါးပေါက်အဖြစ် အရေးပါသော ဖယ်ခုံနှင့် မိုးဗြဲမြို့ကို စစ်ကြောင်းထိုးဖောက်ဝင်ရောက် မလာရန်အတွက် ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့များက ထိုးစစ်ဆင်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...