PNO

ကရင်နီသို့ စစ်ကြောင်းထိုးဖောက်နိုင်ရေး စစ်ကောင်စီ ကြိုးပမ်းနေ

သျှမ်းတောင်မှ ကရင်နီ (ကယား) ပြည်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်နိုင်ရန်အတွက် ပအိုဝ်းပြည်သူ့စစ် (PNO) စစ်အင်အားသုံးပြီး ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် နယ်စပ်ဒေသရှိ ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ PNO စိုးမိုးထားသည့် ပင်လောင်းမြို့ကို အခြေပြုပြီး စစ်ကောင်စီတပ်သည် ထောက်ပို့လမ်းကြောင်းအရ အရေးပါသော ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို...

ဆီဆိုင်တွင် တိုက်ပွဲအခြေနေကြောင့် ဒေသခံများ ထပ်မံစစ်ရှောင်ရန် ပြင်ဆင်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ အခြေနေများကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာဖက်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNO)နှင့် တော်လှန်ရေးအင်အားစုတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး ကျေးရွာဖက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။ ယမန်နှစ်(၂၀၂၄ ခုနှစ် ဇန်နဝါရီလ...

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်ထဲ စစ်ကောင်စီ ဗုံးကြဲ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားဖြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံထိခိုက်ပျက်စီးသွားခဲ့ကြောင်း PNLA မှ ယနေ့ (ဇန်နဝါရီ ၁၅)ရက်တွင် ထုတ်ပြန်သည်။ ယမန်နေ့(ဇန်နဝါရီလ ၁၄ ရက်) ညနေ ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး နောင်ထောဝ်...

PNLA စစ်သုံ့ပန်း (၅)ဦးကို မသတ်ဖြတ်ကြောင်း PNO ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီဆုံ ကျေးရွာအနီးတိုက်ပွဲတွင် ဖမ်းဆီးရမိသည့် PNLA ၏စစ်သုံ့ပန်း (၅)ဦးကို PNOက သတ်ဖြတ်ခဲ့ပြီး တိုက်ပွဲတွင် ကျဆုံးသည်ဟု PNOမှ ငြင်းဆိုသွားခဲ့သည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) နေ့ ညနေပိုင်းတွင် ထီဆုံ ကျေးရွာအနီး တိုက်ပွဲ၌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)...

စစ်ကောင်စီ၏ ဘက်တော်သား PNO က ဆီဆိုင်ကို ပြန်လည်ထိန်းချုပ်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) လက်လွတ်ထားရသည့် နယ်မြေကို ပြန်လည် ထိန်းချုပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) ညနေပိုင်းတွင် PNOမှ လက်လွှတ်ထားရသည့် ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်စွဲရာနေရာကို ၎င်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PNO အရာရှိတစ်ဦးက...

ဆီဆိုင်နယ်စပ်တိုက်ပွဲတွင် PNO ဘက်မှ ကလေးစစ်သားနှစ်ဦး အပါအဝင် စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးအနီး တိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် (PNO) ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးအပါဝင်စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ ကြောင်း တော်လှန်ရေးအင်အားစုအဖွဲ့ထံမှစုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၉)ရက် နေ့ မနက် (၅)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ အထိုင်ချသည့် ရွှေတစ်ဂူစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုကဲ့သို့...

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်များ နေရပ်မပြန်လျှင် နေအိမ်ချိတ်ပိတ်မည်ဟု PNO ခြိမ်းခြောက်

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်းနေထိုင်သည့် စစ်ဘေးရှောင်များ မိမိနေရပ်သို့မပြန်လျှင် နေအိမ်များကို ချိတ်ပိတ်သွားမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ခြိမ်း‌ခြောက်နေကြောင်း သတင်းရရှိသည်။   ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့သည် ၂၀၂၄ခုနစ် နိုဝင်ဘာ ၂၄ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူများ နီးစပ်ရာ မြို့၊ရွာများတွင် ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။  ထို့စစ်ဘေးရှောင်များကို စစ်ကောင်စီ၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဇန်နဝါရီလ ပထမပတ်တွင် နေရပ်ပြန်ရန် နှင့် နေရပ်မပြန်လျှင် နေအိမ်များချိတ်ပိတ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့(PNO) တပ်သားတွေက  မနေ့ကပြောလာတယ်။ မပြန်လို့ မရဘူး တဲ့ မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်တဲ့။ ပြန်ရင်လည်းစစ်ဝတ်စုံဝတ်ပြီးတော့ ကင်းစောင့် ရမယ်။ ကင်းမစောင့် ပေးနိုင်ရင်လည်း တစ်လကို ၂ သောင်းခွဲလောက်ပေးရမယ်တဲ့။အဲ့လိုတွေလုပ်နေတော့ တခုမဟုတ် တခုက ခံကိုခံရမှာလေ။”ဟု ၎င်း အမျိုးသားက ဆိုသည်။  လက်ရှိ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့ပေါ်၊ နောင်တရား၊ ညောင်ရွှေနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး နေရပ်ပြန်ရန်အခက်အခဲများကြုံတွေ့နေသည့် မိသားစုများလည်း ရှိနေကြောင်း လည်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။  “တချို့ က ရွာကိုပြန်တာတွေလည်း ရှိတယ်။ထွက်ပြေးပြီးကတည်းက ရွာမှာအလုပ်က သိပ်မရှိတော့ဘူး။ အဲ့တော့ရွာမှာ ကလည်းတချို့ကမနေချင်ကြဘူး။ တိုက်ပွဲလည်း...

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA...

ညောင်ရွှေမြို့နယ်အတွင်း PNO စစ်သားများ ဘိန်းစတင်စိုက်ပျိုးလာ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ပင်စုံနှင့် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)များ ဘိန်းစတင်စိုက်ပျိုးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ပင်စုံနှင့် စံကားဒေသတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့ သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ )တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကာ ဒီဇင်ဘာလ၌ တိုက်ပွဲ...

အတိတ်နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်မြုပ်နေသော ပအိုဝ်းအဖွဲ့အစည်းများ

“ပအိုဝ်းပြည်နယ်သစ်‌ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။ သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏...

Latest news