စံကားမြို့ရှိ စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး အကူအညီလိုအပ်

သျှမ်းပြည် ညောင်‌ရွှေမြို့နယ် စံကားမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ထဲမှ ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ – ပင်လောင်း – ဖယ်ခုံမြို့နယ် အစပ်တို့တွင် စစ်ရေးတင်းမာမှုကြောင့် စံကားမြို့ အတွင်းသို့ စစ်ဘေးရှောင် ၅၀၀ ခန့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရ‌သည်။

လက်ရှိ စံကားမြို့ပေါ်တွင် ရောက်‌ရှိနေသည့် စစ်ဘေးရှောင် ကလေးငယ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်မှစ၍ ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခြင်းတို့ ကြုံတွေ့နေရသည့်အပြင် သွေးအကူအညီများလည်း လိုအပ်နေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ကောင်စီလေကြောင်းကြောင့် ထွက်ပြေးနေရတဲ့ပြည်သူများ

“ရာသီအပြောင်းအလဲကြောင့် နေမကောင်း ဖြစ်နေကြတာပေါ့။ ကျမတို့ဆီမှာ ကျန်မာရေး အကူအညီ ရနေတာမျိုး မရှိဘူး။ တချို့ကလေးတွေက ဖျားလို့ ဆေးရုံးတက်နေရတာ ရှိတယ်၊ ဝမ်းလျှောနေကြတာ တချို့ကလေးတွေက ကျန်းမာ‌ရေးမကောင်းလို့ သွေးသွင်းနေရတာ ရှိတယ်။ သွေးကင်ဆာ ဖြစ်နေတဲ့ ကလေးအတွက်ကလည်း သွေးတွေလိုအပ်တဲ့ အကူအညီက ရှိပြန်တယ်”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များသည် နီးစပ်ရာ ဆွေမျိုးများ၊ ပြောင်းပွဲရုံနှင့် ဘုန်းကြီးကျောင်းတို့တွင် ထွက်ပြေး တိမ်းရှောင်နေရသည့်အတွက် နေရာထိုင်ခင်းအပြင်၊ စားသောက်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး အကူအညီများလည်း လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများမှာ ဘုရားတောင်၊ လွယ်နွဲ့၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ အိမ်မူ၊ တောင်ပို့ကွဲ၊ ဟိုပန် စသည့် ကျေးရွာဒေသခံများဖြစ်ပြီး လူဦးရေ (၃) ထောင်ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

မှော်ဘီကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စ၍ ယခု ဖေဖော်ဝါရီ လလယ်အထိ (၅) လကျော်ကြာ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံး စက်သုံးဆီပုံးများကိုပါ သယ်ဆောင်ခွင့်မပြုကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...