အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင် 

လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။

ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။ 

ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ အနားယူစရာ တောင်ပေါ်စခန်း “ မဲနယ်တောင်ဒေသ” ဟု လူသိများခဲ့သည်။ 

“ စစ်အာဏာမသိမ်းခင်ကတော့ မဲနယ်တောင် က ခရီးသွားဧည့်သည်တွေလည်ပတ်တာများတယ်။ အုပ်စုလိုက် အနားလာယူတာ ကမ့်ပင်း(campaign) လာလုပ်ကြတယ်။ နောက် Home stay တွေနေပြီး ဒေသအကြောင်း လာလေ့လာကြတယ်။ အရမ်းစိတ်အေးချမ်းသာတဲ့နေရာလေးတစ်ခုပါ” ဟု ဒေသခံ အမျိုးသမီး တစ်ဉီးက ပြောပြသည်။ 

၂၀၂၄ ခုနစ်မတိုင်ခင်က မြင်တွေ့ရသည့် မဲနယ်တောင်ဒေသ နေအိမ်များ

မဲနယ်တောင်ဒေသ အကြောင်းကို ပြောရမည်ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ကျော် စစ်အာဏာရှင် ဦးသန်းရွှေ လက်ထက်တွင် ဘိန်းစိုက်ပျိုးမှုဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့ဖူးသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း မဲနယ်တောင်ဒေသသည် ဘိန်းစိုက်ပျိုးမှုမှ တဆင့် UNODC (မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး)မှ ဘိန်းအစားထိုးစိုက်ပျိုးရန် နှစ်ရှည်ပင်ဖြစ်သော ကော်ဖီ၊ ထောပတ် နှင့် ပန်းမျိုးစေ့ စရှိသည့် ထောက်ပံ့ပေးမှုကို ပြုလုပ်ပေးခဲ့ရာ ဒေသဖွံ့ဖြိုးမှု အတွက် ထိရောက်မှု အနည်းငယ်ရှိခဲ့သည်။ 

ထိုအချိန်မှစပြီး ဘိန်းစိုက်ပျိုးမှုလျော့ကျလာကာ ခရီးသွားလုပ်ငန်းကို ထည့်သွင်းပြုလုပ်လာသဖြင့် အောင်မြင်မှုအစ ပျိုးနိုင်ခဲ့သည်။ 

သို့ပေမယ့် ကံမကောင်းစွာဖြင် ၂၀၂၁ခုနစ် ဖေဖော်ဝါရီ ၁ရက်မှာ စစ်အာဏာ တဖန် ပြန်သိမ်းမှုကြောင့် ကမောက်ကမ ပြန်ဖြစ်လာပြီး အောင်မြင်မှု အစပျိုးနေတဲ့ ခရီးသွားလုပ်ငန်းလည်း စတင်ယိုယွင်းလာကာ ယခင်က နာမည်ဆိုးဖြင့် အောင်မြင်ကျော်ဇောခဲ့သော ဘိန်းစိုက်ပျိုးမှုကို ပြန်လည် ပြုလုပ်လာကြသည်။ 

“ အရင်က ဆို မဲနယ်တောင်လို့ပြောလိုက်တာနဲ့ ဘိန်းစိုက် ဘောစိပဲလို သူများပြောကြတယ်။ နောက် ခေတ်ကောင်းလာတော့ မဲနယ်တောင်က ခရီးသွားဧည့်သည်တွေနဲ့ နာမည်ပြန်ကောင်းလာတယ်။ အခုတော့ ဘိန်းပင်စိုက်နေပြီ နာမည်ဆိုးနဲ့ပြန်ကြီးတော့မယ်” ဟု ဘိန်းစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဉီးမောင်က ရယ်မော ကာပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနစ်အထိ သျှမ်းပြည်တောင်ပိုင်း မဲနယ်တောင်ဒေသသည် အခြားပြည်နယ်နင့်တိုင်းကဲ့သို့ စစ်ရေး ပဋိပက္ခမဖြစ်ပွားသေးသော်လည်း ခက်ခဲမှုသိပ်မရှိသေးပေ။ 

၂၀၂၄ ခုနစ် တိုက်ပွဲကြောင့် မီးရှို့ခံရသည့် မဲနယ်တောင် ဒေသ နေအိမ်

သို့သော် ၂၀၂၄ခုနစ် ဇန်နဝါရီ ၂၁ရက်တွင် မဲနယ်တောင်ဒေသအတွင်း ပအိုဝ်းပြည်သူ့စစ် (PNO)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးမြောက်ရေး တပ်တော် (PNLA) တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ နေအိမ်(၂၀) ကျော် ပျက်စီးပြီး ပြည်သူ သုံးဦး သေဆုံးခဲ့ရသည်။

ထိုတိုက်ပွဲဖြစ်ပွားကာ အရပ်သားနေအိမ်များ နလံမထူနိုင်သေးခင် ၂၀၂၄ခုနစ် စက်တင်ဘာလမှာလည်း ရေကြီးသည့် ဒဏ်ကို အလူးအလိမ့်ပြန်ခံရသည်။

ရေကြီးဒဏ်ကြောင့် နေအိမ် အလုံး(၈၀)ကျော် ရွာလုံးနီးပါး ပျက်စီးမှုနှင့် ပြည်သူ (၂၀)သေဆုံးမှုကြောင့် ပိုင်ဆိုင်ထားသမျှ ရေစုန်မျှောပြီး လက်ရှိအချိန်ထိ ပြန်လည်ရုန်းထရန် ခက်ခဲနေဆဲပါ။ 

ဒီတောင်ကျရေကြောင့် စိုက်ပျိုးမြေလည်း ပျက်စီးကာ သီးနှံပင်စိုက်ရန် ရင်းနှီးငွေမရှိသကဲ့သို့ မြေသြဇာဝယ်ယူရန် နုန်းတင်မြေကို ကော်ရန် အခကြေးငွေကလည်း မရှိတော့ပေ။

ထို့ကြောင့် ယခင်ကာလကဲ့သို့ တောတောင် လူသူမရှိသည့် အရပ်မှာ ဘိန်းစိုက်ပျိုးရန် ခက်ခဲနေသောကြောင့် ကျေးရွာအနီးတွင် PNO ကို အခွန်အခပေးကာ စိုက်ပျိုးနေကြောင်း ဉီးမောင်က အားတက်သရော လေသံဖြင့် ပြောပြနေသည်။ 

“ အရင်ကလို တောင်ပေါ်တက်ပြီး ဘိန်းမစိုက်နိုင်တော့ဘူး။ တချို့အခင်းတွေဆို မြေပြိုထဲပါသွား၊ အခုရွာအနီးအနားမှာ ဘိန်းခွန်ပေးပြီး စိုက်ကြတာ။ အရင်လို တောင်ပေါ်တက်ပြီး အချိန်ကုန်သွားစိုက်စရာ မလိုတော့ဘူး” ဟု သူက ပြုံးပျော်ပြီး ပြောသည်။ 

ထိုကဲ့သို့  ဘိန်းတကြိမ် စိုက်လျှင် ကျပ်ငွေ ၄သောင်း ( ၄၀၀၀၀) မှ ကျပ်ငွေ ဆယ်သိန်း အထိ PNOနှင့် စစ်ကောင်စီထံ ဘိန်းခွန်ဆောင်ရ သကဲ့သို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားများ လာရောက်တောင်းခံရင်လည်း အငြိုအငြင် မရှိ ပေးကမ်းရကြောင်း ဉီးမောင် က ဆိုပြန်သည်။ 

ဘိန်းစိုက်ပျိုးသူများထံ အခွန်ကောက်ခံသည်မှာ ပအိုဝ်းလူမျိုးများ၏ အကျိူးစီးပွားရေးနှင့် ကာကွယ်ရေး အတွက်သာ လုပ်ဆောင်နေရကြောင်း၊ ပအိုဝ်းလူမျိုးများ၏ဖွံ့ဖြိုးရေးကို ရှေ့ရှူ၍ ဘိန်းများအခွန်ဆောင်သောသူမျှသာ စိုက်ပျိုးခွင့်ပြု ထားကြောင်း PNO အရာရှိတစ်ဉီးက ရှင်းပြသည်။​

“ဘိန်းအခွန်ဆောင်တဲ့ သူတော့ စိုက်ပျိုးရမယ်။ မဆောင်ရင်တော့ စိုက်ပျိုးခွင့်မရှိပေါ့။ အများကြီးလည်း မဆောင်ခိုင်းပါဘူး။ သူတို့ စိုက်တဲ့ ဧကပေါ် မူတည်ပြီး ဆောင်ရတာပါ။ ဒီအခွန်တွေကိုလည်း ကျနော်တို့ ပအိုဝ်းပြည်သူတွေကာကွယ် ဖို့အတွက်ပဲ အသုံးပြုသွားမှာ ဖြစ်တယ်။” ဟု ၎င်းက ဆိုသည်။​

အဓိက PNO ထိန်းချုပ်သည့်ဒေသဖြစ်သည့် ဟိုးပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့်ပင်လောင်းမြို့နယ် အတွင်း ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသဖြစ်သည်။ 

မဲနယ်တောင် ဒေသ ဘိန်းစိုက်ခင်း

သို့သော် PNO ထိန်းချုပ်သော ဒေသဖြစ်ပြီး ဘိန်းစိုက်ပျိုးခွင့်အခွန်ကို PNO တပ်ဖွဲ့ တစ်ခုတည်းကိုသာ ပေးဆောင်ရခြင်းမဟုတ်ဘဲ စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ရဲများကိုပါ တောင်းသမျှငွေ ပေးဆောင်နေရပြီး၊ မပေးဆောင်နိုင်ပါက ရဲတပ်ဖွဲ့၏ ဘိန်းခင်း ဖျက်ဆီးခြင်းကို ခံရသောကြောင်း ဝင်ငွေလမ်းများ နှောင့်နှေးရကြောင်း ဉီးမောင်က စိတ်မကောင်းစွာဖြင့် ပြောသည်။ 

ငွေရွှင်သော ပြည်သူများအနေဖြင့် ဘိန်းစိုက်ပျိုးရန် အတွက် တောင်းသမျှ အဖွဲ့ကို အခွန်ဆောင် စိုက်ပျိုးနိုင်သော်လည်း ငွေကြပ်တည်းမှုရှိသောပြည်သူအဘို့ ဘိန်းစိုက်ပျိုးခြင်းထက် ရာသီ သီနှံကိုသာ စိတ်အေးလက်အေး စိုက်ပျိုးချင်ကြသည်။ 

သို့ပေမယ့် လက်ရှိအနေအထားအရ ရာသီသီနှံစိုက်ပျိုးရန် ရေကြီးမှုကြောင့် ဖြစ်ခဲ့သော ဆိုးကျိုးထဲက လယ်ဧကများထဲ နုန်းများ၊ သစ်တုံများ ကျောက်တုံးများ ဖယ်ရှားရှင်းလင်းရေး ကုန်ကျစရိုက် အလွန်ပင်များနေသည်။ 

“ ဘိန်းစိုက်ရင် ဟိုအဖွဲ့ ဒီအဖွဲ့ကို ပေးရတာနဲ့ စိတ်ရှုပ်လို့ သီးနှံပင်စိုက်မယ်လုပ်တော့လည်း ရေကြီးတုန်းက နုန်းမြေတွေ ရှင်းတာ တစ်နာရီကို တစ်သိန်းဆိုတော့ မပေးနိုင်ဘူး။ စက်ငှားတာ သိန်း (၆၀)ကုန်နေပြီး။ လယ်စိုက်ဖို့ကလည်း မလွယ်ဘူး” ဟု လယ်ဧက ဆုံးရှုံးခဲ့သည့် ဦးစိုင်းက စိတ်ပျက်ဟန်ဖြင့်ပြောသည်။ 

မဲနယ်တောင်ဒေသ ဘိန်းစိုက်ခင်း

ဘိန်းစိုက်ပျိုးလျှင် ပွဲစားများက အိမ်ထိလာရောက်ကာ ဈေးကောင်းပေးဝယ်နေကြပြီး ကုန်စိမ်းသီးနှံများသည် ဘိန်းစိုက်ပျိုးသည်လောက် ဈေးကောင်းမရရှိသော်လည်း အခွန်ဆောင်ရန်မလိုသောကြောင့် စိတ်ချလက်ချ စိုက်စားလို့ရသည်ဟု  ဦးစိုင်းက ဆိုသည်။

ယခုလက်ရှိ ဘိန်းပေါက်ဈေးမှာ တစ်ပိဿလျှင် ကျပ်(၁၅)သိန်းအထိ ဈေးရှိပြီး အနိမ့်ဆုံးဈေးမှာ ကျပ်(၈) သိန်းရှိသည်။

မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ဒေသများထဲမှ သျှမ်းပြည်နယ်သည် ၈၈ ရာခိုင်နူန်းဖြင့် ဘိန်းစိုက်ပျိုးမှု အထင်ရှားဆုံးဖြင့် ရပ်တည်နေသည်ဟု UNODCက ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဘိန်းစိုက်ပျိုးမှုသည် ၄ ရာခိုင်နူန်း ကျဆင်းသွားပြီး ထုတ်လုပ်မှုမှာ ၈ ရာခိုင်နူန်း ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။ ထို့သို့ကျဆင်းသွားသော်လည်း နိုင်ငံရေးအခြေနေကြောင့် ဆက်လက်မြင့်တက်နိုင်သည်ဟု ဆိုသည်။

မဲနယ်တောင်ဒေသ ရေကြီးမှု တောင်ကျရေကြောင့် ပျက်စီးဆုံးရှုံးမှု

 မဲနယ်တောင် ဒေသ အတွင်းPNO တပ်ဖွဲ့၏ စစ်မှုထမ်းအကောက်ကြမ်းမှု၊ စစ်ကောင်စီ၏ စစ်မှုထမ်း ဉပဒေကြောင့် အရွယ်ရောက်သည့် လူငယ်များသည် မိမိနေရပ်ကို စွန့်ခွာပြီး တော်လှန်ရေး ထဲသို့ ဝင်ရောက်သူများရှိသကဲ့သို့ အိမ်နီးချင်းနိုင်ငံသို့  ရွှေ့ပြောင်းပြီး ဝမ်းရေး အတွက် ရုန်းကန်နေရသူများလည်း ရှိကြသည်။

“ ကိုယ်ဒေသမှာနေရင် PNO ထဲဝင်ရမယ်။ ဒါမှမဟုတ် စစ်ကောင်စီရဲ့ စစ်မှုထမ်းကောက်တာသွားရမယ်။ ဒါကြောင့် ထိုင်းဘက်ကို လာအလုပ်လုပ်တာ။ ကိုယ့်ဒေသမှာတော့ အေးအေးချမ်းချမ်းနဲ့ စိုက်ပျိုးရေးပြန်လုပ်ချင်တာပေါ့” ဟု ခွန်စိုးက ဆိုသည်။ 

စစ်အာဏာသိမ်းပြီး (၄)နှစ်ကျော်ကာလ အတွင်း မြန်မာပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာသဖြင့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းကို ဦးတည်ပြီး ဝမ်းရေးအတွက် ရုန်းကန်ကြကာ ကျေးလက်ဒေသ အတွင်း တွင် အသက်ကြီးသူများသာ ကျန်ခဲ့သည်။ 

ထို့ကြောင့် နောင် အနာဂတ်အတွက် စိုက်ပျိုးရေးကိစ္စနှင့် လယ်ယာကိစ္စကိုလည်း စိုးရိမ်နေရကြောင်း ခွန်စိုးက ပြောသည်။


“အခု ကျနော်တို့ရွာမှာဆိုရင် အသက်ကြီးသူပဲကျန်တော့တယ်။ လူငယ်တွေကတော့ ပြေးကြတာပေါ့။ ရှေ့ဆက်အတွက် အစစအရာရာစိတ်ပူနေရတယ်။ အခုက စိုက်ပျိုးရေးလည်း လုပ်မရ၊ ကုန်စျေးနှုန်းကကြီးနေတော့ နောက်နှစ်အတွက် စိတ်ပူနေရတယ်”  ဟု ၎င်းက ဖြည့်စွတ်ပြောသည်။ 

စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များကြောင့် မဲနယ်တောင်ဒေသ ၏ အလှတရားများလည်း အဘက်ဘက် ယိုယွင်းပျက်စီးကာ၊ တော်လှန်ရေး စစ်ရေးပဋိပက္ခပြီးဆုံးသွားလျှင် ပြန်လည်ပြုပြင်ရန် အားမွေးရမည်ဟုလည်း မဲနယ်တောင် လူငယ်များက ပြောဆိုလိုက်သည်။

“အရင်လို ပျော်ဖို့ကောင်းတဲ့ အချိန်တွေပဲ ပြန်လိုချင်တယ် ။ခုလို ခေတ်ပျက်ကြီးထဲမှာ စိုးရိမ်စိတ်နဲ့ အနေချင်‌တော့ဘူး။ အရင်က သာယာလှပခဲ့တဲ့ ကျနော်တို့ မဲနယ်တောင် ဒေသကိုပဲ ပြန်တမ်းတ မိတယ်။” ဟု ဦးစိုင်းတစ်ယောက် လွမ်းမောစိတ်ဖြင့် မျှော်လင့်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

နှစ်ထပ်ကွင်း စစ်မှုထမ်းစနစ်နှင့် ငွေညှစ်မှုကြောင့် သျှမ်းတောင်ဒေသခံများ လူမှုဘဝ ပြိုလဲလုနီးဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းသာမက ပအိုဝ်းပြည်သူ့စစ် (PNO) ၏ လူသစ်စုဆောင်းမှုနှင့် ဆက်ကြေးကောက်ခံမှုများကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းကျေးရွာအုပ်စုနှင့် တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုတို့တွင် ယခု (ဖေဖော်ဝါရီလ) လဆန်းမှ စတင်ပြီး စစ်မှုထမ်းကြေး၊ ဆက်ကြေးနှင့်...