Tuesday, January 27, 2026

စံကားဒေသတွင် PNO မှ ဆက်ကြေး ထပ်မံကောက်ခံနေ

သျှမ်းပြည် ‌ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ဒေသခံများထံ ဆက်ကြေးအခွန်များ ထပ်မံကောက်ခံ နေကြောင်း စုံစမ်းသိရသည်။

ယခုနှစ် ၂၀၂၅ မတ်လမှ စတင်ပြီး စံကားဒေသရှိ ပြည်သူများထံ ကားရှိသော အိမ်များကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO)က ဆက်ကြေး အခွန်များ ထပ်မံကောက်ခံနေကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလကနေ စပြီးကောက်နေတာ။ ကားကြီး၊ကားသေး၊ ထော်လာဂျီကအစ အကုန် ကောက်နေတာ။ ကားပေါ်မူတည်ပြီး ထည့်ပေးနေရတာ။ စစ်ရှောင်တွေကိုတော့ မကောက်ပါဘူး”ဟု အသက် ၄၀ ဝန်းကျင် ၎င်းဒေသခံ အမျိုးသမီးက ပြောသည်။

လက်ရှိ PNO ကောက်ခံနေသည့် ဆက်ကြေးစျေးနှုန်းများမှာ ယာဉ်ငယ်ဖြစ်ပါက ကျပ်ငွေ ၅သောင်းမှ ၁ သိန်းထိ ပေးဆောင်ရပြီး၊ ယာဉ်ကြီးတစ်စီးလျှင် ကျပ်ငွေ ၅ သိန်းအထိ ပေးဆောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့သည် ကား ကြီး/သေး၊ ထော်လာဂျီ အခွန်ငွေများ ကောက်ယူသည့်အပြင် PNO ၏ စစ်သားများအတွက် ငွေကြေးများလည်း ကောက်ယူခြင်း၊ စစ်မှုထမ်းလူဦးရေ ကောက်ယူခြင်းတို့ကိုလည်း ပြုလုပ်လေ့ရှိကြောင်း သိရသည်။

PNO တပ်ဖွဲ့မှ ၂၀၂၄ သြဂုတ်လတွင် စစ်အင်အားပြပြီးနောက် ၎င်းတို့လှုပ်ရှားသည့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြ၍ ဆက်ကြေး ကောက်ခံမှုများပြုလုပ် နေခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် မြန်မာပြည်အတွင်းရှိ ဟိုတယ်လုပ်ငန်း၊ စတီးလ် လုပ်ငန်း၊ ဝိုင် နှင့် ဘိလပ်မြေလုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း၊ ပတ္တမြားနှင့် ကျောက်မျက် ရတနာလုပ်ငန်း၊ ရွှေ၊ ခနောက်စိမ်း ခဲမဖြူ၊ အဖြိုက်နက် အပြင် အိမ်ခြံမြေလုပ်ငန်းများ စသည့် ပိုင်ဆိုင်မှုများစွာ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...