PNO အထူးဒေသ (၆) အတွင်း လိုင်စင်မဲ့ ကားများ ဖမ်းဆီးမည်ဟု ထုတ်ပြန်လာ

ပအိုဝ်း ပြည်သူ့စစ် (PNO ) အထူးဒေသ (၆) အဖြစ်သတ်မှတ်ထားသည့် သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့နယ် အတွင်းသို့ ဖြတ်သန်းသွားလာမည့် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးမည်ဟု PNO က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန်ချက်သည် မတ် ၄ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များသည် PNOထိန်းချုပ်ထားသည့် အထူးဒေသ (၆)အတွင်း ဖြတ်သန်းသွားလာမည်ဆိုလျှင် ဖမ်းဆီးထိန်းသိမ်းမည် ဖြစ်ပြီး PNOဘက်မှ တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်လာသည်။

PNOထိန်းချုပ်ဒေသအတွင်း ကားနှင့်ဆိုင်ကယ်များကို ဆက်ကြေး (အခွန်)ဆောင်ထားသော်လည်း ယခုကဲ့သို့ ဖမ်းဆီးမည်ဆိုသောကြောင့် ဒေသခံများအနေဖြင့် အခက်ကြုံတွေ့နေရသည်ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆက်ကြေးဆိုလည်း လတိုင်းထည့်ပေးနေတာကို အခုလည်း လိုင်စင်မရှိတာ ဖမ်းအုံးမယ်ဆိုတော့ ကျနော်တို့ ပြည်သူတွေပဲ ဒုက္ခရောက်ပြီးရင်း ရောက်နေရတာ။ ကျနော်တို့ အခွန်ဆောင်တာနဲ့ မလုံလောက်သေးဘူးလားလို့ PNOကို မေးချင်တယ်။ အခွန်ဆောင်ထားကြောင်း ကတ်လည်းရှိတာကို မလုံလောက်သေးတော့ ဖမ်းတာထင်တယ်။” ဟု၎င်းအမျိုးသာားတစ်ဦးက ပြောသည်။

PNO ထုတ်ပြန်ချက်

ထို့အပြင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းမှာ စစ်အသုံးစရိတ်အတွက် အခွန်တိုးကောက်လို၍ ထုတ်ပြန်ထားခြင်း ဖြစ်နိုင်ကြောင်းနှင့် တဘက်တွင်လည်း ကားများကို ချောဆွဲ အသုံးပြုလိုသောကြောင့် ဖမ်းခြင်းဖြစ်နိုင်ကောင်း ၎င်းက ထပ်လောင်းပြောသည်။

လိုင်စင်မဲ့ ကားများသည် ဈေးသက်သာမှုကြောင့် ပြည်သူများ၏ ဝင်ငွေနှင့် ကိုက်ညီ၍ ဝယ်စီးကြပြီး လိုင်စင်မလုပ်ရခြင်းမှာ ဝယ်ထားသည့် ကားဈေးထက် နှစ်ဆ ပို၍ကုန်ကျကာ အချိန်ကြာမြင့်စွာ လုပ်ဆောင်ရသောကြောင့် လိုင်စင်များမလုပ်ကြခြင်းဖြစ်သည်ဟု လိုင်းစင်မဲ့ ကားပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ တောင်ကြီးမြို့တွင်လည်း လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကို ယာဉ်ထိန်းရဲများက စတင်ဖမ်းဆီးနေပြီး ပိုက်ဆံဖြင့် လိုက်ရွေးခွင့်မရဘဲ အပြီးပိုင် သိမ်းဆည်းလိုက်သည်ဟု မြို့ခံများက ပြောသည်။

“ဒီနေ့ (မတ်လ ၇) ရက်ဆို အရမ်းဖမ်းနေပြီ။ ဘယ်လမ်းကမှ မလွတ်လောက်အောင်ပဲ ဖမ်းနေတာ။ ဆိုင်ကယ်တော်တော်များများ ပါကုန်ကြပြီ။ ကားတွေလည်း ဖမ်းသွားတာမြင်တယ်။ အရင်လို ပိုက်ဆံနဲ့ လိုက်ရွေးလို့မရတော့ဘူး။ သူတို့လုံးဝ သိမ်းလိုက်ပြီ။” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကဲ့သို့ အဖမ်းဆီးများနေသောကြောင့် မြို့ခံများအနေဖြင့် လိုင်စင်မဲ့ ကား၊ဆိုင်ကယ်များဖြင့် အသွားလာ မလုပ်ကြဖို့နှင့် သွားလာရေးတွင် သတိဝီရိယဖြင့် သွားလာစေလိုကြောင်း ၎င်းက အကြံပြုပြောဆိုထားသည်။

လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို အဖမ်းအဆီးများလာချိန် ကားပိုင်ရှင်အချို့သည် ရသည့်ဈေးနှင့် ရောင်းထုတ်နေကြပြီး ရလာသည့် ပိုက်ဆံများကို အရင်းနှီးများ လုပ်ထားကြသည်ဟု သိရသည်။

ယခုကဲ့သို့ PNOထိန်းချုပ်နယ်မြေအတွင်း လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ် ဖမ်းဆီးနေခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ကျေးရွာအတွင်းထိ လာရောက်ဖမ်းဆီးမှုများလုပ်လာနိုင်ကြောင်း ပင်လောင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်တွင်လည်း တောင်ကြီးမြို့တွင်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ပြီး ဆိုင်ကယ်များကို ကျပ်(သိန်း ၂၀) ဒဏ်ငွေဆောင်ခိုင်းပြီး ကားများကို သျှမ်းမြောက်သို့ ပို့ဆောင်လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...