ဟိုပုံးတွင် အသုံးမပြုတော့သည့် စက်များကအစ PNO အခွန်ပေးကောက်နေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ရှိကျေးရွာများထဲသို့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်သားများသည့် အသုံးမပြုတော့သည့် စက်များကအစ အခွန်လိုက်လံကောက်ယူနေပြီး၊ မပေးဆောင်နိုင်ပါက ကျေးရွာမှ ဖယ်ထုတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ဒေသခံများ၏ သတင်းပေးပို့ချက်အရသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၇)ရက်မှ စပြီး PNO/PNA တပ်သားများသည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများထဲသို့ အသုံးမပြုသော စက်များ၊ လက်ကြိတ်စက်များ၊ ရေအားဖြင့် အလိုအလျောက်မောင်းထောင်းသည့် စက်၊ ဆိုင်ကယ်များရှိသည့်နေအိမ်များကို လစဉ် အခွန်(ဆက်ကြေး)လိုက်လံကောက်ယူနေပြီး၊ မပေးဆောင်နိုင်လျှင် နေအိမ်ဖယ်ရှားသွားမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့က တစ်အိမ်ကို ကျပ် ၅သောင်း လတိုင်းပေးရတဲ့အပြင် နောက်ထပ်ပိုင်ဆိုင်မှုရှိတဲ့အိမ် အသုံးမပြုတဲ့စက်ရှိရင်လည်း အခွန်ထပ်ဆောင်ရတယ်။ ဆိုင်ကယ်ရှိရင်လည်း ပေးရတယ်။ အလိုအလျောက် လည်ရေအားနဲ့လှည့်တဲ့ မောင်းထောင်းတောင် (၅သောင်းကျပ်)ဆောင်ရတယ်။ တကယ်စိတ်ညစ်ဖို့ ကောင်းတယ်” ဟု ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

PNO ကို အခွန်ဆောင်နေရသည့် အလိုအလျောက် မောင်းထောင်း စက်

ထို့ပြင် နေအိမ်တွင် အသုံးပြုသော မော်တော်ယာဥ်များရှိလျှင် တစ်လလျှင် ကျပ်ငွေ ၅သောင်း၊ ဘီယာရောင်းချသည့် စားသောက်ဆိုင်များဖြစ်လျှင် ကျပ်ငွေ ၅သိန်း၊ စိန်ရွှေရတနာဆိုင်ဖြစ်လျှင် တစ်လ ကျပ်ငွေ ၁၀သိန်း နှင့် ဖုန်းဆိုင်တစ်ဆိုင်လျှင် တစ်လ ကျပ်ငွေ (၃သိန်း) အစ လိုက်လံကောက်ယူနေကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး လက်ရှိ PNO/PNA လိုက်လံကောက်နေသည့် အခွန်(ဆက်ကြေး)သည် ပအိုဝ်းအများစုနေထိုင်သည့် ကျေးရွာအပြင် သျှမ်းလူမျိုးအများစုနေထိုင်သည့် ကျေးရွာများကိုပါ လိုက်လံကောက်ယူနေကြောင်း သိရသည်။

လက်ရှိ ဆက်ကြေးများကို မပေးဆောင်နိုင်လျှင် ကျေးရွာမှ ဖယ်ရှားသွားမည်ဆိုသည့် သတင်းကြောင့် ဒေသခံများလည်း စိုးရိမ်နေကြကြောင်း ဟိုပုံးမြို့နယ်အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့က အရင်နဲ့ မတူတော့ဘူး။ သတ်မှတ်ချက်တွေ ထုတ်လာပြီဆိုတော့ ပေးရမှာပေါ့။ တစ်ရွာလုံးကလည်း ပေးဆောင်ကြတာဆိုတော့ ကိုယ်ကမပေးဘူးဆိုရင် ရွာကအပယ်ခံရမှာ။ အဲဒါတွေ ကြောက်တော့ ပေးနေရတာပေါ့။ ဘာပိုင်ဆိုင်မှုမှ မရှိလည်း ပေးနေရတာ။ စားဖို့မရှိလည်း သူတို့အတွက် ရအောင်ရှာပေးနေရတာ။” ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဟိုပုံးမြို့နယ်တွင် ဆက်ကြေး(အခွန်)သာမက စစ်မှုထမ်းအတွက် ငွေကြေးပါ ပေးဆောင်နေကြရပြီး ပြည်ပရောက်လူငယ်များ နေရပ်ပြန် စစ်မှုမထမ်းလျှင် နေအိမ်ကို ချိတ်ပိတ်သွားမည်ဟု PNO/PNA က ခြိမ်းခြောက်နေကြောင်း သိရသည်။

BWCI ၏ အစီရင်ခံအရ ၂၀၂၄ ခုနှစ်အတွင်း သျှမ်းပြည်တောင်တွင် PNA မှ ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၂၇ ဦးရှိခဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသူ ၅ ဦးခန့်ရှိကြောင်း နစ်နာသူများမှာလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် သက်ဆိုင်ခြင်းမရှိဘဲ သာမန်အရပ်သားပြည်သူများဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...