ပင်လောင်းတွင် PNO တပ်ထဲဝင်လျှင် လွတ်လပ်စွာ သွားလာခွင့်ရ၍ ဒေသခံများတပ်ထဲ အများပြားဝင်ရောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ကျေးရွာများတွင် ပအိုဝ်းပြည်သူစစ် PNOတပ်ထဲ ဝင်လျှင် လွတ်လပ်စွာ သွားလာခွင့်ရ၍ ဒေသခံများ PNOတပ်ထဲသို့ အများပြားးဝင်ရောက်နေကြသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

ပင်လောင်းမြို့နယ်သည် PNO စိုးမိုးနယ်မြေတစ်ခု ဖြစ်ပြီး သျှမ်း-ကယား နယ်စပ်အပါဝင် နေပြည်တော်နှင့် နီးစပ်သည့်ဒေသတစ်ခုလည်း ဖြစ်သောကြောင့် စစ်ကောင်စီဂိတ်၊ PNOဂိတ်များလည်း အများအပြား စောင့်ကြပ်စစ်ဆေးသည့် နေရာဒေသလည်းဖြစ်သည်။

ထိုစစ်ဆေးရေးဂိတ်များကိုဖြတ်ကျော်ချိန် သာမာန်ပြည်သူတစ်ယောက်ဆိုလျှင် တင်းကြပ်စွာ စစ်ဆေးခံရခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းများ ပြုလုပ်ပြီး PNO စစ်သားဆိုလျှင် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ရ သောကြောင့် ဒေသခံများကိုယ်တိုင် PNOတပ်ထဲ ဝင်ရောက်နေကြသည်ဟု အမျိုးသားတစ်ဦးက ပြောသည်။

“PNOစစ်သားဆိုရင် သူတို့မစစ်ဘူး။ PNOစစ်ယူနီဖောင်း ဦးထုပ် ၊ အင်္ကျီတစ်ခုပါရင် ဂိတ်မှာ အေးဆေး ဖြတ်လို့ရတယ်။ ရွာနဲ့ဝေးတဲ့ ခြံတွေမှာ စိုက်ပျိုးရေးသွားလုပ်ရင် အေးဆေးသွားလာလို့ရတယ်။ စစ်တိုက်ချင်တာတွေ ဘာတွေတော့မရှိဘူး။ လွတ်လပ်သွားလာချင်လို့ ဝင်ကြတာ။” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် PNOတပ်ထဲ ဝင်ရောက်ရာတွင် ကိုယ်တိုင် ယူနီဖောင်းဝယ်ယူပြီး စစ်သင်တန်း (၅)ရက်မှ (၁၅) သင်တန်းများကို တက်ရောက်ကြရသည်ဟု အဆိုပါ ဒေသအမျိုးသားက ထပ်လောင်းပြောသည်။
PNOပြည်သူ့စစ်ထဲ ဝင်လျှင် စစ်ကောင်စီထံ စစ်မှုထမ်းစရာမလိုကြောင်း PNOမှ ပြောကြားထားပြီး ပအိုဝ်းပြည်သူများကို ကာကွယ်ရန် တပ်ထဲ ဝင်ကြရန် တိုက်တွန်းထားသည်ဟုလည်း သိရသည်။

ဆက်လက်ပြီး PNOက ပအိုဝ်းလူမျိုးများကို စစ်ဘောင်သွင်းနေပြီး ပြည်သူ့များက အသက်ကို လောင်းကြေးထပ်၍ တပ်ထဲ ဝင်ရောက်နေခြင်းဖြစ်သည်ဟု အသက် (၂၀)ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပင်လောင်းမှာ စစ်အင်အားပြနေတဲ့ပုံ

“အခု PNOထဲ ဝင်တယ်ဆိုကတည်းက PNOအကြိုက်ပဲ။ နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲ တော့မသိဘဲ လွတ်လပ်သွားလာချင်ရုံ သက်သက် တပ်ထဲ ဝင်ကြတယ်။ အခုက PNOဆိုတာနဲ့ မျက်မုန်းကျိုးနေပြီ။ တိုက်ပွဲတွေ ဖြစ်လာရင်ပဲဖြစ်ဖြစ် ပြည်သူပဲ အထိနာတယ်။ PNOက ပြည်သူကို အသုံးချနေတာဖြစ်တယ်။” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ယခုလက်ရှိ နွေဦးတော်လှန်ရေးတိုက်ပွဲတွင် စစ်ကောင်စီကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ပြီး PNOကြောင့် ပအိုဝ်းပြည်သူများကိုပါ ဦးတည်တိုက်ခိုက်လာနိုင်သည်ဟု ၎င်းကထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့တွင်လည်း ပင်လောင်းမြို့နယ် ရှိ အသက်(၁၈)နှစ်မှ (၄၀) အရွယ်များကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး PNOမှ အင်အား တစ်သောင်းထုတ်ပြကာ လုံခြုံရေးကိစ္စများ ဆောင်ရွက်သွားမည်ဟု PNOမှ ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...