စံကားဒေသတွင် PNO မှ ပအိုဝ်းကျေးရွာများကို စစ်သားကောက်ပြီး ကျန်ကျေးရွာများတွင် လစဉ်ဆက်ကြေးကောက်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ပအိုဝ်းလူမျိုးများ နေထိုင်သည့် ကျေးရွာများကို စစ်သားစုဆောင်းမှု ပြုလုပ်နေပြီး အခြားလူမျိုးများထံ လစဉ် ဆက်ကြေး (အခွန်) ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ ညောင်ရွှေမြို့နယ် စံကားဒေသတွင် ပအိုဝ်းဘာသာစကား နားလည်သူများကို စစ်သားစုဆောင်ရာတွင် ပိုမိုဉီးစားပေး ကောက်ယူနေပြီး၊ အခြားလူမျိုးများထံ လစဉ် ဆက်ကြေး တစ်အိမ်လျှင် ကျပ်ငွေ ၃ သောင်း ကောက်ခံကြောင်း စံကားဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပအိုဝ်းရွာတွေဆို အလှည့်ကျ အကုန် ပြည်သူ့စစ်ထဲ ဝင်ရတယ်။ ကျနော်တို့ဘက်ကတော့ လတိုင်း ဆက်ကြေးထည့်နေရ။ ကိုယ်စားဖို့ထက် တစ်လပြည့်ရင် ဆက်ကြေးပေးနိုင်ဖို့ ရုန်းကန်နေရတာ။ သူတို့က လက်နက်နဲ့ဆိုတော့ လွန်ဆန်လို့မှ မရတာ” ဟု အဆိုပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စံကားအင်း ဒေသတွင် PNO ပြည်သူ့စစ် တပ်ဖွဲ့သာလျှင် ရှိပြီး ကျေးရွာအလိုက် လှည့်လည် ကင်းစောင့်မှုများ လုပ်ဆောင်နေလျှက် ရှိသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုလက်ရှိ စံကားဒေသတွင် လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲများ ငြိမ်နေသော်လည်း ကရင်နီစစ်ဘေးရှောင်များကို PNO တပ်ဖွဲ့မှ နေရပ်ပြန်ခိုင်းကာ ကျောင်းသားရှိသည့် စစ်ဘေးရှောင်များသာလျှင် စံကားဒေသတွင် ကျန်ရှိတော့သည်ဟု သိရသည်။

ထို့အပြင် တောင်ကြီးမြို့ အနီးတဝိုက် သဲကျင်းနှင့် အုတ်ကျင်းများကိုလည်း ပအိုဝ်းပြည်သူ့စစ် (PNO)မှ အခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ပြီးလျှင် အုတ်နှင့် သဲများ ဈေးတက်လာနိုင်ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“အခုလာမယ့် ရက်ပိုင်းအတွင်း PNO က သဲကျင်းတို့ အုတ်ဘလောက်တွေကို အခွန်နှစ်ဆ တိုးကောက်မယ် ကြားတယ်။ ဒီရှေ့ဆက်တော့ အကုန်ဈေးတက်လာဖို့ ရှိတယ်။ အိမ်ဆောက်တဲ့ လုပ်ငန်းရှင်တွေအတွက် ကြီးကြီးမားမား လှုပ်ခတ်နိုင်တယ်။ သူတို့ကိုယ်တိုင် ကွင်းဆင်း အခွန်ကောက်မယ်လို့ သိရတယ်” ဟု တောင်ကြီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

PNO/PNA

ပအိုဝ်းပြည်သူ့စစ် (PNO) သည် ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင် စသည့် မြို့နယ်များမှ ကျေးရွာများတွင်လည်း စစ်သားစုဆောင်းမှု၊ စစ်မှုထမ်းကြေး ကောက်ခံမှု၊ သတ်မှတ်ထားသည့် ပိုင်ဆိုင်မှုရှိလျှင်လည်း အခွန်ပေးဆောင်နေကြရသည်။

ထိုသို့ လစဉ်လတိုင်း ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အခွန်ကောက်ခံနေမှုကြောင့် ဒေသခံများ စားဝတ်နေရေး အခက်အခဲများ ရှိနေပြီး လုံခြုံမှုကင်းမဲ့စွာ ရှင်သန်နေထိုင်နေကြရသည်ဟု ပအိုဝ်းလူငယ်များက ပြောသည်။

ယခုလက်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စိုးမိုးထားသည့် တောင်ကြီးမြို့တွင်လည်း လိုင်စင်မဲ့ ကားများကို ဖမ်းဆီးနေပြီး ပြန်ရွေးထုတ်ခွင့် မရတော့ဘဲ အပြီးအပိုင် အသိမ်းခံနေရကြကာ ပြီးခဲ့သည့် မတ်လ(၅)ရက်နေ့မှစ၍ ယနေ့ချိန်ထိ အဖမ်းအဆီးများ ကြမ်းနေသည်ဟု သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...