တော်လှန်ရေးတပ်ဖွဲ့များအား လက်စားချေသည့်အနေဖြင့် အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများ PNO မှလုပ်ဆောင်လာ

သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်မှ ပြည်သူများအား ပအိုဝ်းပြည်သူ့စစ် PNA/PNO မှ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာပြီး လူမျိုးရေးအမုန်းတရားများကိုပါ ဝါဒဖြန့်ပြုလုပ်လာကြောင်း စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် တွင် စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် (BWCI) မှ “မင်းတို့အသက်ပဲလိုချင်တယ်” ဆိုသည့်ခေါင်းစဉ်ဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အရပ်သားများဖမ်းဆီးသတ်ဖြတ်ခံရမှု အစီရင်ခံစာအား မိတ်ဆက်သည့်အစီအစဉ်ကို အွန်လိုင်းမှ တဆင့်ပြုလုပ်ခဲ့သည်။

အစီရင်ခံစာထဲတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ စတင်ပြီး ပအိုဝ်းပြည်သူ့စစ်ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့နယ်အတွင်း PNA မှ တော်လှန်ရေးတပ်ဖွဲ့မျာအားလက်စားချေသည့်အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်မှုများရှိခဲ့ကြောင်းဖော်ပြထားသည်။

ကရင်နီကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီ က PNO ကို အသုံးပြုနေ

“သေနတ်ထမ်းလို့ရရင်ထမ်းမယ်။ ကျနော်တို့ကို မသတ်ပါနဲ့လို့ ရှိခိုးတောင်းပန်၊ မျက်ရည်တွေနဲ့ တောင်းပန်ပေမယ့်လည်း မင်းတို့အသက်ပဲလိုချင်တယ်၊ မင်းတို့ကယန်း၊ ကယား၊ ကယောလူမျိုးတွေမမြင်ချင်ဘူး လို့ သူတို့ (PNA) စစ်သားတွေကပြောတာ” ဟု အဖမ်းခံရပြီး ကြယ်တွင်းထဲသို့ပစ်ချခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောကြောင်း အစီရင်ခံစာထဲတွင်ထည့်သွင်းဖော်ပြထားသည်။

PNA မှ ဖမ်းဆီးသည့်သူများအား ဆီဆိုင်မြို့နယ်အတွင်းရှိ ကြယ်တွင်းအတွင်းသို့ အရှင်လတ်လတ်ပစ်ချ သတ်ဖြတ်ခဲ့ပြီး ထိုသို့ ပစ်ချခံရသူများထဲမှ အသက်မသေဘဲ ပြန်လည်လွတ်မြောက်သူများကြောင့် ထိုသို့ ရာဇဝတ်မှုကျူးလွန်သည့် အခြေအနေများကို ပြန်လည် သိရှိနိုင်ခြင်းဖြစ်သည်။

PNA/PNO

“PNA ရဲ့ အကြောင်းပြချက်က ကရင်နီထဲက ပူးပေါင်းတပ်တွေက သျှမ်းတောင်ထဲမှာ သူတို့ထိန်းချုပ်တဲ့ နယ်မြေထဲမှာ တိုက်ပွဲဖော်ဆောင်တယ်၊ ပအိုဝ်းလူမျိုးတွေကို တိုက်ခိုက်တယ်ဆိုတဲ့အတွက်ကြောင့် ကယန်းလူမျိုးတွေ၊ ကယောလူမျိုးတွေနဲ့ ကယားလူမျိုးတွေကို ပြန်ပြီးတော့ သတ်ရမယ်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တယ်” ဟု အစီရင်ခံစာမိတ်ဆက်ပွဲတွင် BWCI ၏ တည်ထောင်သူ၊ သုတေတီ ဦးဆွေလင်းမှရှင်းလင်းပြောကြားသည်။

BWCI ၏ အစီရင်ခံအရ ၂၀၂၄ ခုနှစ်အတွင်း သျှမ်းတောင်တွင် PNA မှ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂၇ ဦးရှိခဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသူ ၅ ဦးခန့်ရှိကြောင်း နစ်နာသူများမှာလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် သက်ဆိုင်ခြင်းမရှိဘဲ သာမန်အရပ်သားပြည်သူများဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင်လည်း ညောင်ရွှေမြို့နယ်နှင့် သျှမ်း-ကရင်နီ နယ်စပ်များတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင်း ကျေးရွာ (၁၀) ရွာမှ ‌ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။

ထိုသို့ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်ခြင်းများအပြင် PNA တပ်ဖွဲ့များအတွင်း အသက် (၁၃)၊ (၁၄) နှစ်အရွယ်ကလေးစစ်သားအသုံးပြုမှုများပါရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့များထံမှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...