Wednesday, January 28, 2026

တော်လှန်ရေးတပ်ဖွဲ့များအား လက်စားချေသည့်အနေဖြင့် အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများ PNO မှလုပ်ဆောင်လာ

သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်မှ ပြည်သူများအား ပအိုဝ်းပြည်သူ့စစ် PNA/PNO မှ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုများရှိလာပြီး လူမျိုးရေးအမုန်းတရားများကိုပါ ဝါဒဖြန့်ပြုလုပ်လာကြောင်း စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် Burma War Crimes Investigation (BWCI) မှ အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် တွင် စစ်ရာဇဝတ်မှုများအားမှတ်တမ်းတင်နေသည့် (BWCI) မှ “မင်းတို့အသက်ပဲလိုချင်တယ်” ဆိုသည့်ခေါင်းစဉ်ဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အရပ်သားများဖမ်းဆီးသတ်ဖြတ်ခံရမှု အစီရင်ခံစာအား မိတ်ဆက်သည့်အစီအစဉ်ကို အွန်လိုင်းမှ တဆင့်ပြုလုပ်ခဲ့သည်။

အစီရင်ခံစာထဲတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ စတင်ပြီး ပအိုဝ်းပြည်သူ့စစ်ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့နယ်အတွင်း PNA မှ တော်လှန်ရေးတပ်ဖွဲ့မျာအားလက်စားချေသည့်အနေဖြင့် အရပ်သားများကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်မှုများရှိခဲ့ကြောင်းဖော်ပြထားသည်။

ကရင်နီကို ထိုးဖောက်နိုင်ရန် စစ်ကောင်စီ က PNO ကို အသုံးပြုနေ

“သေနတ်ထမ်းလို့ရရင်ထမ်းမယ်။ ကျနော်တို့ကို မသတ်ပါနဲ့လို့ ရှိခိုးတောင်းပန်၊ မျက်ရည်တွေနဲ့ တောင်းပန်ပေမယ့်လည်း မင်းတို့အသက်ပဲလိုချင်တယ်၊ မင်းတို့ကယန်း၊ ကယား၊ ကယောလူမျိုးတွေမမြင်ချင်ဘူး လို့ သူတို့ (PNA) စစ်သားတွေကပြောတာ” ဟု အဖမ်းခံရပြီး ကြယ်တွင်းထဲသို့ပစ်ချခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောကြောင်း အစီရင်ခံစာထဲတွင်ထည့်သွင်းဖော်ပြထားသည်။

PNA မှ ဖမ်းဆီးသည့်သူများအား ဆီဆိုင်မြို့နယ်အတွင်းရှိ ကြယ်တွင်းအတွင်းသို့ အရှင်လတ်လတ်ပစ်ချ သတ်ဖြတ်ခဲ့ပြီး ထိုသို့ ပစ်ချခံရသူများထဲမှ အသက်မသေဘဲ ပြန်လည်လွတ်မြောက်သူများကြောင့် ထိုသို့ ရာဇဝတ်မှုကျူးလွန်သည့် အခြေအနေများကို ပြန်လည် သိရှိနိုင်ခြင်းဖြစ်သည်။

PNA/PNO

“PNA ရဲ့ အကြောင်းပြချက်က ကရင်နီထဲက ပူးပေါင်းတပ်တွေက သျှမ်းတောင်ထဲမှာ သူတို့ထိန်းချုပ်တဲ့ နယ်မြေထဲမှာ တိုက်ပွဲဖော်ဆောင်တယ်၊ ပအိုဝ်းလူမျိုးတွေကို တိုက်ခိုက်တယ်ဆိုတဲ့အတွက်ကြောင့် ကယန်းလူမျိုးတွေ၊ ကယောလူမျိုးတွေနဲ့ ကယားလူမျိုးတွေကို ပြန်ပြီးတော့ သတ်ရမယ်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တယ်” ဟု အစီရင်ခံစာမိတ်ဆက်ပွဲတွင် BWCI ၏ တည်ထောင်သူ၊ သုတေတီ ဦးဆွေလင်းမှရှင်းလင်းပြောကြားသည်။

BWCI ၏ အစီရင်ခံအရ ၂၀၂၄ ခုနှစ်အတွင်း သျှမ်းတောင်တွင် PNA မှ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂၇ ဦးရှိခဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသူ ၅ ဦးခန့်ရှိကြောင်း နစ်နာသူများမှာလည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် သက်ဆိုင်ခြင်းမရှိဘဲ သာမန်အရပ်သားပြည်သူများဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင်လည်း ညောင်ရွှေမြို့နယ်နှင့် သျှမ်း-ကရင်နီ နယ်စပ်များတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင်း ကျေးရွာ (၁၀) ရွာမှ ‌ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိသည်။

ထိုသို့ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်ခြင်းများအပြင် PNA တပ်ဖွဲ့များအတွင်း အသက် (၁၃)၊ (၁၄) နှစ်အရွယ်ကလေးစစ်သားအသုံးပြုမှုများပါရှိကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့များထံမှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...