PNO

တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃)...

ပင်လောင်းမြို့နယ် PNO နှင့်စစ်ကောင်စီအင်အားဖြည့် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် လဲလောင်းကျေးရွာအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) က စစ်အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ လဲလောင်းကျေးရွာ၊ နောင်ဝိုးကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ လင်ခမ်းကျေးရွာ စသည့်ကျေးရွာများတွင် အောက်တိုဘာလ ပထမပတ်မှစကာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ပူးပေါင်းပြီး စစ်အင်အားဖြည့်ကာ စစ်ကြောင်းထပ်မံတိုးထားသဖြင့် ကရင်နီ...

ဆီဆိုင် စစ်ကောင်စီဂိတ် ကုန်ပစ္စည်းသယ်သူများဖမ်းဆီးစစ်ဆေး၊ ကုန်ပစ္စည်းများသိမ်းယူ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ စစ်ကောင်စီဂိတ်တွင် ကုန်ပစ္စည်းသယ်ဆောင်သည့် ဒေသခံများကို ဖမ်းဆီးပြီး သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စ၍ မြို့အဝင်အထွက်ကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေပြီး စားသောက်ကုန်ပစ္စည်းများတင်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။ ထို သတ်မှတ်ထားသည့် ကန့်သတ်ချက်ကျော်တင်ဆောင်လာသည့် ပြည်သူများကို ဖမ်းဆီးထားပြီး ကုန်ပစ္စည်းများကိုပါ...

PNA/PNO စစ်ဝတ်စုံ ဝယ်ယူဝတ်ခိုင်းပြီး ဟန်ပြ စစ်အင်အားပြနေ

သျှမ်းပြည်တောင်ပိုင်း၊ကျောက်တလုံးမြို့နှင့် ညောင်ရွှေမြို့ တောင်ဘက်ဒေသများတွင် ပအိုဝ်းပြည်သူစစ် (PNA/PNO) စစ်ယူနီဖောင်း ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲ တွင် ဟန်ပြအနေဖြင့် အင်အားပြခိုင်းကြောင်း စုံစမ်းသိရသည်။  ယမန်နေ့ (အောက်တိုဘာလ ၃)ရက် ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြုလုပ်သည့် PNO ပြည်သူစစ် အမှတ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ သင်တန်းသားပေါင်း ခုနစ်ထောင်ကျော်ဖြင့်ပြုလုပ်ခဲ့သည်။ ထိုထဲတွင် အခြေခံစစ်သင်တန်းမတက်ဖူးသောသူများလည်း စစ်ဝတ်စုံဝတ်ပြီး အင်အားပြခိုင်းကြောင်းကျောက်တလုံးမြို့မှ...

ပင်လုံတွင် PNO စစ်သားစုဆောင်းလို့ လူငယ်များထွက်ပြေးနေရ 

သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံ(အရှေ့) ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) မှ စစ်သားစုဆောင်းနေတာကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ရပ်ရွာအလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ...

မဲနယ်တောင်ဒေသတွင် ပြည်သူတစ်ဦးကို PNO စစ်သားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်

သျှမ်းပြည်နယ်တောင်းပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လုံးဟီး(စံဖူး)ကျေးရွာရှိ ပြည်သူတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃)ရက် နံနက် ၃နာရီအချိန်တွင် PNOတပ်ဖွဲ့ဝင် ဘထူးဆိုသူသည် တစ်ရွာတည်းနေထိုင်သည့် ဦးညိုအား တလျနွိုးရွာကို လိုက်ခဲ့ရန် သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်၍ တောထဲတစ်နေရာ၌...

စံကား ဒေသ PNOမှ တစ်ဖက်သတ်ဖြင့် ပစ်ခတ်၊ နေအိမ်မီးရှို့  

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသ၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာအတွင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ တစ်ဖက်သတ်ပစ်ခတ်နေပြီး အရပ်သားနေအိမ်ကို မီးရှို့နေကြောင်း စုံစမ်းသိရသည်။  ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၂ နာရီအချိန်မှ စပြီး PNO တပ်ဖွဲ့မှ လွယ်လုံကျေးရွာအတွင်းတွင် တစ်ဖက်သတ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်များမီးလောင်ပျက်စီးနေကြောင်း  ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  ‘’ မနေ့က...

ဖောင်တော်ဦးဘုရားပွဲ ပြုလုပ်မည်ဟုဆိုကာ စစ်ရှောင်များကို နေရပ်ပြန်ခိုင်း

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသဘက်တွင် ဖောင်တော်ဦးဘုရားပွဲ ပြုပ်လုပ် မည်ဆိုသောကြောင့် စစ်ရှောင်များကို နေရပ်ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဖောင်တော်ဦးဘုရားပွဲကို ယခင်က နိုင်ငံရေးအခြေအနေအကြောင်းအမျိုးမျိုး ကြောင့် မကျင်းပဖြစ်သော်လည်း ဒုတိယအကြိမ်အစည်းဝေးတွင် အထက်လူကြီးများက ကျင်းပခိုင်းသည့်ဟုဆိုကာ အင်းလေးဒေသအကြီးအကဲနှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တို့ ဦးစီးကျင်းပမည်ဖြစ်သည်။ ထိုသို့ ဘုရားပွဲ ကျင်းပမည်ဆိုသောကြောင့်...

ညောင်ရွှေ လွယ်လုံရွာသား ဖမ်းဆီးခံရသူ စစ်ကြေားရေးတွင် သေဆုံးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊စံကားဒေသ လွယ်လုံရွာနေ အသက်၆၂နှစ်အရွယ် ဉီးမောင်ဆောင်ကို ပအိုဝ်း ပြည်သူ့စစ် (PNO) က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။​ PNOက ဦးမောင်ဆောင်ကို PDFနှင့်ပက်သက်သည်ဆိုပြီး ဇူလိူင်လ၂၁ရက်တွင် ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင်လည်းထပ်မံနှိပ်စက်ခံရသဖြင့် ယခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် သေဆုံးသွားပြီဖြစ်ကြောင်းမိသားစုကိုအကြောင်းကြာလာကြောင်း သိရသည်။ "ဖမ်းတဲ့အချိန်၇ယောက်ဖမ်းတယ် ဖမ်းပြီးတစ်ပတ်အကြာမှာ ၆​ယောက်က...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ် ငွေအဆမတန်တောင်းခံ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ နောင်မွန်အဝင်အထွက်စစ်ဆေးဂိတ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ငွေအဆမတန် ကောက်ခံနေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်မွန်မြို့ အဝင်အထွက် ဂိတ် နှင့် ဟိုပုံးမြို့ အနီးရှိ ၃ မိုင် PNO စစ်ဆေးရေး ဂိတ်တွင် သွားလာနေသော ယာဉ်များကို...

Latest news