မောက်မယ်ဒေသရှိ PNLA တပ်စခန်းကို PNA/PNO မှ ဝင်ရောက်တိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ၊ဟိုနမ့် ကျေးရွာဘက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ (၂၀) ရက်ကတည်းက စစ်ကောင်စီ၊နှင့် PNA/PNO တို့သည် PNLA တပ်စခန်းရှိသည့် ဟူနမ့် ကျေးရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန့်နေ့ နိုဝင်ဘာလ (၂၇) ရက်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းPNLA မှ အရာရှိတစ်ဦးကပြောသည်။

အဆိုပါ တိုက်ပွဲ (၈) ရက်အတွင်း စစ်ကောင်စီနှင့် PNO/PNA ဘက်မှ( ၃၁ )ဦးကျဆုံးခဲ့ပြီး PNOဖက်မှ ပြည်သူနေအိမ် နှင့် PNLA တပ်စခန်းရှိရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆောက်ဦးများထိခိုက်ပျက်စီးခဲ့ သည်ဟု PNLA ပြောရေးဆိုခွင့် ရှိသူ ခွန်းရိန်းယံကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က လူကိုတိုက်နေတာ မဟုတ်ဘူး။အာဏာရှင်ကို တိုက်နေတာ။ပအိုဝ်းအချင်းချင်း တိုက်နေတာလည်း မဟုတ်ဘူး။ သူတို့က စစ်တပ်နဲ့ပေါင်းပြီး ကျေးရွာကို လက်နက်ကြီးနဲ့လည်းပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ ၇ ရက်မှာ သူတို့ဖက်က ၃၁ ယောက်ကျတယ်။” ဟု ၎င်းကပြောသည်။

ထို့အပြင် PNO ပြည်သူ့စစ်သည် ရဟန်းသံဃာတော် ဆရာတော်များ၏ မေတ္တာရပ်ခံမှုကို ပျက်ပြယ်၍ အရင်ဆုံးထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု အဆိုပါ ခွန်ရိန်းယံ ဆက်ပြောသည်။

PNO/PNA ပြည်သူ့စစ်ဘက်မှလည်း မောက်မယ်ဒေသသည် PNOနယ်မြေ ဖြစ်သောကြောင့် ကျူးကျော်လာသည့် PNLAကို မောင်းထုတ်ခြင်းဖြစ်ပြီး NCA လက်မှတ်ထိုးထားသည်ကို ဖျောက်ဖျက်သည့်အတွက် ဝင်ရောက်ထိုးစစ်ဆင်ကြောင်း PNOအရာရှိတစ်ဦးက ပြောသည်။

“သူတို့ကနယ်မြေကျူးကျော်လာလို့ မောင်းထုတ်တာ။ အရင်ကတည်းက သူတို့က ဟူနမ့်ဖက်မှာ တပ်စခန်းတွေ လာဆောက်ထားတာကြာပြီ။ စစ်မျက်နှာများလို့ မောင်းထုတ်နေတာ။ ပြီးတော့ သူတို့က NCAကို ဖျောက်ဖျက်တယ်။သူတို့က အတင်းကျူးကျော်တော့ မတတ်နိုင်ဘူး။” ဟု PNOအရာရှိတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့သို့ နယ်မြေကျူးကျော်ခြင်းမရှိပါက တိုက်ပွဲဖြစ်စရာအကြောင်း မရှိခြင်းနှင့် ပအိုဝ်းပြည်သူများကို မငဲ့ညှာပဲ ဆီဆိုင်နှင့် ဟိုပုံးတို့ဘက် PNLAမှ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး ပအိုဝ်းပြည်သူ အများအပြားလည်း ထိခိုက်ခဲ့ရသည်ဟု အဆိုပါ အရာရှိတစ်ဦးမှ ဆက်ပြောသည်။

ယခုလက်ရှိတွင် PNOနှင့် PNLAကြား စစ်ရေးအရ တင်းမာနေလျှက်ရှိပြီး ဟိုနမ့်ကျေးရွာရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...