PNO က ပအိုဝ်းပြည်သူနှင့် ကရင်နီလူမျိုးကြား ဝါဒဖြန့်မှုများပြုလုပ်

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ပအိုဝ်းလူမျိုးနှင့် ကရင်နီလူမျိုးကြား ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

ပင်လောင်း-ဖယ်ခုံနယ်စပ်ဖြစ်သည့် နောင်ဝိုး၊ လွယ်ကျိုင်းနှင့် ဗန်းမောက်ဖက်တွင် စစ်ကောင်စီ၊ PNO နှင့် တော်လှန်ရေးအင်အားစု PDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီးနောက်ပိုင်း စစ်ကောင်စီနှင့် PNOဘက်က အကျဆုံးများခဲ့သည်။

ထို့နောက် PNO က ကရင်နီလူမျိုးနှင့် ပအိုဝ်းလူမျိုးကြား လူမျိုးရေးပဋိပက္ခ ဖြစ်စေမည့် စကားလုံးများဖြင့် ပအိုဝ်းပြည်သူကြား ဝါဒဖြန့်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ PNO က ကရင်နီတွေက ပအိုဝ်းတွေပိုင်ဆိုင်သမျှ လုယူဖို့လာတာ။ သူတို့က ပအိုဝ်းပြည်သူတွေရဲ့ နယ်မြေကိုပါ လုယူဖို့ ကြိုးစားနေတာ။ စသဖြင့်ပေါ့ ကရင်နီလူမျိုးနဲ့ ပြဿနာဖြစ်အောင် ပြောဆိုတာပေါ့။ ပြီးတော့ ပအိုဝ်းပြည်သူတွေကို PNO ထဲဝင်ရင် ဂုဏ်ရှိတယ် ဘာညာပြောပြီး စစ်မှုထမ်းခေါ်တော့တာပဲ။” ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNA/PNO

အဆိုပါ ဝါဒဖြန့်မှုများကြောင့် ပအိုဝ်းလူမျိုးအချို့သည် အယုံလွယ်ပြီး လူမျိုုးစု နှစ်ခုကြား ပြဿနာဖြစ်လာမှာ စိုးရိမ်မိကြောင်းနှင့် ပင်လောင်းမှ ကရင်နီစစ်ရှောင်များကို ထိခိုက်မည်ကို စိုးရိမ်ကြောင်း ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။

ထို့အပြင် ပင်လောင်းစစ်ရှောင်များသည် နိုင်ငံရေးအခြေနေကြောင့် စစ်ရှောင်နေရခြင်းဖြစ်ပြီး ပအိုဝ်းပြည်သူများ၏ ပိုင်ဆိုင်မှုကို လာရောက် လုယူခြင်းမဟုတ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

“ဒါက လူမျိုးရေး ပဋိပက္ခ ဖြစ်အောင်လုပ်တယ်လို့မြင်တယ်။ လူမျိုးရေး ပြဿနာဖန်တီးပြီး တိုက်ပွဲ ဖော်ဆောင်နေတာ။ ဒါက စစ်ကောင်စီက ခေတ်အဆက်ဆက် အသုံးပြုလာတဲ့နည်းပဲ။ စစ်ရှောင်တွေ ဆိုတာကလည်း လုံခြုံတဲ့ဘက်မှာ နေကြမှာပဲ။ ဘာပစ္စည်း မှ ယူဖို့လာတာမဟုတ်ဘူး။ ဒီလို သွေးခွဲမှုကြား မပါသွားဖို့တော့လိုတယ်။” ဟု ကရင်နီစစ်ရှောင်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ဒေသအတွင်း ပြည်သူပိုင်ပစ္စည်းများကို လက်နက်ကိုင် ယူဆောင်ခြင်းသည် စစ်ပွဲ၏ သဘောသဘာဝတစ်ခုသာဖြစ်ကြောင်း နားလည်မှုရှိရန်လိုအပ်သည်ဟု အဆိုပါ စစ်ရှောင်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ( ၂ ) ရက်တွင် ပင်လောင်း-ဖယ်ခုံနယ်စပ်တိုက်ပွဲတွင် PNA ဗိုလ်ကြီး တစ်ဦးအပါဝင် (၅ )ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...