PNO
ပင်လုံတွင် PNO စစ်သားစုဆောင်းလို့ လူငယ်များထွက်ပြေးနေရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ပင်လုံ(အရှေ့) ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် (PNO) မှ စစ်သားစုဆောင်းနေတာကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၀) ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို တရားဝင်ပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ ရပ်ရွာအလိုက် မဲနှိပ်ကာ တပ်သား စုဆောင်းခြင်းများ...
မဲနယ်တောင်ဒေသတွင် ပြည်သူတစ်ဦးကို PNO စစ်သားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်
SHAN -
သျှမ်းပြည်နယ်တောင်းပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လုံးဟီး(စံဖူး)ကျေးရွာရှိ ပြည်သူတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃)ရက် နံနက် ၃နာရီအချိန်တွင် PNOတပ်ဖွဲ့ဝင် ဘထူးဆိုသူသည် တစ်ရွာတည်းနေထိုင်သည့် ဦးညိုအား တလျနွိုးရွာကို လိုက်ခဲ့ရန် သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်၍ တောထဲတစ်နေရာ၌...
စံကား ဒေသ PNOမှ တစ်ဖက်သတ်ဖြင့် ပစ်ခတ်၊ နေအိမ်မီးရှို့
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသ၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာအတွင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO)မှ တစ်ဖက်သတ်ပစ်ခတ်နေပြီး အရပ်သားနေအိမ်ကို မီးရှို့နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) နေ့လည် ၂ နာရီအချိန်မှ စပြီး PNO တပ်ဖွဲ့မှ လွယ်လုံကျေးရွာအတွင်းတွင် တစ်ဖက်သတ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်များမီးလောင်ပျက်စီးနေကြောင်း ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ‘’ မနေ့က...
ဖောင်တော်ဦးဘုရားပွဲ ပြုလုပ်မည်ဟုဆိုကာ စစ်ရှောင်များကို နေရပ်ပြန်ခိုင်း
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသဘက်တွင် ဖောင်တော်ဦးဘုရားပွဲ ပြုပ်လုပ် မည်ဆိုသောကြောင့် စစ်ရှောင်များကို နေရပ်ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။ ဖောင်တော်ဦးဘုရားပွဲကို ယခင်က နိုင်ငံရေးအခြေအနေအကြောင်းအမျိုးမျိုး ကြောင့် မကျင်းပဖြစ်သော်လည်း ဒုတိယအကြိမ်အစည်းဝေးတွင် အထက်လူကြီးများက ကျင်းပခိုင်းသည့်ဟုဆိုကာ အင်းလေးဒေသအကြီးအကဲနှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တို့ ဦးစီးကျင်းပမည်ဖြစ်သည်။ ထိုသို့ ဘုရားပွဲ ကျင်းပမည်ဆိုသောကြောင့်...
ညောင်ရွှေ လွယ်လုံရွာသား ဖမ်းဆီးခံရသူ စစ်ကြေားရေးတွင် သေဆုံးသွား
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ၊စံကားဒေသ လွယ်လုံရွာနေ အသက်၆၂နှစ်အရွယ် ဉီးမောင်ဆောင်ကို ပအိုဝ်း ပြည်သူ့စစ် (PNO) က ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ PNOက ဦးမောင်ဆောင်ကို PDFနှင့်ပက်သက်သည်ဆိုပြီး ဇူလိူင်လ၂၁ရက်တွင် ရိုက်နှက်ပြီး ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင်လည်းထပ်မံနှိပ်စက်ခံရသဖြင့် ယခုနှစ်သြဂုတ်လနောက်ဆုံးပတ်တွင် သေဆုံးသွားပြီဖြစ်ကြောင်းမိသားစုကိုအကြောင်းကြာလာကြောင်း သိရသည်။ "ဖမ်းတဲ့အချိန်၇ယောက်ဖမ်းတယ် ဖမ်းပြီးတစ်ပတ်အကြာမှာ ၆ယောက်က...
ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ် ငွေအဆမတန်တောင်းခံ
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ နောင်မွန်အဝင်အထွက်စစ်ဆေးဂိတ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ငွေအဆမတန် ကောက်ခံနေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်မွန်မြို့ အဝင်အထွက် ဂိတ် နှင့် ဟိုပုံးမြို့ အနီးရှိ ၃ မိုင် PNO စစ်ဆေးရေး ဂိတ်တွင် သွားလာနေသော ယာဉ်များကို...
ဖောင်တော်ဦးဘုရားပွဲလုပ်ရန်အတွက် PNOမှ ဒေသခံများကို ကင်းစောင့်ခိုင်းမည်ပြော
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တောင်ဦးဘုရာပွဲပြုလုပ်ရာတွင် ပအိုဝ်းပြည်သူ့စစ် (PNO)မှ ဒေသခံများကို ကင်းစောင့်ခိုင်းမည်ဟု သတင်းရရှိသည်။ နိုင်ငံရေးအခြေနေများကြောင့် ဖောင်တော်ဦးဘုရားပွဲပြုလုပ်ရန် အတည်ပြုချက်မရခဲ့သော်လည်းယခု ဒုတိယအကြိမ်အစည်းဝေးတွင် စစ်ကောင်စီအမိန့်ဖြင့် ပြုလုပ်သွားရန်ရှိပြီး PNO မှ တာဝန်ယူဆောင်ရွက်ရန်ရှိကာ ဒေသခံများကို လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထိုသို့ဘုရားပွဲပြုလုပ်ရာတွင် ငွေကောက်ခံသွားမည်ဖြစ်တာကြောင့် ဒေသခံများအတွက် ငွေကြေးအခက်ခဲရှိကာ...
လွိုင်ကော် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းပြီး လူနေများသည့်ရပ်ကွက်ထဲ လိုက်လံဖမ်းဆီး ငွေညှစ်တောင်းရမ်း
SHAN -
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တပ်တို့ ပူးပေါင်းပြီး လူနေများသည့် ရပ်ကွက်ကို ရှောင်တခင် လိုက်လံဖမ်းဆီး စစ်ဆေးပြီး အဆမတန်ငွေညစ်တောင်းရမ်းနေသည်ဟု စုံစမ်းသိရသည်။ လွိုင်ကော်မြို့ပတ်လည်တစ်လျှောက်တွင် နေရာအပြည့်ယူထားသည့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့သည် လူနေများသည့် ရပ်ကွက်တွင် ရှောင်တခင် လိုက်လံစစ်ဆေးနေပြီး အမှုမဖွင့်နိုင်သူများကို...
ဆက်ကြေးမဆောင်သည့် ယာဉ်များကို PNOမှ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အခွန်(ဆက်ကြေး) မဆောင်သည့် ယာဉ်များကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ သိမ်းဆည်းသွားမည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စံကားဒသေ၏ အနောက်ဘက်တပ်စခန်းတွင် PNO မှ ဗိုလ်ယက္ခ ဦးဆောင်ကာ ထောက်ခံစာစာရွက်ဖြင့် (ဩဂုတ်လ ၁၈ ရက်)နေ့ ဆက်ကြေး လိုက်ခံကောက်ပြီး...
စစ်အင်အား တစ်သောင်း ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စဆောင်ရွက်သွားမည်ဟု PNO စစ်အင်အားထုတ်ပြ
ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စစ်အင်အား တစ်သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဟု ပအိုဝ်းပြည်သူ့စစ် PNO က ထုတ်ပြန်လိုက်သည်။ ယနေ့ ( သြဂုတ် ၂၁) ရက်တွင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ပအိုဝ်းပြည်သူ့စစ် PNO ဦးဆောင်ပြီး သင်တန်းအောင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို...





