ဆီဆိုင်နယ်စပ်တိုက်ပွဲတွင် PNO ဘက်မှ ကလေးစစ်သားနှစ်ဦး အပါအဝင် စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးအနီး တိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် (PNO) ဘက်မှ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးအပါဝင်စစ်သုံ့ပန်း (၁၀)ဦးဖမ်းဆီးရမိ ကြောင်း တော်လှန်ရေးအင်အားစုအဖွဲ့ထံမှစုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၉)ရက် နေ့ မနက် (၅)နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ အထိုင်ချသည့် ရွှေတစ်ဂူစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်သိမ်းပိုက်မှုတွင် PNOဘက်မှ (၆)ဦး သေဆုံးပြီး အသက်(၁၃) ၊(၁၄) နှစ်အရွယ် ကလေးစစ်သားနှစ်ဦးနှင့်အတူ စစ်သုံ့ပန်း (၁၀)ဦးကို ဖမ်းမိခဲ့ကြောင်း ကရင်နီတော်လှန်ရေးအဖွဲ့ဝင် တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က တိုက်ပွဲမှာ စစ်တပ်နဲ့ PNOဖက်က (၁၀)ဦးဖမ်းမိတယ်။ ကလေးစစ်သားက နှစ်ယောက်ပါတယ်။ PNO ဖက်က ကျတာက (၆)ဦးရှိတယ်။ စစ်ကောင်စီဖက်ရော ပေါင်းမယ်ဆို (၁၀)ဦးထက်မနည်း ရှိနိုင်တယ်။ လက်နက်(၃၀)ကျော် သိမ်းဆည်းရမိတယ်။” ဟု ကရင်နီ တော်လှန်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့မှ (၃)ဦးကျဆုံးသွားပြီး နောက်ဆက်တွဲ အခြေအနေများကို မသိရှိရသေးကြောင်း ၎င်း တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ထပ်လောင်းပြောသည်။
ရွှေတစ်ဂူစခန်းသိမ်းခံရသည့် ဖြစ်စဉ်တွင် ယမန်နေ့ မနက်(၅)နာရီ ဝန်းကျင်အချိန် PNO အဖွဲ့ တပ်ခွဲ (၁၉) မှ စစ်သားများ ကင်းစောင့်နေချိန် တော်လှန်ရေးအင်အားစုဖက်မှ အင်အား (၂၀၀)ခန့်ဖြင့် အဝိုင်းခံထားရကာ တိုက်ပွဲဖြစ်ပွား၍ အသိမ်းခံခဲ့ရသည်ဟု PNO တပ်သားတစ်ဦး ကပြောသည်။

ဆက်လက်ပြီး ဆီဆိုင်မြို့နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲ ပြည်လည်ဖြစ်လာမည် စိုးရိမ် ၍ဒေသခံများ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားကြောင်း ဆီဆိုင်ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာအုံးမယ်ထင်တယ်။ ဘာပစ္စည်းမှ မသိုလှောင်ထားရဲဘူး။ လယ်တောတွေမှာတော့ စစ်ရှောင်ရတဲ့အခါ အဆင်ပြေဖို့ အစားစာတစ်ချို့တော့ ပြင်ဆင်ထားတယ်။ တစ်ချို့ကျတော့လည်း ပြောတာပေါ့။နင်တို့မပြေးသေးဘူးလား သူများတွေ ပြေးနေပြီဆိုပြီး ပြောကြတယ်။” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

ထို့အပြင် မြေပြင်စစ်ပွဲထက် လေယာဉ်ဖြင့် ဗုံးကြဲခံရမည်ကို ပို၍ စိုးရိမ်ကြောင်းနှင့် ထပ်မံစစ်ရှောင်ရလျှင် နေအိမ်ပစ္စည်းများ အခိုးခံရမည်ကို စိုးရိမ်နေကြသည်ဟု ထိုအမျိုးသမီးက ထပ်လောင်းပြောသည်။

ယခုလက်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူ ကျေးရွာအနီး ဒေသခံအနည်းငယ်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အချို့ဒေသခံများမှာ အခြေနေစောင့်ကြည့်ပြီး ပြင်ဆင်မှုများလုပ်နေသည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီး ၂နှစ်အကြာတွင် အသက်(၁၈)နှစ်အောက် ကလေးစစ်သား( ၁၁၀၂ ) ဦးကို စစ်မှုထမ်းခိုင်းခဲ့သည်ဟု ယူနီဆက် (UNICEF Myanmar) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အသက်(၁၈)နှစ်အောက် ကလေးများကို စစ်တပ်အတွင်း တာဝန်ထမ်းစေခြင်း၊ စစ်ပွဲအတွင်းပါဝင်စေခြင်းများ ပြုလုပ်ခဲ့လျှင် နိုင်ငံတကာဥပဒေအရ ကလေးစစ်သား ဟု သတ်မှတ်ပြဌာန်းထားခြင်းဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...