Tuesday, January 27, 2026

သျှမ်း-ကရင်နီ နယ်စပ် တကြောတွင် စစ်ကောင်စီနှင့် PNO ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားဖြည့်တင်း

သျှမ်း-ကရင်နီ တကြော ဖြစ်သည့် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ ဘက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့ လွိုင်ကော်မြို့အနီးရှိ ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ နှင့် တော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲများ ပြင်းထန်နေသော်လည်း စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့ဘက်တွင် နေရာအပြည့် ပြန်လည် ထိန်းချုပ်နိုင်ရန် ပြည်သူစစ် (PNO) ပူးပေါင်းတပ်နှင့် စစ်အင်အား နေ့စဉ် ထပ်မံ ဖြည့်တင်းနေကြောင်း ၎င်းက ဆက်ပြောသည်။

“လွိုင်ကော်မြို့နဲ့ဆို အသံကြားရတယ်၊ အသံတော်တော်ကျယ်တယ်။ စစ်တပ်က လွိုင်ကော်မြို့အနီးက ရှိတဲ့ ရွာတွေပါ မချန်ဘူး သူအကုန်လုံးကို ပြန်လည် ထိန်းချုပ်ချင်နေတာ။ တခုခုဆိုရင် ကျနော်ဆို့ ပြည်သူကပဲ ခံရတယ်။ လွိုင်ကော်မြို့မှာတောင် လူတွေ စည်နေပြီး ဈေးတွေလည်း ပြန်ဖွင့်ကြတယ်၊ လျှပ်စစ်မီးလည်း မနေ့က စပြီး ပြန်ရနေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့တွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့က စပြီး လျှပ်စစ်မီး ပြန်လာပြီး ဒေသခံလည်း ပြန်လည်လာရောက်နေထိုင်ကြကြောင်း သိရည်။

ထို့အပြင် မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်ရှောင်ပြည်သူ၏ နေအိမ်များကို စစ်ကောင်စီတပ်က နေ့စဉ် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်ကြောင်း နေအိမ်အဆောက်အအုံနှင့် စစ်ရှောင်ဒေသခံများလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ဖယ်ခုံ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၇ ရက်)တွင်လည်း ဖယ်ခုံမြို့ရှိ လွယ်ပန်းစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင်း ကျေးရွာဒေသခံ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းထဲတွင်မှ ၃ ဦးသည် ပြင်းထန်ဒဏ်ရာ ရရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆိုရင် မိုးဗြဲနဲ့ ဖယ်ခုံဘက်မှာဆို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ဝင်လာတာ ပြည်သူတွေလည်း မသိတော့ ရှောင်ဖို့ အချိန်က မရှိလိုက်ရတာကြောင့် ၅ ယောက်တောင်မကဘူး ထိသွားတယ်။ အဲထဲမှာမှ ၃ ယောက်က ပြင်းထန်နေတယ်။ ဆေးရုံတင်ထားလိုက်ရတယ်။ စစ်တပ်က ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုပေမဲ့ ကျနော်တို့ ပြည်သူတွေကို လက်နက်ကြီးနဲ့ အနိုင်ယူတာမျိုး မဖြစ်စေချင်ဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လက်နက် ပစ်ခတ်မှုကြောင်း ပြောင်းခြံနှင် လယ်ယာခြံများသို့ မည်သူမှ မသွားရဲကြောင်း၊ အနီးတဝိုက်ရှိ ဂိတ်တွေလည်း PNO တပ်ဖွဲ့သည် တစ်ဦးလျှင် ပိုက်ဆံ ၆ သိန်းပေးမှသာ ဖြတ်သန်းခွင့်ပြုကြောင်း၊ ဖြတ်သန်းသွားလာစဉ်တွင်လည်း မည်သည့် ပစ္စည်းကိုမှ သယ်ယူခွင့် မပြုကြောင်း ဖယ်ခုံမြို့ရှိ အသက် ၂၆အရွယ် ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“အခုလို့ လက်နက် ပစ်တော့ ဘယ်သူမှ ပြောင်းခြံတို့ လယ်တို့ မသွားရဲတော့ဘူး။ ရွာအနီးရှိ ဂိတ်တွေဆို ပစ္စည်းမပြောနဲ့ လူတယောက်ဖြတ်ရင် ပိုက်ဆံ ၆သိန်းပေးမှ ပေးဖြတ်တာ အဲ့ဒါတောင် လမ်းလျှောက်သွားရတာ ကားတွေ မပေးဖြတ်ဘူး။ PNOပြည်သူစစ်တွေလည်း ပိုက်ဆံအရမ်းကောက်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီမှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံများနှင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...