သျှမ်း-ကရင်နီ နယ်စပ် တကြောတွင် စစ်ကောင်စီနှင့် PNO ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားဖြည့်တင်း

သျှမ်း-ကရင်နီ တကြော ဖြစ်သည့် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ ဘက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့ လွိုင်ကော်မြို့အနီးရှိ ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်ဖွဲ့ နှင့် တော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်ဟု စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲများ ပြင်းထန်နေသော်လည်း စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့ဘက်တွင် နေရာအပြည့် ပြန်လည် ထိန်းချုပ်နိုင်ရန် ပြည်သူစစ် (PNO) ပူးပေါင်းတပ်နှင့် စစ်အင်အား နေ့စဉ် ထပ်မံ ဖြည့်တင်းနေကြောင်း ၎င်းက ဆက်ပြောသည်။

“လွိုင်ကော်မြို့နဲ့ဆို အသံကြားရတယ်၊ အသံတော်တော်ကျယ်တယ်။ စစ်တပ်က လွိုင်ကော်မြို့အနီးက ရှိတဲ့ ရွာတွေပါ မချန်ဘူး သူအကုန်လုံးကို ပြန်လည် ထိန်းချုပ်ချင်နေတာ။ တခုခုဆိုရင် ကျနော်ဆို့ ပြည်သူကပဲ ခံရတယ်။ လွိုင်ကော်မြို့မှာတောင် လူတွေ စည်နေပြီး ဈေးတွေလည်း ပြန်ဖွင့်ကြတယ်၊ လျှပ်စစ်မီးလည်း မနေ့က စပြီး ပြန်ရနေတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့တွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့က စပြီး လျှပ်စစ်မီး ပြန်လာပြီး ဒေသခံလည်း ပြန်လည်လာရောက်နေထိုင်ကြကြောင်း သိရည်။

ထို့အပြင် မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်ရှောင်ပြည်သူ၏ နေအိမ်များကို စစ်ကောင်စီတပ်က နေ့စဉ် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်ကြောင်း နေအိမ်အဆောက်အအုံနှင့် စစ်ရှောင်ဒေသခံများလည်း ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ဖယ်ခုံ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၇ ရက်)တွင်လည်း ဖယ်ခုံမြို့ရှိ လွယ်ပန်းစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင်း ကျေးရွာဒေသခံ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းထဲတွင်မှ ၃ ဦးသည် ပြင်းထန်ဒဏ်ရာ ရရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆိုရင် မိုးဗြဲနဲ့ ဖယ်ခုံဘက်မှာဆို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ဝင်လာတာ ပြည်သူတွေလည်း မသိတော့ ရှောင်ဖို့ အချိန်က မရှိလိုက်ရတာကြောင့် ၅ ယောက်တောင်မကဘူး ထိသွားတယ်။ အဲထဲမှာမှ ၃ ယောက်က ပြင်းထန်နေတယ်။ ဆေးရုံတင်ထားလိုက်ရတယ်။ စစ်တပ်က ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားနေတယ်ဆိုပေမဲ့ ကျနော်တို့ ပြည်သူတွေကို လက်နက်ကြီးနဲ့ အနိုင်ယူတာမျိုး မဖြစ်စေချင်ဘူး”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လက်နက် ပစ်ခတ်မှုကြောင်း ပြောင်းခြံနှင် လယ်ယာခြံများသို့ မည်သူမှ မသွားရဲကြောင်း၊ အနီးတဝိုက်ရှိ ဂိတ်တွေလည်း PNO တပ်ဖွဲ့သည် တစ်ဦးလျှင် ပိုက်ဆံ ၆ သိန်းပေးမှသာ ဖြတ်သန်းခွင့်ပြုကြောင်း၊ ဖြတ်သန်းသွားလာစဉ်တွင်လည်း မည်သည့် ပစ္စည်းကိုမှ သယ်ယူခွင့် မပြုကြောင်း ဖယ်ခုံမြို့ရှိ အသက် ၂၆အရွယ် ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“အခုလို့ လက်နက် ပစ်တော့ ဘယ်သူမှ ပြောင်းခြံတို့ လယ်တို့ မသွားရဲတော့ဘူး။ ရွာအနီးရှိ ဂိတ်တွေဆို ပစ္စည်းမပြောနဲ့ လူတယောက်ဖြတ်ရင် ပိုက်ဆံ ၆သိန်းပေးမှ ပေးဖြတ်တာ အဲ့ဒါတောင် လမ်းလျှောက်သွားရတာ ကားတွေ မပေးဖြတ်ဘူး။ PNOပြည်သူစစ်တွေလည်း ပိုက်ဆံအရမ်းကောက်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ မိုးဗြဲမြို့ကို ပြည်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီမှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံများနှင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...