ညောင်ရွှေမြို့နယ်အတွင်း PNO စစ်သားများ ဘိန်းစတင်စိုက်ပျိုးလာ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ပင်စုံနှင့် စံကားဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO)များ ဘိန်းစတင်စိုက်ပျိုးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ပင်စုံနှင့် စံကားဒေသတွင် စစ်ကောင်စီ၊ PNOနှင့် တော်လှန်ရေးအင်အားစုတို့ သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ )တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကာ ဒီဇင်ဘာလ၌ တိုက်ပွဲ ငြိမ်သက်သွားသဖြင့် စစ်ဘေးရှောင်အများစု နေရပ်ပြန်နေထိုင်လာကြသည်။

ထိုကဲ့သို့ နေရပ်ပြန်လာသော စစ်ရှောင်များကို PNO က စစ်သင်တန်ပေးပြီး ရပ်ရွာအတွင်း ကင်းစောင့်ခိုင်းကာ ဘိန်းများကိုလည်း စိုက်ပျိုးရကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာမှာက PNO စစ်ဝတ်စုံတွေ ဝတ်ပြီး ကင်းစောင့်ရတယ်။ ကိုယ်တာဝန်မကျတဲ့နေ့ဆို ဘိန်းစိုက်ရတယ်။ဒါက စားဝတ်နေရေးအတွက်ပေါ့။ အရင်ကတော့ ပြောင်းတို့ ကြက်သွန်တို့စိုက်တယ်။ ခုတော့ အဲဒါတွေ မစိုက်တော့ဘူး။ ဘိန်းက ပိုမြတ်မယ်လို့ ထင်လို့ ဘိန်းပဲ စိုက်လိုက်ကြတာ။” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာမသိမ်းခင်အချိန်တွင် ဘိန်းများကို ပေါ်ပေါ်ထင်ထင် မစိုက်ပျိုးခဲ့ဖူးသော်လည်း ယခုနှစ်များတွင် ဘိန်းများကို တစ်ဧကလျှင် အခွန် ကျပ်ငွေ(၂သိန်း) ပေးပြီး ရွာလမ်းဘေး မြေကွက်များတွင် သိသိသာသာ စိုက်ပျိုးနေကြသည်ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ဘိန်းများကို စိုက်ပျိုးထားဆဲဖြစ်ပြီး ရောင်းချရန် အချိန်မတန်သေးသောကြောင့် ငွေအားရော လူအားပါ ရင်းနှီးမြုပ်နှံထားရကြောင်း ဘိန်းစိုက်ပျိုးသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဘိန်းစိုက်ခင်း

“အခုမှ အကုန်နီးပါးက စိုက်ပျိုးထားဆဲဆိုတော့ မရောင်းရသေးဘူး။ အရင်းက ကျပ်(သိန်း ၅၀) လောက် ရင်းထားရတာ။ ဒီလိုစိုက်ရတာ အဆင်ပြေလားဆိုတော့ ပြေတယ်လို့မဟုတ်ပါဘူး။ ကိုယ့်ဒေသမှာ နေပြီး နေစရာ စားစရာ ရှိရုံလောက်လေးပဲ။ သူများဆီ စစ်ရှောင်ရင် နှိမ်ခံရတယ်။” ဟု အဆိုပါ ဘိန်းစိုက်ပျိုးသူ တစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း ပျက်စီးသွားသည့် နေအိမ်များကို အနည်းငယ်မျှသာ ပြုပြင်နိုင်ပြီး တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု နေရပ်ပြန် စစ်ရှောင် အသက် (၃၀ ) ဝန်းကျင် အမျိုးသမီးက ပြောသည်။

“တိုက်ပွဲဖြစ်တုန်းက အိမ်တွေဆို တော်တော်ပျက်စီးကုန်တာ။ ပြန်ပြင်နေတာလည်းရှိတယ်။ ပိုက်ဆံရှိတဲ့သူက ပြင်တာပေါ့။ မပြင်ရသေးတာက ပိုများတာ။ စစ်ရှောင်ရတာမလွယ်လို့ ကိုယ့်ဒေသပဲ ပြန်လာပြီး ဖြစ်သလို နေထိုင်နေကြတာ။ နောက်ထပ်တိုက်ပွဲဖြစ်ရင်လည်း ထပ်ပြေးရုံပေါ့။” ဟု အဆိုပါ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိ စံကား-ပင်စုံ ဒေသတွင် ဒေသခံများသည် ကိုယ်ထူကိုယ်ထ ကိုယ်တိုင် စစ်ရေး ၊လုံခြုံရေး လုပ်ဆောင်နေရသည့်အပြင် ဒေသခံအားလုံးနီးပါး ဘိန်းများ စိုက်ပျိုးလာသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ဘိန်းစိုက်ခင်း


အလားတူ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်များတွင်လည်း စစ်ကောင်စီနှင့် PNO တပ်ဖွဲ့များကို အခွန်ပေးဆေောင်ပြီး ဘိန်းစိုက်ပျိုးမှုများ ယခင်ကထပ်ပိုများလာကြောင်းသိရသည်။

“ ဒီမှာက ဘိန်းစိုက်ဧကပေါ်မူတည်ပြီး စစ်ကောင်စီရဲနဲ့ PNOတွေကို သူတို့တောင်းတဲ့ငွေကြေးပေးရတယ်။ တဧကဆိုတာ ဘယ်လောက်ထက် အခွန်က သူတို့ပေါ်မူတည်တာပါ” ဟု ဆီဆိုင်ဒေသခံ ဘိန်းစိုက်သည့်အမျိုးသမီး တစ်ဉီးက ပြောသည်။

စစ်ကောင်စီနှင့် PNO မှ တောင်းခံသည့် ငွေကြေးများ မပေးဆောင်နိုင်လျှင် ဘိန်းစိုက်ခင်းဖျက်ဆီးခံရကြောင်း လည်း ဟိုပုံးမြို့နယ် ဘိန်းစိုက်တောင်သူတစ်ဉီး ပြောသည်။

“ ကျနော်တို့ဆီမှာတော့ ဘိန်းစိုက်တဲ့သူတိုင်းက ရဲရော PNO ကို အခွန်ပေးရတယ်။ တချို့မပေးနိုင်တဲ့သူကလည်း ဖျက်ဆီးခံလိုက်ကြတယ်” ဟု ဟိုပုံး ဘိန်းစိုက်သူတစ်ဉီးက ဆိုသည်။

မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုသည် ၂၀၂၄ခုနစ်တွင် ၄ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသေးကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု နှိမ်နင်းရေး အဖွဲ့ (UNODC) က ဒီဇင်ဘာ ၁၂ရက် တွင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ တွင် သျှမ်းပြည်သည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဒေသဖြစ်ပြီး ၈၈ ရာခိုင်နှုန်း အထိ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...