ပင်လောင်းမြို့နယ် စစ်ဘေးရှောင်များ နေရပ်မပြန်လျှင် နေအိမ်ချိတ်ပိတ်မည်ဟု PNO ခြိမ်းခြောက်

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်းနေထိုင်သည့် စစ်ဘေးရှောင်များ မိမိနေရပ်သို့မပြန်လျှင် နေအိမ်များကို ချိတ်ပိတ်သွားမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က ခြိမ်း‌ခြောက်နေကြောင်း သတင်းရရှိသည်။  

ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့သည် ၂၀၂၄ခုနစ် နိုဝင်ဘာ ၂၄ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူများ နီးစပ်ရာ မြို့၊ရွာများတွင် ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ 

ထို့စစ်ဘေးရှောင်များကို စစ်ကောင်စီ၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဇန်နဝါရီလ ပထမပတ်တွင် နေရပ်ပြန်ရန် နှင့် နေရပ်မပြန်လျှင် နေအိမ်များချိတ်ပိတ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းစစ်ရှောင်

“သူတို့(PNO) တပ်သားတွေက  မနေ့ကပြောလာတယ်။ မပြန်လို့ မရဘူး တဲ့ မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်တဲ့။ ပြန်ရင်လည်းစစ်ဝတ်စုံဝတ်ပြီးတော့ ကင်းစောင့် ရမယ်။ ကင်းမစောင့် ပေးနိုင်ရင်လည်း တစ်လကို ၂ သောင်းခွဲလောက်ပေးရမယ်တဲ့။အဲ့လိုတွေလုပ်နေတော့ တခုမဟုတ် တခုက ခံကိုခံရမှာလေ။”ဟု ၎င်း အမျိုးသားက ဆိုသည်။ 

လက်ရှိ စစ်ဘေးရှောင်များသည် ပင်လောင်းမြို့ပေါ်၊ နောင်တရား၊ ညောင်ရွှေနှင့် နီးစပ်ရာ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး နေရပ်ပြန်ရန်အခက်အခဲများကြုံတွေ့နေသည့် မိသားစုများလည်း ရှိနေကြောင်း လည်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။ 

PNO/PNA

“တချို့ က ရွာကိုပြန်တာတွေလည်း ရှိတယ်။ထွက်ပြေးပြီးကတည်းက ရွာမှာအလုပ်က သိပ်မရှိတော့ဘူး။ အဲ့တော့ရွာမှာ ကလည်းတချို့ကမနေချင်ကြဘူး။ တိုက်ပွဲလည်း ဆက်ဖြစ်မှာကြောက်ရတယ်။ နောက် တပ်သားစုဆောင်းခံရမှာလည်း စိုးရိမ်နေရတယ် ။”ဟု၎င်းကပြောသည်။

ဆက်လက်ပြီး ဆောင်ရာသီအချိန်ရောက်ရှိလာသည့်အတွက် တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့်မြို့မဈေးသစ်တွင် လာရောက် စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ 

ထိုစစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်သည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့၊ မိုးဗြဲမြို့ တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့်ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့တိုက်ပွားများကြောင့် ထွက်ပြေးတိမ်းရှောင် လာသူများဖြစ်သည်။

ထို့ပြင်၊ ၂၀၂၃နိုဝင်ဘာလ ၁၁ ရက် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် သျှမ်း-ကရင်နီ နယ်စပ် တစ်လျှောင်တွင် တိုက်ပွဲများကြောင့်ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီပြည် လွိုင်ကော်မြို့နယ်ဒေသခံများလည်းပါကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...