စစ်ကောင်စီ၏ ဘက်တော်သား PNO က ဆီဆိုင်ကို ပြန်လည်ထိန်းချုပ်

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) လက်လွတ်ထားရသည့် နယ်မြေကို ပြန်လည် ထိန်းချုပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) ညနေပိုင်းတွင် PNOမှ လက်လွှတ်ထားရသည့် ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်စွဲရာနေရာကို ၎င်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PNO အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ တိုက်ခိုက်ခဲ့ရာ PNLAဖက်မှ တပ်သား( ၇)ဦးသေဆုံးပြီး (၅)ဦး ဖမ်းဆီးခံရသည်ဟု PNO အရာရှိတစ်ဦးက ထပ်လောင်းပြောသည်။

“PNLAက တပ်စခန်းမဟုတ်ဘူး။ ဟိုအရင် ဆီဆိုင်တိုက်ပွဲကတည်းက အဲဒီရွာက လူမနေတော့ဘူးလေ။ PNLAက ခြေကုတ်ယူထားတာ။သူတို့ရှိနေတော့ ပြည်သူတွေ ရွာမပြန်ရဲကြတော့ဘူးလေ။အခုတော့ သူတို့ကို ရှင်းလိုက်ပြီ။ကျနော်တို့ တပ်တွေတော့ အဲဒီရွာမှာ ချထားလိုက်ပြီ။ကျနော်တို့ဖက်ကတော့ ကျဆုံးမှုမရှိဘူး။” ဟု အဆိုပါ PNOအရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ PNLAတပ်များ ကျေးရွာတွင်း တပ်စွဲထားမှုကို ဒေသခံများက ကြိုက်မည်မဟုတ်ကြောင်းနှင့် အကယ်၍ တပ်စွဲထားချင်လျှင် ကျေးရွာအပြင်ဘက်တွင်သာ PNLA ကို တပ်စွဲထားစေလိုကြောင်း ၎င်း PNO အရာရှိတစ်ဦးက ထပ်ဆင့်ပြောသည်။

ထို့အပြင် PNOဘက်မှ စစ်ရေးအရ ရှေ့ဆက်တိုးရန် ရှိသည်ဟုလည်း ဗိုလ်မှူးသန်းကြွယ်မှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပအိုဝ်းလက်နက်ကိုင် အချင်းချင်း စည်းလုံးမှု ရှိစေလိုကြောင်းနှင့် ယခင်ကကဲ့သို့ နယ်မြေအကန့်သတ်ဖြင့် ငြိမ်းချမ်းစွာ ပြန်လည်အုပ်ချုပ်စေလိုကြောင်း ဆီဆိုင် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ပအိုဝ်းလက်ကိုင် အချင်းချင်း စည်းလုံးစေချင်တယ်။ အရင်ကလိုပဲ နယ်မြေသတ်မှတ်ပြီး အေးအေးချမ်းချမ်းနဲ့ အုပ်ချုပ်စေချင်တယ်။ဆီဆိုင်က ပြန်ပြီး စစ်ဖြစ်လာမဲ့ အနေအထားရှိတယ်။ ပထမ တစ်ခါပြေးရတာတောင် အခုအိမ်မပြန်နိုင်သေးဘူး။ ဒုတိယတစ်ခါ ပြည်သူတွေ ထပ်ပြေးရရင်တော့ မလွယ်ဘူး။” ဟု ဆီဆိုင်ဒေသ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

PNLA တပ်သား

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး PNLAကို ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားချင်း မရှိသေးပေ။

ယခုလက်ရှိ ဆီဆိုင်မြို့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်များက ဝင်ရောက်တပ်စွဲထားပြီး ပြီးခဲ့သည့် (ဇန်နဝါရီလ ၉ရက်) နေ့တွင် စစ်ကောင်စီနှင့် PNOတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ၊ PNO နှင့် PNLAနှင့် ပူးပေါင်းတပ်ဖွဲ့တို့က ယမန်နှစ်(၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်) နေ့တွင် ဆီဆိုင်မြို့တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆီဆိုင်ဒေသခံအများပြား စစ်ရှောင်ခဲ့ရပြီး ယနေ့အချိန်ထိ အိမ်မပြန်နိုင်သေးသည့် စစ်ရှောင်များလည်း ရှိနေသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...