ဟိုပုံးဒေသခံများကို စစ်သင်တန်း ရက်ပိုင်းပေးပြီး ရှေ့တန်းပို့ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် အနီးတဝိုက်ကျေးရွာများမှာ စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) သည် ပြည်သူများကို ရက်ပိုင်းမျှသာ သင်တန်းပေးပြီး ရှေ့တန်းသို့ပို့နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စပြီး စစ်ကောင်စီ နှင့် PNO တို့သည် ဟိုပုံးမြို့နှင့် အနီးတဝိုက် ကျေးရွာအုပ်စုရှိ ပြည်သူများကို ဖိအားပေးကာ စစ်သင်တန်း (၃)ရက်တက်ခိုင်းပြီး ရှေ့တန်းသို့ ပို့ခဲ့သည်။

ထိုသို့ စစ်သင်တန်း သုံးရက်ပြီးလျှင် ခန္ဓာကိုယ် ကြံ့ခိုင်သည့် အမျိုးသားများကို ရွေးချယ်ပြီး ကျိုင်းတုံဖက်သို့ စစ်သင်တန်း သုံးလတက်ရန်ပို့ဆောင်ပြီး သင်တန်းပြီးလျှင် ရှေ့တန်းသို့ ချက်ချင်း ပို့ခံနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“အစပိုင်းကတော့ ဒီတိုင်း ရပ်ရွာကာကွယ်ဖို့ပြောတာပဲ။ ပြီးတော့ လူရွေးပြီး ကျိုင်းတုံကိုပို့လိုက်တယ်။ သုံးလ သင်တန်းတက်ခိုင်းပြီး ရှေ့တန်းချက်ချင်းပို့တာ။ တစ်ချို့ဆို သူတို့တော်တယ်လို့ သတ်မှတ်ခံရရင် သုံးလ သင်တန်းမပေးတော့ပဲ ရက်ပိုင်းနဲ့ ရှေ့တန်းပို့တာ။” ဟု ဟိုပုံးမြို့ခံ တစ်ဦးကသျှမ်းသံတော် ဆင့်ကို ပြောသည်။

ဟိုပုံးမြို့

စစ်မှုထမ်း အမှတ်စဉ် (၇) အတွက် ကျေးရွာအုပ်စု တစ်ခုလျှင် လူနှစ်ယောက်နှုန်းဖြင့် စုဆောင်းနေပြီး ကြားကာလတွင် အတင်းအဓမ္မ စုဆောင်းခံရသူ အပါဝင် လူဦးရေ စုစုပေါင်းပေါင်း (၄၀၀) နီးပါးမျှ စစ်သားစုဆောင်းခံနေရကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

ထိုကဲ့သို့ ရှေ့တန်းစစ်မြေပြင်ပို့ဆောင်ရန် ရွေးချယ်ခံရသူများမှာ အသက် (၂၃)နှစ်မှ (၅၀) ကြားအမျိုးသားများပါဝင်နေပြီး အများစုမှာ မိသားစုနှင့် အဆက်သွယ်မရကြဘဲ ကျိုင်းတုံဘက်သို့ပို့ဆောင်ခံရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ယခုလက်ရှိ ဟိုပုံးမြို့နယ်တွင် စစ်ရေးအရငြိမ်သက်နေသော်လည်း သွားလာမှု စစ်ဆေးတင်းကြပ်နေပြီး စားသောက်ကုန်စည်များကို လိုအပ်သည်ထက် ပိုသယ်ခွင့်မရဘဲ တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေကြသည်ဟု မြို့ခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...