Tuesday, January 27, 2026

စံကားဒေသ တွင် PNO မှ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO/PNA မှ ပြည်သူပိုင် ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာဘက်တွင် အရပ်သားနေအိမ် အတွင်းထိ ဝင်ရောက် ခြိမ်းခြောက်ကာ တန်ဖိုးရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နိုဝင်ဘာလ ဒုတိယပတ်ထဲမှာပဲ PNO အဖွဲ့တွေ ကျေးရွာနေအိမ်တွေထဲ ဝင်ပြီး ပိုက်ဆံရှိတဲ့ အိမ်တွေဆို တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်ယူသွားတယ်။ ဘုရားတောင်ရွာနဲ့ ဟိုတိန်ရွာဘက်မှာ မြို့နဲ့ နည်းနည်းဝေးတော့ သူတို့လုပ်ချင်သလို လုပ်ကြတယ်။ အထက်လူကြီးတွေတော့ သိမှာလည်း မဟုတ်ဘူး၊ ပစ္စည်းတန်ဖိုးက နည်းတာ မဟုတ်ဘူး ယူသွားတာ။ လက်နက်နဲ့ ခြိမ်းခြောက်နေတော့ ဘယ်သူမှ ဘာမှ မပြောရဲကြဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ထိုကျေးရွာ အများစုသည် PNO အဖွဲ့ဟု ကြားလိုက်သည်နှင့်အမျှ ကြောက်ရွံ့လာခြင်း၊ အခွန်ကို အဆမတန် ကောက်ယူခြင်းနှင့် စစ်မှုထမ်း ခေါ်ဆောင်မည်ကို စိုးရိမ်နေခြင်းကြောင့် လူငယ်အများစုဟာ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“PNO ပအိုဝ်းပြည်သူ့စစ်က ရွာထဲ ရောက်နေတယ်လို့ ကြားလိုက်တာနဲ့ ကြောက်နေရတယ်။ အခွန်တွေ အဆမတန် ကောက်တတ်လို့ ပြီးတော့ စစ်မှုထမ်းဖို့ အတင်းခေါ်တတ်တယ်။ လူငယ်တော်တော်များက ရွာမှာမနေရဲကြဘူး၊ နိုင်ငံခြားပဲ သွားကြကုန်ပြီ။ အိမ်မှာကျန်တဲ့ လူကြီးတွေဆို သူတို့အဖွဲ့က လုပ်ချင်တာ လုပ်ကြတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

PNO/PNA

အခြားတဘက်တွင် PNO တပ်ဖွဲ့သည် အကြောင်းပြချက် မရှိဘဲ မည်သည့် ပြည်သူအိမ်ကိုမှ တရားမဝင် ဝင်ရောက်ခြိမ်းခြောက်ခြင်း မပြုလုပ်ကြောင်း၊ ၎င်းတို့ နယ်မြေအတွင်း တရားမဝင်သည့် ပစ္စည်းများ တွေ့ရှိပါက တရားဥပဒေအရ အရေးယူ လုပ်ဆောင်ကြောင်း PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးအရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အကြောင်းပြချက်မရှိဘဲ ပြည်သူပိုင် နေအိမ် ပစ္စည်းတွေကိုတော့ သိမ်းယူတာ မရှိဘူး၊ တရားဥပဒေနဲ့ မကိုက်ညီတဲ့ ပစ္စည်းတခုခု တွေ့ရင်တော့ ကျနော်တို့လည်း အရေးယူသင့်ရင် ယူရတယ်။ ဒါက ကျနော်တို့မြေလည်း ဖြစ်တယ်၊ ရှင်းလင်းသင့်တာရှိရင် ရှင်းလင်းရမယ်”ဟု ၎င်းဗိုလ်မှူးအရာရှိက ပြောသည်။

လက်ရှိတွင် ပြည်သူဘက်မှ အထင်မလွှဲအောင်၊ အထင်မမှားအောင် ထိထိမိမိ မရှင်းနိုင်သော်လည်း နယ်မြေကျူးကျော်လာသူကိုသာ အရင် ရှင်းလင်းပြီး ပြည်သူများ သဘောပေါက်နိုင်ရန် ပြန်လည်ချပြသွားမည်ဟု ၎င်း PNO အရာရှိက ဆက်ပြောသည်။

အလားတူ နိုဝင်ဘာလ (၂၀)ရက်မှ (၂၇)ရက်အတွင်း သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ့် ကျေးရွာဘက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...