စံကားဒေသ တွင် PNO မှ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO/PNA မှ ပြည်သူပိုင် ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် ပအိုဝ်းပြည်သူ့စစ် PNO မှ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ဘုရားတောင်ရွာနှင့် ဟိုတိန်ကျေးရွာဘက်တွင် အရပ်သားနေအိမ် အတွင်းထိ ဝင်ရောက် ခြိမ်းခြောက်ကာ တန်ဖိုးရှိ ပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နိုဝင်ဘာလ ဒုတိယပတ်ထဲမှာပဲ PNO အဖွဲ့တွေ ကျေးရွာနေအိမ်တွေထဲ ဝင်ပြီး ပိုက်ဆံရှိတဲ့ အိမ်တွေဆို တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အကုန်ယူသွားတယ်။ ဘုရားတောင်ရွာနဲ့ ဟိုတိန်ရွာဘက်မှာ မြို့နဲ့ နည်းနည်းဝေးတော့ သူတို့လုပ်ချင်သလို လုပ်ကြတယ်။ အထက်လူကြီးတွေတော့ သိမှာလည်း မဟုတ်ဘူး၊ ပစ္စည်းတန်ဖိုးက နည်းတာ မဟုတ်ဘူး ယူသွားတာ။ လက်နက်နဲ့ ခြိမ်းခြောက်နေတော့ ဘယ်သူမှ ဘာမှ မပြောရဲကြဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ထိုကျေးရွာ အများစုသည် PNO အဖွဲ့ဟု ကြားလိုက်သည်နှင့်အမျှ ကြောက်ရွံ့လာခြင်း၊ အခွန်ကို အဆမတန် ကောက်ယူခြင်းနှင့် စစ်မှုထမ်း ခေါ်ဆောင်မည်ကို စိုးရိမ်နေခြင်းကြောင့် လူငယ်အများစုဟာ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“PNO ပအိုဝ်းပြည်သူ့စစ်က ရွာထဲ ရောက်နေတယ်လို့ ကြားလိုက်တာနဲ့ ကြောက်နေရတယ်။ အခွန်တွေ အဆမတန် ကောက်တတ်လို့ ပြီးတော့ စစ်မှုထမ်းဖို့ အတင်းခေါ်တတ်တယ်။ လူငယ်တော်တော်များက ရွာမှာမနေရဲကြဘူး၊ နိုင်ငံခြားပဲ သွားကြကုန်ပြီ။ အိမ်မှာကျန်တဲ့ လူကြီးတွေဆို သူတို့အဖွဲ့က လုပ်ချင်တာ လုပ်ကြတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

PNO/PNA

အခြားတဘက်တွင် PNO တပ်ဖွဲ့သည် အကြောင်းပြချက် မရှိဘဲ မည်သည့် ပြည်သူအိမ်ကိုမှ တရားမဝင် ဝင်ရောက်ခြိမ်းခြောက်ခြင်း မပြုလုပ်ကြောင်း၊ ၎င်းတို့ နယ်မြေအတွင်း တရားမဝင်သည့် ပစ္စည်းများ တွေ့ရှိပါက တရားဥပဒေအရ အရေးယူ လုပ်ဆောင်ကြောင်း PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်မှူးအရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အကြောင်းပြချက်မရှိဘဲ ပြည်သူပိုင် နေအိမ် ပစ္စည်းတွေကိုတော့ သိမ်းယူတာ မရှိဘူး၊ တရားဥပဒေနဲ့ မကိုက်ညီတဲ့ ပစ္စည်းတခုခု တွေ့ရင်တော့ ကျနော်တို့လည်း အရေးယူသင့်ရင် ယူရတယ်။ ဒါက ကျနော်တို့မြေလည်း ဖြစ်တယ်၊ ရှင်းလင်းသင့်တာရှိရင် ရှင်းလင်းရမယ်”ဟု ၎င်းဗိုလ်မှူးအရာရှိက ပြောသည်။

လက်ရှိတွင် ပြည်သူဘက်မှ အထင်မလွှဲအောင်၊ အထင်မမှားအောင် ထိထိမိမိ မရှင်းနိုင်သော်လည်း နယ်မြေကျူးကျော်လာသူကိုသာ အရင် ရှင်းလင်းပြီး ပြည်သူများ သဘောပေါက်နိုင်ရန် ပြန်လည်ချပြသွားမည်ဟု ၎င်း PNO အရာရှိက ဆက်ပြောသည်။

အလားတူ နိုဝင်ဘာလ (၂၀)ရက်မှ (၂၇)ရက်အတွင်း သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ့် ကျေးရွာဘက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...