ဆီဆိုင်မြို့ နောင်ရင်းရွာတွင် PNO ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် မိခင်နှင့် ကလေး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံနှင့် ပအိုဝ်းပြည်သူစစ် PNO က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် မိခင် သေဆုံးပြီး ၊ ဖခင်ဖြစ်သူက ပြင်းထန် ဒဏ်ရာ ရရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂ ရက်)နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် နောင်ရင်းကျေးရွာတွင်နေထိုင်သည့် မိသားစု ၃ဦးသည့် ပြောင်းခြံသို့ ပြောင်းချိုးနေစဉ် စစ်ကောင်စီလက်အောက်ခံနှင့် ပအိုဝ်းပြည်သူစစ် PNO က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် အသက် ၂ နှစ်အရွယ်ရှိ ကလေးငယ်နှင့် မိခင်ဖြစ်သူ ၎င်းနေရာတွင် ပွဲချင်း သေဆုံးပြီး ဖခင်ဖြစ်သူသည် ခန္ဓာကိုယ်အနှံတွင် ဗုံးစထိမှန် ဒဏ်ရာ ရရှိကြောင်း PNLA ပြောရေးဆိုခွင့် ရှိသူ ခွန်းရိန်းယံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြောင်းခင်းထဲ မိုင်းရှိနေသဖြင့် သတိပေးဆိုင်းဘုတ်

“မနေ့က မနက်ပိုင်းအချိန် ၁၀နာရီဝန်းကျင်လောက်ပေါ့ ပြောင်းသွားချို့းတဲ့ သားမိသုံးယောက်က ဗုံးထိသွားတယ်။ ကလေးနဲ့ မိခင်တော့ ဆုံးသွားတယ် အဖေဖြစ်သူက ဒဏ်ရာပြင်းထန်တယ်။ စစ်တပ်နဲ့ PNO ပြည်သူစစ်တွေက အနောက်ဘက်ကနေ ဒရုန်းနဲ့ ပစ်တာ။ ခုချိန်ထိ စစ်တပ်နဲ့ PNO တပ်တွေက စစ်ကြောင်းထိုးပြီး ပြည်သူရဲ့နေအိမ် မီးရှို့တယ် သတ်ဖြတ်တဲ့လုပ်ရက်က အင်မတန်ယုတ်မာတဲ့ လုပ်ရက်တွေဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ထို့ကျေးရွာအနီးတဝိုက်တွင် ပြောင်းခြံလုပ်ငန်းကိုသာ မှီခိုလုပ်စားနေရသည့် ပြည်သူအများစုသည် စစ်ကောင်စီပူပေါင်းတပ်တို့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြောင်းဖူးနှင့် မြေပဲ လုပ်ငန်းကို ရပ်ဆိုင်းထား ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် ပူပေါင်းတပ် PNO ပအိုဝ်းပြည်သူစစ်သည် လွိုင်ကော်မြို့ဘက်ခြမ်းတွင် နေ့စဉ် စစ်အင်အားများ ဖြည့်နေပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

“အခုဆို ဘယ်သူမှတောင် ပြောင်းခြံမသွားရဲတော့ဘူး။ ရွာအနီးမှာနေတဲ့သူဆို ကြောက်ကုန်ပြီ‌လေ သူတို့ ဘယ်ချိန်လာပစ်မှာကို မသိရတော့ ပိုကြောက်ရတယ်။ ဈေးသည်တွေလည်း အဲဘက်ကို မသွားရဲတော့ဘူး။ အခုထိသွားတဲ့ ကလေးအဖေလေ သူ့အကိုလည်း အရင်လက ပြောင်းခြံထဲမှာ မပေါက်ကွဲတဲ့ ဗုံးတွေ့လို့ ကောက်လာတာ အိမ်ရောက်တော့ ပေါက်ကြဲမှုဖြစ်ပြီး သေသွားတယ်လေ ခုလည်း သူတို့မိသားစုကို ထပ်ရှုံးရပြန်တယ်”ဟု ၎င်းက ပြောသည်။

အလားတူ နိုဝင်ဘာလ (၂၀)ရက်မှ (၂၇)ရက်အတွင်း သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ့် ကျေးရွာဘက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ဖယ်ခုံ၊ လွိုင်ကော်နှင့် မိုးဗြဲဘက်သို့ စစ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့အင်အားဖြည့်တင်းပြီးနောက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့နှင့် တင်မာမှုများရှိနေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...