PNO က ပင်လောင်းစစ်ရှောင်များကို ခြိမ်းခြောက်နေရပ်ပြန်ခိုင်း

သျှမ်းပြည် ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။

ပင်လောင်းမြို့နယ် ဗန်း‌မောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားများကို ပအိုဝ်းပြည်သူ့စစ် PNO က ပြီးခဲ့သည့် (နိုဝင်ဘာလ ၉ ရက်)နေ့တွင် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း အသက် ၃၅ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“တိုက်ပွဲတွေနည်းနည်းငြိမ်နေတော့ သူတို့က ပြန်ခိုင်းနေတယ်။လုံးဝအိမ်မပြန်ရင်လည်း အိမ်ကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ကျနော်တို့ ရွာကိုပဲ တခြားရွာတွေတော့ မဖြစ်ဘူး။မိန်းကလေးတွေကိုတော့ မပြန်ခိုင်းဘူး ပေးမပြန်ဘူး။ကိုယ်အိမ်ကိုလည်း ကိုယ်စိတ်ပူတော့ တချို့တွေက ပြန်ရတာပေါ့။” ဟု အသက် ၃၅ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ် PNO မှ နေရပ်ပြန်ရန်ခြိမ်းခြောက်ထာသည့် အတွက် စစ်ဘေးရှောင်နေသည့် အမျိုးသား ၂၀ ဝန်းကျင်သည် ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်) တွင် စစ်ဝတ်စုံဝတ်၍ နေရပ်ပြန်သွားခဲ့ရကြောင်း အသက် ၃၅ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဆက်ဆိုသည်။

PNO/PNA

“မနေ့က အယောက် ၂၀၊၃၀ ယောက်ပြန်သွားကြတယ်။အိမ်တွေကို စိတ်ပူလို့ရယ်၊ တချို့တွေက စပါးတွေသိမ်းဖို့ လိုတာရယ် အဲ့ကြောင့် မတက်နိုင်လို့ပြန်ကြတာ။မနေ့က ပြန်သွားတဲ့လူတွေကို သူတို့က စစ်ဝတ်စုံတွေ ဝတ်ပြီးပြန်ခိုင်း တယ်။ သူတို့ ရဲ့ အခြေအနေကိုတော့ မသိရသေးဘူး။”ဟု ၎င်းက ပြောသည်။

ထိုပြင် (နိုဝင်ဘာလ ၁၀ ရက်) ည ၈ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီမှ ကား ၁၀ စီးကျော်ဖြင့် ဆောင်ပြောင်းကျေးရွာဘက်သို့ စစ်အင်အားများထပ်ဖြည့် နေကြောင်း မြင်တွေ့ခဲ့သည့် အမျိူးသားတစ်ဦးက ထပ်မံလောင်းပြောသည်။

“မနေ့ည စစ်ကောင်စီတွေ ကား ၁၀ ဝန်းကျော်လောက်နဲ့ ဆောင်းဗြောင်းဘက်ကို သွားတယ်။ စစ်အင်အား ဖြည့်တာပေါ့။အခြေနေကမကောင်းနိုင်သေးဘူး စိုးရိမ်နေရတုန်ပဲ။ပင်လောင်းမြို့ထဲကနေဖြတ်သွားတာ “၁၁၁၁”စစ်ဆင်ရေး ၁ နှစ်ပြည့်ဆိုတော့ သူတို့တွေလည်း စစ်အင်အားတွေဖြည့်နေတာ” ဟု မြင်တွေ့ခဲ့သည့် အမျိူးသားတစ်ဦးက ပြောသည်။

အောက်တိုဘာလ တွင်လည်း ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ၊ လှဲလောင်းနှင့် အခြားသော နေရပ်ပြန်သွား သည့် ကျေးရွာဒေသခံများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က အသက် (၁၆) နှစ်မှ အသက် (၆၀) အတွင်း အမျိုးသားများကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားပြီး အချို့ကို ရွာအတွင်း၌ ကင်းစောင့်ခိုင်းနေကြောင်း သိရသည်။

ပင်လောင်းစစ်ရှောင်

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြားရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများငြိမ်သက်နေပါ သော်လည်း စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...