Wednesday, January 28, 2026

 PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ကျေးရွာသူကြီး တစ် ဦး သတင်းအစအနမရသေး

သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီး တစ် ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ကဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွှတ်လာပေးခြင်းမရှိဘဲ သတင်းအစအနမရသေးကြောင်း စုံစမ်းသိရသည်။

 ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ  PNO သည် တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ကို ၎င်း၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းပအိုဝ်းပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PNLA က ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်နေ့)တွင် သတင်းထုတ်ပြန်သည်။ 

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသည့် ရွာသူကြီး ဖြားဒုံးကျော်သည် ယနေ့အချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားခြင်း မသိရှိရဘဲ  သတင်းအစအနမရသေးကြောင်း PNLA ၏ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံက ပြောသည်။ 

“စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO က ရွာသူကြီးဖမ်းသွားတာ။ အဲ့ဒါအခုထိ ဆက်သွယ်လို့မရဘူး။ ပြန်လည်းမလွတ်လာသေးဘူး” ဟု ခွန်ရိန်းယံက ပြောသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပအိုဝ်းပြည်သူ့စစ် PNO ၏ ဗိုလ်မှူး ခွန်သန်းကြွယ်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ “အကြောင်းတစ်ခုခုရှိလို့ ဖမ်းတာထင်တယ်။ အလကားနေ ဒီတိုင်းဘယ်သူက ဖမ်းမှာလဲ​။ အဲ့ဘက်လည်း ဖုန်းလိုင်းအဆက်သွယ်မရဘူး” ဟု ပြောသည်။ 

ထို့အပြင် ရွာသူကြီး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ကျေးရွာဒေသခံ ပြည်သူများကလည်း လိုက်လံစုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာဒေသခံ တစ်ဦးက “ PNO ကဖမ်းတဲ့ရွာသားတယောက်ထွက်ပြေးသွားလို့ ရွာသူကြီးကိုဖမ်းတာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၄ မေလ ၉ ရက်တွင်လည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာ ရွာသူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူ ခွန်ပလွန်ကို တော်လှန်းရေးတပ်ဖွဲ့များကို ထောက်ပံ့သည်ဟုစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ သျှမ်း-ကရင်နီ နယ်စပ်ဒေသ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ပေးနေပြီး ကျေးရွာများ၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်နေလျက်ရှိကြောင်း PNLA ဘက်ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...