ဖယ်ခုံ၊ ပင်လောင်းတွင် စစ်ကောင်စီနှင့် PNOလမ်းပိတ်၊ ပြောင်းကုန်ရောင်းရန် ခက်ခဲ

သျှမ်း-ကရင်နီပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က လမ်းများပိတ်ပင်ထားသည့်အတွက် ဒေသခံများ စပါးရိတ်သိမ်းရန်နှင့် ပြောင်းကုန်ရောင်းရန် ခက်ခဲလာနေသည်ဟု စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပြည်သူ ထွက်ပြေးတိမ်းရှောင်နေချိန် စစ်ကောင်စီ နှင့် PNO ပူပေါင်းတပ်ဖွဲ့က ဒေသခံများ၏ ချွေးနဲစာဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများကို ရိတ်သိမ်းယူဆောင်သွားနေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီပင်လောင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေအများကြီးပဲ စပါးတွေစိုက်ပြီး ပြန်ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ကာလကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေက အခွင့်ကောင်းယူပြီး ရှိသမျှစပါးခြံတွေကို ရိတ်သိမ်းသွားကြတယ်။ ကျမတို့ ပြန်လာရမှာတောင် ကြောက်နေတယ်”ဟု ၎င်းက ပြောသည်။

ပင်လောင်းစစ်ရှောင်များပုံ

ထို့ပြင် ကရင်နီပြည်အတွင်း တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ်သို့ စစ်ရှောင်လာသည့် ပြည်သူများသည် တပိုင်တနိုင် ပြောင်းဖူးကို စိုက်ပျိုးအားထားရာသည်။ လက်ရှိမှာလည်း ထိုပြောင်းဖူးများရောင်းရန်အတွက် စစ်ကောင်စီက လမ်းကြောင်းပိတ်လိုက်သဖြင့် ဂိုဒေါင်ထဲတွင်သာ သိုလှောင်ထားနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုက စစ်တပ်တွေက လမ်းမကြီးဘက်မှာ စောင့်ပြီး ဂိတ်တွေပိတ်တယ်။ ဘယ်သူ့ကိုမှ ပေးမဖြတ်ဘူး။ ပြောင်းဖူးခြံတွေလည်း သွားလို့မရဘူး။ ပြောင်းဖူးတွေဆို ဂိုဒေါင်ထဲမှာ လှောင်ထားတာ မှိုတွေတောင်တက်နေပြီ၊ အခု စားသောက်ဖို့ ရှာဖွေနေရတာလည်း တကယ်မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့တို့သည် ရိက္ခာ တင်ပို့သည့်လမ်းကြောင်းကို ပိတ်ဆိုင်း လိုက်ရုံသာမက စစ်ရှောင်များတပိုင်တနိုင် လုပ်စားနေရန် သွားလာသည့် လမ်းကြောင်းများကို ပါ ပိတ်လိုက်သဖြင့် နောင်လာမည့် နှစ်အတွက် စားဝတ်နေရေး ပိုခက်ခဲကြောင်း လည်း ဖယ်ခုံ ပြည်သူများက ပြောဆိုလိုက်သည်။

ဖယ်ခုံမြို့နယ် လမ်းပိုင်း

ပြီးခဲ့သည့် နိုဝင်ဘာလ (၈)ရက်တွင်လည်း ဖယ်ခုံမြို့နယ် ကာလကျေးရွာကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကာ နေအိမ် ၆ လုံးခန့် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၁ ရက် ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ စပါးရိတ်ပြန်လာသော ဒေသခံပြည်သူ ၂၀၀ ကျော်ကို ပင်လောင်း-ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် (PNO) ပူပေါင်းတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း KNDF၏ ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...