စစ်ကောင်စီ
လားရှိုးမြို့ အရပ်သားနေအိမ် ပြန်လာနေထိုင်ရန် MNDAA ပြော၊ လေကြောင်းစိုးရိမ်မှုနေရသေး
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် ပြောဆိုနေသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခကို ဩဂုတ်လ ၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို...
စစ်ကောင်စီမှ တောင်ကြီး ညဈေးဆိုင်များကို ပိတ်ခိုင်း
သျှမ်းပြည် တောင်ကြီးမြို့ ရှိ ညပိုင်းတွင် ဖွင့်လှစ်ထားသည့် ညစျေးဆိုင်များကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်မှ ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အ.ထ.က (၁) ၏ မြောက်လက်ရှိ ညဈေးတွင် ဖွင့်လှစ်ထားသော စျေးဆိုင်များကို စစ်ကောင်စီလက်အောင်ခံ စည်ပင်သာယာရေးမှ သြဂုတ်လ ၁၁...
ညောင်ရွှေဒေသခံများ မြေမြှုပ်မိုင်း ၊လက်နက်ကြီးအန္တရာယ်များနှင့်ရင်ဆိုင်နေရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊စံကားဒေသခံများသည် ယခုတွင် ကျေးရွာထဲ ပြန်နေကြပြီးနောက် မြေမြှုပ်မိုင်း၊လက်နက်ကြီးအန္တရာယ်များနှင့်ရင်ဆိုင်နေကြရကြောင်း သတင်းရရှိသည်။ စံကားဒေသတွင် ပြီးခဲ့သည့် ဇူလိူင်လတစ်လလုံးတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ တိုက်ပွဲငြိမ်သွားပြီးနောက် ဒေသခံနေအိမ်ခြံဝိုင်းအတွင်း မြေမြှုပ်မိုင်းများထောင်ထားခဲ့သည့်အပြင် မပေါက်ကွဲသေးသည့် လက်နက်ကြီးလည်း များစွာ ကျန်ရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ပြောင်းခြံထဲ တွေမှာ လက်တက်ကြီးတွေ မြေမြှုပ်မိုင်းတွေများစွာရှိတယ်။...
ပြင်ဦးလွင် စစ်မှုထမ်းခေါ်ဆောင်ရာ ထွက်ပြေးပါက မိသားစုဝင်ကို ဖမ်းဆီးမည် ဟု စစ်ကောင်စီ အမိန့်ထုတ်ထား
SHAN -
ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် ခေါ်ယူနေပြီး လာရောက်ခြင်းမရှိဘဲ ထွက်ပြေးပါက ကျန်ရှိသောမိသားစုဝင်များကို ဖမ်းဆီးကာ နေအိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ လူငယ်များစာရင်းပြုစုထားကာ တစ်လလျှင် နှစ်ဦးနှုန်းဖြင့် ၇ဦးခန့် ကြိုတင် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ပြင်လွင်ဦး ရွှေသင်းရွာအနီးရှိ သဇင် FM အသံလွှင့်တပ်တွင်...
မူဆယ်မြို့တွင် ကျယ်လောင်သည့် ပေါက်ကွဲသံထွက်ပေါ်၊ ပြည်သူများ ထိတ်လန့်
SHAN -
သျှမ်းမြောက်၊ တရုတ်-မြန်မာ နယ်စပ်၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် ၄၅ကုန်းအနီး ယနေ့ (ဩဂုတ်လ ၁၂ ရက်) ည ၁၀ နာရီကျော်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာသဖြင့် ထိတ်လန့်နေရကြောင်း မြို့ခံများက ပြောသည်။ စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့ကို ညီနောင်မဟာမိတ်တပ်များ တိုက်ခိုက်မည်ဆိုသည့် သတင်းများ...
လားရှိုး တိုက်ပွဲ ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် စစ်တပ်မိသားစုများ ကိုးကန့်တပ် ထပ်လွှတ်ပေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများ အနက် ဒဏ်ရာရထားသည့် စစ်သား ၄၅ ဦးနှင့် စစ်တပ် မိသားစုဝင် ၂၈၆ ဦး၊ စုစုပေါင်း ၃၃၁ ဦးကို ယမန်နေ့ ကိုးကန့်တပ်-MNDAA က ထပ်မံ လွှတ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်က...
တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄ သိန်းထိ ခြိမ်းခြောက်ကောက်ခံနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် ၄သိန်း အထိ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ရှိ ကျေးရွာအချို့အတွင် စစ်မှုထမ်းရန် အကြောင်းပြချက်များဖြင့် ငွေကျပ် ၃ သိန်းခွဲမှ ၄ သိန်းအထိကောက်ခံမှုများရှိနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “တစ်အိမ်ကို ၃...
ဆောင်းပြောင်းရွာခံများကို PNO ထဲဝင်ပြီးကြောင်း လက်မှတ်ထိုးပြီးမှ ကျေးရွာထဲပြန်နေခွင့်ပြုမည်ဟုဆို
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာဒေသခံများကို PNOပြည်သူ့စစ် တပ်ထဲ ဝင်ကြောင်း လက်မှတ်ထိုးမှသာ ရွာထဲပေးနေမည်ဟု ရွာသားများကိုခြိမ်းခြောက်အကြပ်ကိုင်ကြောင်း ဒေသခံများထံမှသိရသည်။ ရွာသားများအားလုံး နေအိမ်သို့ပြန်နေလိုလျှင် ရွာထဲရှိအသက်၁၈မှ အသက်၄၀အောက် အမျိုးသား၊အမျိုးသမီးအားလုံးကို PNOပြည်သူ့စစ်ထဲဝင်ကြောင်းလက်မှတ်ထိုးမှသာ ပြန်လာနေ ခွင့်ပြုမည်ဖြစ်သဖြင့် ဒေသခံများအခက်ခဲကြုံတွေ့နေရပါသည်။ "ဆောင်းပြောင်းရွာကိုဝင်တဲ့လမ်းအကုန်ပိတ်ထားတယ်။ သူတို့ခုလို ပြောလာတော့ရွာသားတစ်ယောက်မှ လက်မှတ်မထိုးဘူး။ ရွာသားတစ်ယောက်မှ သဘောမတူဘူး။ ဒါကအာဏာရှင်ဆန်ဆန်လုပ်တဲ့လုပ်ရပ်ဖြစ်တယ်"ဟု ဒေသခံတစ်ဦးက...
တောင်ကြီးမြို့ စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ် မှောင်ခိုရောင်းသူများရှိလာ
သျှမ်းပြည် တောင်ကြီးမြို့တွင် စက်သုံးဆီများ ပြတ်လပ်လုနီးပါးဖြစ်နေပြီး၊ မှောင်ခိုရောင်းသူများ ဈေးနှုန်းမြှင့်တင်ကာ ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဇူလိုင်လ ၃၁)ရက်မှစတင်ပြီး တောင်ကြီးမြို့တွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် စက်သုံးဆီကို အကန့်အသက်ဖြင့် ရောင်းချပေးနေပြီး တန်းစီကာ ဝယ်ယူနေရသကဲ့သို့ စက်သုံးဆီ စျေးနှုန်းများလည်း တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ ယနေ့ (သြဂုတ်လ ၉ ရက်)...
ဟိုပုံး စစ်ကောင်စီ ခေါ်ဆိုသည့် စစ်မှုထမ်းမလိုက်ပါက ငွေကြေး အဆမတန်တောင်း ပြည်သူနှင့် စကားများရန်ဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် အနောက်ဘက်ရပ်ကွက်တွင် စစ်ကောင်စီမှ အရပ်သားများကို စစ်မှုထမ်းရန် အတွက် လာရောက်ပြီး စည်းဝေးနေချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အရပ်သား စကားများ ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်တွင် ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်တွင် စစ်ကောင်စီကနေပြီး စစ်မှုထမ်းခေါ်ဆိုရာ မလိုက်လိုပဲ လူငှား တစ်ဦးခေါ်ဆိုပါက...





