ဟိုပုံးမြို့နယ် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကောင်စီ စတင်ခေါ်ဆောင်တော့မည်

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းရန် စတင်သတိပေး ခေါ်ဆောင်သွားမည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ ဟိုပုံးမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းခေါ်ရန် အတွက် ပိုက်ဆံကောက်ပြီးနေပြီး၊ ရပ်ကွက်လူကြီးများလည်း အမျိုးသမီးစစ်မှုထမ်းနာမည်ပေါက်သူများကို လာရောက် သတိပေးမှု ရှိနေကြောင်း ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မိန်းကလေးတွေအလှည့်လာမယ်လို့ သူတို့က သတိပေးနေပြီ။ စစ်မှုထမ်းဖို့ အမျိုးသမီးတွေ နာမည်တောင်ထွက်နေပြီ၊ ပေါက်နေပြီ။ အမျိုးသမီးတွေ လည်းကြောက်လို့ ရှောင်နေရပြီ” ဟု ၎င်းအမျိုးသားက ပြောသည်။

စစ်ကောင်စီ စစ်မှုထမ်း

၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလမှာပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် အသက်သွင်းပြီးနောက် စစ်သားစုဆောင်းမှုကို မတ်လအလယ်တွင်စတင်စုဆောင်းခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကြားဖြတ် သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း၊ စုစုပေါင်း ၁၄ သန်းရှိသည်ဟု ၂၀၂၄ခုန်စ ဖေဖော်ဝါရီ လပိုင်းတွင် စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားမှ တစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

လက်ရှိမှာ စစ်ကောင်စီ ခေါ်ယူနေသည့် စစ်မှုထမ်းသည် စတုတ္တအကြိမ်မြောက်ဖြစ်ပြီး၊ အမျိုးသမီး စစ်မှုထမ်းရန်အတွက် အချို့ဒေသများတွင် တတိယအကြိမ်တွင် ဆင့်ခေါ်နေပြီး၊ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စတုတ္ထအကြိမ်တွင် ဆင့်ခေါ်မည်ဟု ကြားသိရကြောင်း ဒေသခံများက ဆိုသည်။

“ ကျနော်ရဲ့ တူမလေးဆိုရင် အာဏာသိမ်းကတည်းက ကျောင်းလည်းမတက်ရဘူး။ အသက်အရွယ်ကလည်း စိုးရိမ်ရတယ်။ နောက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဒီလိုသတိလာပေးတော့ စိုးရိမ်မှုကတော့ရှိတာပေါ့” ဟု ၎င်းအမျိုးသားကဆိုသည်။

ထို့ပြင် စစ်ကောင်စီမှ ပြည်သူများကို စစ်မှုထမ်းရန် ပိုက်ဆံ သိန်း ၆၀ မှ ၈၀ကြား မက်လုံးပေး၍ ခေါ်ဆောင်ကာ လက်တွေ့တွင် ပိုက်ဆံပေးဆောင်မှု မရှိကြောင်း စစ်မှုထမ်းသွားသည့် လူငယ်တစ်ဦး၏ ဆွေမျိုးနီးစပ်သူက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မဲက မနှိုက်ဘူး။သွားချင်တဲ့လူကို သွားကြတာ။သူတို့ ကပိုက်ဆံနဲ့ မက်လုံးပေးထားတော့ ပိုက်ဆံကလည်းများ တော့ တချို့တွေကသွားကြတာပေါ့။ သူတိုကလည်း ပိုက်ဆံရမယ်ထင်လို့ ဝင်ကြတာပေါ့။ပြီးတော့ သူတို့ကတော့ ပိုက်ဆံလည်း မရဘူး” ဟု ၎င်းက ဆိုပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်တွင် ဟိုပုံးမြို့နယ် အနောက်ရပ်ကွက်တွင် စစ်ကောင်စီကနေပြီး စစ်မှုထမ်းခေါ်ဆိုရာ မလိုက်လိုပဲ လူငှား တစ်ဦးခေါ်ဆိုပါက (၇၅)သိန်း ပေးဆောင်ရမည်ဟု ပြောဆိုရာမှ ရန်ဖြစ်ပွားခဲ့ကြကြောင်းအစည်းအဝေ’ တွင်ပြောဆိုခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ်လျှင် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည် ဖြစ်သည်။

ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်သည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိ ဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်း ကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ဉပဒေ ပြန်ဋ္ဌာန်ထားသည်။

အထက်ပါ ဥပဒေကိုလည်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ တွင် ပြဋ္ဌာန်းခဲ့ခြင်းပင် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...