နမ့်လန်မြို့တွင်း စစ်ရေးပြင်းထန်လာမည်ကို ပြည်သူများစိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ စစ်ရေးပြင်းထန်လာမည်ကို ဒေသခံပြည်သူများ လုံခြုံရေး စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ်လ ၁၄ ရက်)တွင် သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် စစ်ကောင်စီတပ် ခလရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်လန်မြို့အနီးရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲနေ့စဉ် ဖြစ်ပွားလျက်ရှိသည်။

ထို့နောက် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ အပြန်အလှန် ပစ်ခတ်နေချိန် နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-(၅၀၆) အနီး ဗုံးဆံ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြောင်း နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ကယ်ဆယ်ရေး

“မနေ့က နောင်ကော်တပ်စခန်းကို MNDAA က သိမ်းလိုက်ပြီ။ ၅၀၆ တပ်ကိုလည်း ပစ်ဗုံးနဲ့ ပစ်သွားတယ်။ ထပ်ပစ်တော့ အုံးဆီးရွာဘက်မှာ ကျသွားတယ်၊ နမ့်လန်နဲ့ အရမ်းနီးနေတယ်။ နမ့်လန်ထဲဝင်လာမှာ ပြည်သူတွေ အရမ်းကြောက်ရွံ့နေရပြီ ၊ ပစ္စည်းတွေတောင် ကြိုသိမ်းနေတယ်’’ ဟု နမ့်လန်မြို့မှ ၎င်းဒေသခံအမျိုးသားက ပြောသည်။

လက်ရှိ နမ့်လန်မြို့အနီး တိုက်ပွဲဖြစ်နေသည့် ကျေးရွာများသည် နမ့်လန်မြို့ထဲသို့ စစ်ရှောင်နေရကြောင်း၊ တိုက်ပွဲအခြေအနေကို စောင့်ကြည့်ရင်း စစ်ရှောင်များကို လက်ခံသွားမည် ဟုလည်း အသက် ၄၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့ ရွာတွေက လူတွေတော့ နမ့်လန်မြို့ထဲကို ခဏ လာရှောင်ကြတယ်။ ကျနော်တို့ နမ့်လန်က လူတွေကလည်း တိုက်ပွဲအခြေအနေကို စောင့်ကြည့်ပြီးတော့ စစ်ရှောင်ကို လက်ခံနေပါတယ်။ ဘာလို့ဆို ဒီမှာလည်း တိုက်ပွဲဖြစ်ရင် ထပ်ထွက်ပြေးရမှာလေ”ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် နမ့်လန်မြို့ ဒေသခံများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များကို လဲချားမြို့နှင့် ပင်လုံမြို့သို့ ကြိုတင်ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများလည်း သီပေါမြို့ဘက်သို့ ဦးတည်၍ တစ်ဘက်သက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။

သီပေါမြို့ပေါ်တွင်လည်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီလက်အောက်ခံ ခလရ-(၂၃)၊ ခမရ-(၅၀၃၊ ၅၀၄) တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်လန် – ကျောက်ဂူလမ်းရှိ လက်နက်ကိုင်ပေါင်းစုံ ငွေကြေးတောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွားလာသည့် လမ်းဖြစ်သည် နမ့်လန်-ကျောက်ဂူလမ်းတွင် လက်နက်ကိုင်ပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ နမ့်လန် - ကျောက်ဂူ လမ်းပိုင်းရှိ နောင်ဝိုးကျေးရွာ အနီးရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ၏ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင်များအပြင် ခရီးသည်များ၏...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...