သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွားလာသည့် လမ်းဖြစ်သည် နမ့်လန်-ကျောက်ဂူလမ်းတွင် လက်နက်ကိုင်ပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ နမ့်လန် – ကျောက်ဂူ လမ်းပိုင်းရှိ နောင်ဝိုးကျေးရွာ အနီးရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ၏ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင်များအပြင် ခရီးသည်များ၏ ဖုန်းများကိုပါ စစ်ဆေးနေကြောင်း နမ့်လန်ကားသမား အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“နမ့်လန်အထွက် ရှမ်းဂိတ်မှာ ၃၀၀၀ ပေးရတယ်။ပြီးတော့ ကားစာရင်းပေးရတဲ့ ဂိတ်မှာ ၅၀၀၀ ထပ်ပြီးပေးရတယ်။ပြီးရင် စစ်တပ်ရဲ့ လမ်းဖြတ်သန်းခ ဆိုးပြီကောက်တဲ့ဂိတ်မှာ ၂ သောင်းဝန်းကျင် ထပ်ပေးရတယ်။တစ်စီးနဲ့ တစ်စီးတော့ မတူဘူး။စစ်တာကတော့ ဖုန်းတွေပါစစ်နေတယ်။” ဟု နမ့်လန်ကားသမား အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
ယခုဇူလိုင်လအတွင်း စစ်ကော်မရှင်တပ်မှ စစ်ဆေးမှုများ တင်းကြပ်နေသည့်အပြင် ကားတစ်စီးကို ၃ သောင်းမှ ၅ သောင်းဝန်းကျင်အထိ ငွေတောင်းခံမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။
အလားတူ သျှမ်းပြည် တောင်ပိုင်း စစ်ကော်မရှင်၏ တောင်ကြီ- ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားခဲ့သည်။
လက်ရှိ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး-ဟိုပုံး လမ်းပိုင်းရှိ ၆ မိုင် စစ်ဆေးရေးဂိတ်၊ မိုင်းပွန် စစ်ဆေးရေး ဂိတ်တို့တွင် စစ်ဆေးမှုတင်းကြပ််နေကြောင်း ဒေသခံများက ပြောသည်။












Leave a Comments