Tuesday, January 27, 2026

နမ့်လန်မြို့ ကိုးကန့်တပ် ရှော့တိုက်ဒုံး ပစ်ခတ်မှု ကလေး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့ကို ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ နေ့လယ်ပိုင်းက ကိုးကန့်တပ် MNDAA ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရာ ရပ်ကွက် အတွင်းရှိ လူနေအိမ်ကို ထိမှန်သဖြင့် ကလေး ၂ ဦး ဒဏ်ရာရရှိသွားကြောင်း မြို့ခံများက ပြောသည်။

သျှမ်းတောင်နှင့် သျှမ်းမြောက် နယ်စပ်ရှိ နမ့်လန်မြို့ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ရာ ကောင်းလန်း တောင်ရပ်ကွက်၊ ရေကန်အနီး နေအိမ် ထိမှန်၍ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားသဖြင့် ဆေးရုံသို့ တင်ပို့ ကုသနေရကြောင်းမြို့ခံ တဦးက ဆိုသည်။

“တောင်ရေကန်ကြီးနားကအိမ် ထိတာ။ စစ်ပွဲ စတော့မလား မသိဘူး။ သျှမ်းတပ် ရှိနေတော့ စစ်ပွဲ မဖြစ်ဘူးလို့တော့ ထင်တာပဲ။ ရှောင်ပြေးတာမျိုးတော့ မရှိသေးပါဘူး။ ဓာတ်ဆီတော့ ဝယ်ထားရတာပေါ့” ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

နမ့်လန်မြို့ MNDAA ရှော့တိုက်မိုင်းကြောင့် ကလေးထိခိုက်

ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ကာလတွင် သျှမ်းတောင်သို့ စစ်မီးကူးစက်မည်ကို စိုးရိမ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် သျှမ်းတပ် SSPP က နမ့်လန်မြို့တွင်း ဝင်ရောက်နေရာယူထားသည်။

ယင်းသို့ SSPP က ဝင်ရောက်နေရာယူထားသော်လည်း စစ်ကောင်စီတပ်က လားရှိုးမြို့ ထိုးစစ် အတွက် နမ့်လန်ကို အခြေပြု၍ စစ်အင်အား ဖြည့်တင်းနေသဖြင့် လက်ရှိ စစ်ရေးတင်းမာနေရာက ကိုးကန့်တပ်က ယခုကဲ့သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလ ဩဂုတ်လ ၁၆ ရက်နေ့ကလည်း နမ့်လန်မြို့ကို လက်နက်ကြီး ကျရောက်ရာ နေအိမ်ထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး ဖုန်းလိုင်းများ ြပတ်တောက်ခဲ့ကြောင်း၊ လက်ရှိ ဖုန်းလိုင်းများ ပြတ်တောက်မှု မရှိသော်လည်း စစ်ဖြစ်မည်ကို စိုးရိမ်ကြောင်း မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရမှု ထိခိုက်သေဆုံးမှုရှိ

0
စစ်ကော်မရှင် ကျင်းပနေသည့် အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်လိုက်သည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) နံနက်...

သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” ပြီးဆုံးပြီလား။

0
အာဏာသိမ်းစစ်အုပ်စုကို နယ်မြေအများအပြား ဆုံးရှုံးစေခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည်  လက်ရှိတွင် အဖွဲ့ဝင်အချို့ စစ်ကော်မရှင် နှင့် အပစ်အခတ်ရပ်စဲကြပြီ ဖြစ်သည်။ အဆိုပါ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို စစ်အုပ်စုထံ...

နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား

0
သျှမ်းပြည် မြောက်ပိုင်း နမ့်လန် - ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။ “နမ့်လန်...

အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်နေသည့် စစ်တပ်

0
သျှမ်းပြည် တောင်ပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်ပေးသကဲ့သို့ တိုင်းရင်းသား အချင်းချင်းအထင်မှားပြီး ရန်ပွားအောင် သွေးခွဲရန်တိုက်ပေးနေခြင်း ဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင် ဆန္ဒပြရန် သျှမ်းပြည်...

သျှမ်းမြောက် ပဋိပက္ခ ရှုပ်ထွေးသည့်ကြားက မှတ်ပုံတင်အရေး

0
“၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် ၎င်းတို့ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကဒ် ခေါ် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အသစ်များမှာ ဒေသတွင်း ပဋိပက္ခကို ပိုကြီးထွားလာစေကြောင်း သျှမ်းပြည်မြောက်ပိုင်းတွင် နေထိုင်သူများက ပြောဆိုလိုက်သည်။ လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...