နမ့်လန် – သီပေါ လမ်းပိုင်း စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်ပိတ်

သျှမ်ပြည် နမ့်လန်- သီပေါ လမ်းပိုင်းကို စစ်ကောင်စီက စစ်ရေးအခြေအနေကြောင့် ဖြတ်သန်းသွား လာခွင့် ပိတ်ထားကြောင်း သိရသည်။

နမ့်လန် – သီပေါလမ်းပိုင်းရှိ နားမခေါ်ကျေးရွာ အနီးတွင် စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီမှ ပြီးခဲ့သည့် (စက်တင်လာလ ၉ ရက်) မှစတင်ပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နားမခေါ်ရွာ အနီးအနားမှာ စစ်ကောင်စီကော ကိုးကန့်ကောရှိတယ်။အခုက စစ်ကောင်စီက လုံးဝကို ပိတ်ထားတာ လုံးဝပေးမဖြတ်ဘူး။ဒီ တနင်္လာနေ့ (စက်တင်ဘာ ၉)ရက်က စပြီး ပိတ်တာ။စစ်ရေးတင်းမာ နေလို့ သူတို့ပေးမဖြတ်တာ လို့ပဲ သူတို့ပြောတယ်။”ဟု အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို စစ်ကောင်စီမှ နားမခေါ်ကျေးရွာ တွင်လမ်း ပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် အရေးပေါ်သွားလာရန် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း အသက် ၄၀ ဝန်းကျင်ဒေသခံ အမျိုးသမီးတစ်ဦး ကဆက်ဆိုသည်။

“အရေးပေါ်ကိစ္စတခုခုရှိရင်တော့ ဒုက္ခရောက်ပြီပဲ။ ဆေးဝါးတွေလည်းပေးမသယ်ဘူး။ အရေးအကြောင်း ဆိုဘာမှလုပ်မရဘူး။ ဆေးရုံမှာလည်း ဆရာဝန် တွေမရှိ တော့ စိတ်ပူရတယ်။အရေးပေါ် တွေအတွက်ပဲ စိုးရိမ်ရတယ်။”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (စက်တင်ဘာလ ၅ ရက်) တွင် နမ့်လန်မြို့ အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၆) တပ်မှ သီပေါမြို့နယ် ကျောင်းပြိန်းရွာသို့ လက်နက်ကြီးပတ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများလည်း သီပေါမြို့ဘက်သို့ ဦးတည်၍ မကြာခဏ တစ်ဖတ်သတ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နမ့်လန် – ကျောက်ဂူလမ်းရှိ လက်နက်ကိုင်ပေါင်းစုံ ငွေကြေးတောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွားလာသည့် လမ်းဖြစ်သည် နမ့်လန်-ကျောက်ဂူလမ်းတွင် လက်နက်ကိုင်ပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ နမ့်လန် - ကျောက်ဂူ လမ်းပိုင်းရှိ နောင်ဝိုးကျေးရွာ အနီးရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ၏ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင်များအပြင် ခရီးသည်များ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...