နမ့်လန် – ရပ်စောက်လမ်း စစ်ကော်မရှင်တပ်က ယာယီပိတ်ထား

သျှမ်းပြည် မြောက်ပိုင်း နမ့်လန် – ရပ်စောက် သွားသည့် ပြည်ထောင်စုလမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်ထားကြောင်းသတင်းရရှိသည်။

ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) မနက်ပိုင်းမှစပြီး နမ့်လန်မြို့ မှ ရပ်စောက်သွားသည့်လမ်းပိုင်းကို စစ်ကော်မရှင်တပ်က လမ်းများကို ယာယီပိတ်လိုက်ကြောင်း နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်သံတော်ဆင့်ကို ပြောသည်။

“နမ့်လန် – ကျောက်ဂူ လမ်းကတော့ ဒီနေ့ ပိတ်လိုက်ပြီ။ သွားလာလို့ မရဘူး။လိုင်းကားတွေ ကုန်တင်ကားတွေကတော့ အဝင်အထွက်အသွားအလာကိုမရတော့ဘူး။ ကွင်းလမ်းတွေက အစမရတော့ဘူး။ တောင်ယာသွားဖို့တောင် မနည်းပြော ယူရတယ်။” ဟု နမ့်လန်မြို့ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

မိုင်းရယ် – သီပေါ သွားသည့် ပြည်ထောင်စုလမ်ကြီးကိုလည်း စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်တွင်စပြီး ယာယီ ပိတ်လိုက်ခဲ့ကြောင်း သိရသည်။

“နမ့်လန်မှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ရဲ့ တံတားပေါ်မှာ သဲအိတ်တွေနဲ့ လမ်းမတွေမှာ ချထားတာ။ အသေအချာကြီး ကိုချထားတယ်။ သီပေါမြို့က တံတားမှာကောပဲ သဲအိတ်တွေ နဲ့။ခုက သွားလာဖို့ လမ်းတွေ အကုန်ကိုပိတ်ထားတာ။”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် သီပေါမြို့ အဝင်အထွက် တံတား ၊ နမ့်လန် – ရပ်စောက် ၊ ရပ်စောက် – နောင်ချိုသွားသည့် လမ်းများကို စစ်ကော်မရှင်တပ်က လမ်းများလည်း ပိတ်ထားကြောင်း ထိုလမ်းများပိတ်ဆိုင်းလိုက်ခြင်းကြောင့်် တိုက်ပွဲများပြန်ဖြစ်မှာကို လည်း ဒေသခံများစိုးရိမ်နေကြသည်။​

“ အချို့ကလည်း တိုက်ပွဲပြန်ဖြစ်လာမှာလားပေါ့။ သေချာတာကတော့ကုန်စျေးနှုန်းတော့ ဆက်တက်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်တွင် နမ့်လန် – ရပ်စောက် ပြည်ထောင်စုလမ်းမတကြောတွင် တရုတ်နိုင်ငံ ကုန်ပစ္စည်းတင်ဆောလာသည့် ကုန်တင်ကားငယ်များကို စစ်ကော်မရှင်တပ်က စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးပြီး ဗထူးတပ်အတွင်းသို့ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ထိုဗထူးတပ်တွင် ထိန်းသိမ်းထားသည့် ကုန်တင်ကားငယ်များကို ယမန့် (နိုဝင်ဘာလ ၁၇ ရက်) တွင် ရပ်စောက်ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

နမ့်လန် – ကျောက်ဂူလမ်းရှိ လက်နက်ကိုင်ပေါင်းစုံ ငွေကြေးတောင်းခံနေ

0
သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ချိတ်ဆက်သွားလာသည့် လမ်းဖြစ်သည် နမ့်လန်-ကျောက်ဂူလမ်းတွင် လက်နက်ကိုင်ပေါင်းစုံ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ နမ့်လန် - ကျောက်ဂူ လမ်းပိုင်းရှိ နောင်ဝိုးကျေးရွာ အနီးရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် ယာဉ်များ၏ ကားလိုင်စင်၊ ယာဉ်မောင်း လိုင်စင်များအပြင် ခရီးသည်များ၏...