နမ့်စန်မြို့ စက်သုံးဆီဆိုင်ကြီးအချို့ပိတ်၊အကန့်သတ်ဖြင့်ရောင်း

သျှမ်းပြည် နမ့်စန်မြို့တွင် စက်သုံဆီဆိုင်များ အချိန်ကန့်သတ်ဖြင့် ဖွင့်နေပြီး အချို့ဆိုင်များလည်း ပိတ်ထားရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ပတ်မှစတင်ပြီး နမ့်စန်မြို့တွင် စက်သုံးဆီများကို တန်းစီ၍ဝယ်ယူနေရပြီး အကန့်သတ် ဖြင့် ရောင်းချနေသည့်အပြင် အချို့ စက်သုံးဆီဆိုင်များလည်း ပိတ်ထားရကြောင်း နမ့်စန်မြို့ ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“နမ့်စန်မှာလည်းလည်း ဆီသွားဝယ်ရင် တန်းစီနေရတယ်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့သွားပြီး တန်းစီနေရတယ်။ အကန့်အသတ်နဲ့ပဲရောင်းတော့တယ်။ ၃ သောင်းက ၅ သောင်းထိပဲရတယ်။ ဆိုင်တိုင်းလိုလိုပဲ မနက်ပိုင်းဖွင့်တာ။ ပိတ်ထားတာတွေလည်းရှိတယ်။”ဟု နမ့်စန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ့်စန် စက်သုံးဆီရဖို့အရေး တန်းစီနေသည့်ပုံ

ထို စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေသည့်အတွက် ခြံအလုပ်လုပ်ရသော လုပ်ငန်းများ အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း နမ့်စန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စက်သုံးဆီကလည်းဈေးတက်တော့ ကားတွေလည်း သိပ်မသုံးဖြစ်တော့ဘူး။ ဘယ်သူမှလည်း ကားသိပ်မသုံး ကြတော့ဘူး။ စက်သုံးဆီတွေ အဲ့လိုဖြစ်နေတော့ လယ်သမားတွေအတွက် ခြံအလုပ်လုပ်တဲ့ လူတွေအတွက်က တော့ အခက်အခဲတွေ ဖြစ်လာတာပေ့ါ။ အကန့်သတ်နဲ့လည်းရောင်နေတော့ ပိုခက်သွားတယ်။”ဟု ၎င်းကဆက်ပြောသည်။

နိုင်ငံခြား ငွေလဲလှယ်နှုန်းကြောင့် စက်သုံးဆီရောင်းချရန် သိုလှောင်ထားသည့် ဆီများ မရှိသည့်အတွက် ဆိုင်အများအပြား ပိတ်ထားရကြောင်း၊ စက်သုံးဆီ သိုလှောင်ပြီး ရောင်းချနေသည့် ဆိုင်များလည်း အဆမတန် စျေးနှုန်းမြှင့်ကာ ရောင်းချနေမှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...