သျှမ်းပြည် နမ့်စန်မြို့တွင် စက်သုံဆီဆိုင်များ အချိန်ကန့်သတ်ဖြင့် ဖွင့်နေပြီး အချို့ဆိုင်များလည်း ပိတ်ထားရကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁ ပတ်မှစတင်ပြီး နမ့်စန်မြို့တွင် စက်သုံးဆီများကို တန်းစီ၍ဝယ်ယူနေရပြီး အကန့်သတ် ဖြင့် ရောင်းချနေသည့်အပြင် အချို့ စက်သုံးဆီဆိုင်များလည်း ပိတ်ထားရကြောင်း နမ့်စန်မြို့ ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။
“နမ့်စန်မှာလည်းလည်း ဆီသွားဝယ်ရင် တန်းစီနေရတယ်။ ကားတွေ၊ ဆိုင်ကယ်တွေနဲ့သွားပြီး တန်းစီနေရတယ်။ အကန့်အသတ်နဲ့ပဲရောင်းတော့တယ်။ ၃ သောင်းက ၅ သောင်းထိပဲရတယ်။ ဆိုင်တိုင်းလိုလိုပဲ မနက်ပိုင်းဖွင့်တာ။ ပိတ်ထားတာတွေလည်းရှိတယ်။”ဟု နမ့်စန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချပေးနေသည့်အတွက် ခြံအလုပ်လုပ်ရသော လုပ်ငန်းများ အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း နမ့်စန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စက်သုံးဆီကလည်းဈေးတက်တော့ ကားတွေလည်း သိပ်မသုံးဖြစ်တော့ဘူး။ ဘယ်သူမှလည်း ကားသိပ်မသုံး ကြတော့ဘူး။ စက်သုံးဆီတွေ အဲ့လိုဖြစ်နေတော့ လယ်သမားတွေအတွက် ခြံအလုပ်လုပ်တဲ့ လူတွေအတွက်က တော့ အခက်အခဲတွေ ဖြစ်လာတာပေ့ါ။ အကန့်သတ်နဲ့လည်းရောင်နေတော့ ပိုခက်သွားတယ်။”ဟု ၎င်းကဆက်ပြောသည်။
နိုင်ငံခြား ငွေလဲလှယ်နှုန်းကြောင့် စက်သုံးဆီရောင်းချရန် သိုလှောင်ထားသည့် ဆီများ မရှိသည့်အတွက် ဆိုင်အများအပြား ပိတ်ထားရကြောင်း၊ စက်သုံးဆီ သိုလှောင်ပြီး ရောင်းချနေသည့် ဆိုင်များလည်း အဆမတန် စျေးနှုန်းမြှင့်ကာ ရောင်းချနေမှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း သိရသည်။












Leave a Comments